ရုရှားနိုင်ငံ၌ ဒုတိယကမ္ဘာစစ်အတွင်း နာဇီဂျာမနီကို အောင်ပွဲခံခဲ့သည့် (၇၇) နှစ်မြောက် ဒုတိယကမ္ဘာစစ် အောင်ပွဲနေ့အခမ်းအနားကို ယနေ့ (မေ ၉ ရက်)တွင် စစ်ရေးပြအခမ်းအနားများဖြင့် ဂုဏ်ပြုကျင်းပပြုခဲ့သည်ဟု သိရသည်။

အဆိုပါ စစ်ရေးပြချီတက်ပွဲအခမ်းအနားကို ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် Sakhalin ၏ အဓိကမြို Yuzhno- Sakhalinsk မြိုလယ်ရှိ ရင်ပြင်နီ၌ ကျင်းပခဲ့ခြင်းဖြစ်သည်။

အဆိုပါ အခမ်းအနားတွင် နောက်ဆုံးပေါ် S-400 မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်စနစ်အပါအဝင် မြေပြင်မှ သင်္ဘော Bastion ဒုံးကျည်စနစ်ကို ပထမဆုံးအကြိမ် ပြသခဲ့သည်။

ဗလာဒီဗော့စတော့မြိုရှိ အခြားချီတက်ပွဲတစ်ခုတွင်လည်း ယူကရိန်းကို တိုက်ခိုက်နေသော ရုရှားစစ်ဆင်ရေးအတွက် အထောက်အကူဖြစ်စေသည့် သင်္ကေတ “Z” ဟူသော အလံများကို လူအများက ဝှေ့ယမ်းခဲ့ကြသည်ဟု ဆိုသည်။

၂၀၁၄ ခုနှစ်ကတည်းက ရုရှားသိမ်းပိုက်ထားသည့် ခရိုင်းမီးယားအပါအဝင် မြိုပေါင်း ၂၈ မြိုတိုတွင် အလားတူ စစ်ရေးပြချီတက်ပွဲများ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ ပြောကြားမှုအရ သိရသည်။
#mhtnews

(Zawgyi)
“ရုရှားနိုင်ငံမှာ (၇၇)နှစ်မြောက် ဒုတိယကမ္ဘာစစ်အောင်ပွဲနေ့ကို စစ်ရေးပြအခမ်းအနားများဖြင့် ဂုဏ်ပြုကျင်းပ”


အဆိုပါ စစ်ရေးပြချီတက်ပွဲအခမ်းအနားကို ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် Sakhalin ၏ အဓိကမြို့ Yuzhno- Sakhalinsk မြို့လယ်ရှိ ရင်ပြင်နီ၌ ကျင်းပခဲ့ခြင်းဖြစ်သည်။


ဗလာဒီဗော့စတော့မြို့ရှိ အခြားချီတက်ပွဲတစ်ခုတွင်လည်း ယူကရိန်းကို တိုက်ခိုက်နေသော ရုရှားစစ်ဆင်ရေးအတွက် အထောက်အကူဖြစ်စေသည့် သင်္ကေတ “Z” ဟူသော အလံများကို လူအများက ဝှေ့ယမ်းခဲ့ကြသည်ဟု ဆိုသည်။

၂၀၁၄ ခုနှစ်ကတည်းက ရုရှားသိမ်းပိုက်ထားသည့် ခရိုင်းမီးယားအပါအဝင် မြို့ပေါင်း ၂၈ မြို့တို့တွင် အလားတူ စစ်ရေးပြချီတက်ပွဲများ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ ပြောကြားမှုအရ သိရသည်။
#mhtnews