ရုရှားနိုင်ငံအနေဖြင့် ယူကရိန်းရှိ အမေရိကန်စစ်တပ်၏ ဇီဝဓာတ်ခွဲခန်းဆိုင်ရာ စုံစမ်းစစ်ဆေးမှုအတွင်း အမေရိကန်အဆင့်မြင့်အရာရှိများနှင့် ကုမ္ပဏီလုပ်ငန်းတာဝန်ရှိသူများပါဝင်ဆောင်ရွက်ရန် တောင်းဆိုထားကြောင်း ရုရှားအရာရှိတစ်ဦးက ဧပြီ ၃၀ ရက်တွင် ပြောကြားခဲ့ကြောင်း နိုင်ငံတကာသတင်းဖော်ပြမှုများအရ သိရသည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ နျူကလီးယားမပြန့်ပွားရေးနှင့် လက်နက်ထိန်းချုပ်ရေးအေဂျင်စီ အကြီးအကဲ Vladimir Yermakov က ရုရှားလွှတ်တော်မှလုပ်ဆောင်နေသည့် ယူကရိန်းရှိ အမေရိကန်၏ “ဇီဝဗေဒဆိုင်ရာ စစ်ရေးလှုပ်ရှားမှု” စုံစမ်းစစ်ဆေးရေးတွင် ပူးပေါင်းလုပ်ဆောင်မှုအတွက် သက်ဆိုင်ရာအမေရိကန်အရာရှိများအား ဖိတ်ခေါ်ရန် စီစဉ်လျက်ရှိကြောင်းနှင့် အမေရိကန်ဒုလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Victoria Nuland အား “မျက်မြင်သက်သေ”အဖြစ် စစ်ဆေးမှုတွင်ပါဝင်ရန်အတွက် အထူးတောင်းဆိုရန် စီစဉ်ထားကြောင်း ၎င်းက TASS သတင်းဌာနသို့ ပြောကြားခဲ့သည်။

ရုရှားလွတ်တော်က ယူကရိန်းရှိ အမေရိကန် ဇီဝဓာတ်ခွဲခန်းလှုပ်ရှားမှုဆိုင်ရာ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို မတ် ၃၁ ရက်တွင် ပထမဆုံးအကြိမ် အစည်းအဝေးခေါ်ယူခဲ့ပြီး ရုရှားစစ်တပ်က ထိုနေ့တွင် ယူကရိန်းရှိ ဇီဝဗေဒဆိုင်ရာ စစ်ရေးလှုပ်ရှားမှု အစီအစဉ်တွင် ပါဝင်သည့် သက်ဆိုင်ရာအမေရိကန်ဝန်ထမ်းအရာရှိများ အမည်စားရင်းကို ကြေညာခဲ့ကြောင်း သိရသည်။

ရုရှားမှ ရရှိသည့်စာရွက်စာတမ်းများအရ အမေရိကန်နှင့် ၎င်း၏နေတိုးမဟာမိတ်အဖွဲ့က ယူကရိန်းတွင် ဇီဝဗေဒဆိုင်ရာ စစ်ရေးလှုပ်ရှားမှုများလုပ်ဆောင်ပြီး ရုရှားမှ အထူးစစ်ဆင်ရေးစတင်ခဲ့သည့် ဧပြီ ၂၄ ရက်တွင် ယူကရိန်းဇီဝဓာတ်ခွဲခန်းရှိ သေစေနိုင်သော ရောဂါပိုးများကို အရေးပေါ်ဖျက်ဆီးခဲ့ကြောင်း ရုရှားကပြောကြားခဲ့သည်။

Nuland က မတ်လဆန်းပိုင်းတွင် အမေရိကန်လွှတ်တော်အစည်းအဝေးတစ်ရပ်၌ “ယူကရိန်းတွင်ဇီဝဗေဒ သုတေသနဆိုင်ရာ အဆောက်အအုံ ရှိကြောင်း” နှင့် “ထိုသုတေသန စာရွက်စာတမ်းများကို ရုရှားစစ်တပ်လက်သို့ မရောက်ရန်” အမေရိကန်နှင့် ယူကရိန်းက ပူးပေါင်းတိုင်ပင်ခဲ့ကြောင်း ဝန်ခံပြောကြားခဲ့သည်ဟုဆိုသည်။

အမေရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနသည် အမျိုးမျိုးသော အမည်ဖြစ် ကမ္ဘာ့နိုင်ပေါင်း ၃၀ ရှိ ဇီဝဓာတ်ခွဲခန်းပေါင်း ၃၃၆ ခုကို ထိန်းချုပ်ဆောင်ရွက်လျက်ရှိရာ ကမ္ဘာပေါ်တွင် ဇီဝဗေဒဆိုင်ရာစစ်ရေးလှုပ်ရှားမှု အများဆုံးနိုင်ငံဖြစ်ပြီး စစ်ပွဲအများအပြားတွင် ဇီဝလက်နက်နှင့် ဓာတုလက်နက်များကို အသုံးပြုခဲ့သည့် တစ်ခုတည်းသောနိုင်ငံ ဖြစ်ကြောင်း သိရသည်။

အမေရိကန်သည် ဇီဝလက်နက်တားမြစ်ခြင်းကွန်ဗင်းရှင်း (BWC )တွင် ပါဝင်ထားသော်လည်း ၎င်းသည် နိုင်ငံစုံစိစစ်ရေး ယန္တရား ထူထောင်ခြင်းကို နှစ် ၂၀ တိုင်တိုင် ဆန့်ကျင်ခဲ့ကြောင်း သိရသည်။

#mhtnews

(Zawgyi)

“႐ုရွားက ယူကရိန္းရွိ ဇီဝေဗဒဆိုင္ရာ စစ္ေရးလႈပ္ရွားမႈကို စုံစမ္းစစ္ေဆးရန္ မ်က္ျမင္သက္ေသအျဖစ္ အေမရိကန္အဆင့္ျမင့္အရာရွိမ်ားကို ဖိတ္ေခၚဖို႔ စီစဥ္ထား”

႐ုရွားနိုင္ငံအေနျဖင့္ ယူကရိန္းရွိ အေမရိကန္စစ္တပ္၏ ဇီဝဓာတ္ခြဲခန္းဆိုင္ရာ စုံစမ္းစစ္ေဆးမႈအတြင္း အေမရိကန္အဆင့္ျမင့္အရာရွိမ်ားႏွင့္ ကုမၸဏီလုပ္ငန္းတာဝန္ရွိသူမ်ားပါဝင္ေဆာင္႐ြက္ရန္ ေတာင္းဆိုထားေၾကာင္း ႐ုရွားအရာရွိတစ္ဦးက ဧၿပီ ၃၀ ရက္တြင္ ေျပာၾကားခဲ့ေၾကာင္း နိုင္ငံတကာသတင္းေဖာ္ျပမႈမ်ားအရ သိရသည္။

႐ုရွားနိုင္ငံျခားေရးဝန္ႀကီးဌာန၏ န်ဴကလီးယားမျပန႔္ပြားေရးႏွင့္ လက္နက္ထိန္းခ်ဳပ္ေရးေအဂ်င္စီ အႀကီးအကဲ Vladimir Yermakov က ႐ုရွားလႊတ္ေတာ္မွလုပ္ေဆာင္ေနသည့္ ယူကရိန္းရွိ အေမရိကန္၏ ဇီဝေဗဒဆိုင္ရာ စစ္ေရးလႈပ္ရွားမႈ စုံစမ္းစစ္ေဆးေရးတြင္ ပူးေပါင္းလုပ္ေဆာင္မႈအတြက္ သက္ဆိုင္ရာအေမရိကန္အရာရွိမ်ားအား ဖိတ္ေခၚရန္ စီစဥ္လ်က္ရွိေၾကာင္းႏွင့္ အေမရိကန္ဒုလက္ေထာက္နိုင္ငံျခားေရးဝန္ႀကီး Victoria Nuland အား မ်က္ျမင္သက္ေသအျဖစ္ စစ္ေဆးမႈတြင္ပါဝင္ရန္အတြက္ အထူးေတာင္းဆိုရန္ စီစဥ္ထားေၾကာင္း ၎က TASS သတင္းဌာနသို႔ ေျပာၾကားခဲ့သည္။

႐ုရွားလြတ္ေတာ္က ယူကရိန္းရွိ အေမရိကန္ ဇီဝဓာတ္ခြဲခန္းလႈပ္ရွားမႈဆိုင္ရာ စုံစမ္းစစ္ေဆးေရးေကာ္မရွင္ကို မတ္ ၃၁ ရက္တြင္ ပထမဆုံးအႀကိမ္ အစည္းအေဝးေခၚယူခဲ့ၿပီး ႐ုရွားစစ္တပ္က ထိုေန႕တြင္ ယူကရိန္းရွိ ဇီဝေဗဒဆိုင္ရာ စစ္ေရးလႈပ္ရွားမႈ အစီအစဥ္တြင္ ပါဝင္သည့္ သက္ဆိုင္ရာအေမရိကန္ဝန္ထမ္းအရာရွိမ်ား အမည္စားရင္းကို ေၾကညာခဲ့ေၾကာင္း သိရသည္။

႐ုရွားမွ ရရွိသည့္စာ႐ြက္စာတမ္းမ်ားအရ အေမရိကန္ႏွင့္ ၎၏ေနတိုးမဟာမိတ္အဖြဲ႕က ယူကရိန္းတြင္ ဇီဝေဗဒဆိုင္ရာ စစ္ေရးလႈပ္ရွားမႈမ်ားလုပ္ေဆာင္ၿပီး ႐ုရွားမွ အထူးစစ္ဆင္ေရးစတင္ခဲ့သည့္ ဧၿပီ ၂၄ ရက္တြင္ ယူကရိန္းဇီဝဓာတ္ခြဲခန္းရွိ ေသေစနိုင္ေသာ ေရာဂါပိုးမ်ားကို အေရးေပၚဖ်က္ဆီးခဲ့ေၾကာင္း ႐ုရွားကေျပာၾကားခဲ့သည္။

Nuland က မတ္လဆန္းပိုင္းတြင္ အေမရိကန္လႊတ္ေတာ္အစည္းအေဝးတစ္ရပ္၌ ယူကရိန္းတြင္ဇီဝေဗဒ သုေတသနဆိုင္ရာ အေဆာက္အအုံ ရွိေၾကာင္း ႏွင့္ ထိုသုေတသန စာ႐ြက္စာတမ္းမ်ားကို ႐ုရွားစစ္တပ္လက္သို႔ မေရာက္ရန္ အေမရိကန္ႏွင့္ ယူကရိန္းက ပူးေပါင္းတိုင္ပင္ခဲ့ေၾကာင္း ဝန္ခံေျပာၾကားခဲ့သည္ဟုဆိုသည္။

အေမရိကန္နိုင္ငံ ကာကြယ္ေရးဝန္ႀကီးဌာနသည္ အမ်ိဳးမ်ိဳးေသာ အမည္ျဖစ္ ကမၻာ့နိုင္ေပါင္း ၃၀ ရွိ ဇီဝဓာတ္ခြဲခန္းေပါင္း ၃၃၆ ခုကို ထိန္းခ်ဳပ္ေဆာင္႐ြက္လ်က္ရွိရာ ကမၻာေပၚတြင္ ဇီဝေဗဒဆိုင္ရာစစ္ေရးလႈပ္ရွားမႈ အမ်ားဆုံးနိုင္ငံျဖစ္ၿပီး စစ္ပြဲအမ်ားအျပားတြင္ ဇီဝလက္နက္ႏွင့္ ဓာတုလက္နက္မ်ားကို အသုံးျပဳခဲ့သည့္ တစ္ခုတည္းေသာနိုင္ငံ ျဖစ္ေၾကာင္း သိရသည္။

အေမရိကန္သည္ ဇီဝလက္နက္တားျမစ္ျခင္းကြန္ဗင္းရွင္း (BWC )တြင္ ပါဝင္ထားေသာ္လည္း ၎သည္ နိုင္ငံစုံစိစစ္ေရး ယႏၱရား ထူေထာင္ျခင္းကို ႏွစ္ ၂၀ တိုင္တိုင္ ဆန႔္က်င္ခဲ့ေၾကာင္း သိရသည္။

#mhtnews