ရုပ်သံလွှင့်ကုမ္ပဏီများအနေဖြင့် နိုင်ငံတော်တည်ငြိမ်ရေးနှင့် လုံခြုံရေးကို ထိခိုက်စေနိုင်သော ထုတ်လွှင့်မှုများ မပြုလုပ်မိစေရန် ဂရုပြုဆောင်ရွက်ဖို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်က ပြောကြားလိုက်ကြောင်း သိရသည်။

ယမန်နေ့ နံနက်ပိုင်းက နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးရုံးမှတစ်ဆင့် အွန်လိုင်းစနစ်ဖြင့်ပြုလုပ်သည့် ရုပ်မြင်သံကြားနှင့် အသံလွှင့်လုပ်ငန်းများ ကြီးကြပ်မှုအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၃/၂၀၂၂)၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

ဒုတိယဝန်ကြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် ရုပ်သံလွှင့်ကုမ္ပဏီများအနေဖြင့် နိုင်ငံတော်တည်ငြိမ်ရေးနှင့် လုံခြုံရေးကို ထိခိုက်စေနိုင်သော ထုတ်လွှင့်မှုများ မပြုလုပ်မိစေရန် ဂရုပြုဆောင်ရွက်ရေး၊ လုပ်ငန်းများဆောင်ရွက်ရာတွင် တည်ဆဲဥပဒေများ၊ ဌာနနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်မှု စာချုပ်ပါအချက်များ၊ မီဒီယာကျင့်ဝတ်များနှင့်အညီ လိုက်နာဆောင်ရွက်ရေး၊ နိုင်ငံတော်က ဖော်ဆောင်လျက်ရှိသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အပါအဝင် နိုင်ငံနှင့်ပြည်သူအတွက် အကျိုးရှိမည့် သတင်းအချက်အလက်နှင့် အစီအစဉ်များ ထည့်သွင်းထုတ်လွှင့်ရေး၊ သတင်းတု၊ သတင်းမှားများ ချေဖျက်နိုင်မည့် သတင်းမှန်များ အချိန်နှင့်တစ်ပြေးညီ ထုတ်လွှင့်နိုင်ရေး၊ ဝန်ထမ်းများနှင့် စက်ပစ္စည်းများ လုံခြုံရေးဆိုင်ရာများကို ဆွေးနွေးခဲ့သည်။

ရုပ်မြင်သံကြားနှင့် အသံလွှင့်လုပ်ငန်းများ ကြီးကြပ်မှုအဖွဲ့ကို ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ဦးဆောင်၍ ပြန်ကြားရေးဝန်ကြီးဌာနနှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ တာဝန်ရှိသူများ၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသော ရုပ်သံလွှင့်ကုမ္ပဏီများမှ တာဝန်ရှိသူများ စုစုပေါင်း ၂၁ ဦးဖြင့် ဖွဲ့စည်းထားရှိပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးများကို လစဉ်ပြုလုပ်၍ ရုပ်သံထုတ်လွှင့်ခြင်းလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

#mhtnews

(Zawgyi)

“႐ုပ္သံလႊင့္ကုမၸဏီမ်ားအေနျဖင့္ နိုင္ငံေတာ္တည္ၿငိမ္ေရးႏွင့္ လုံၿခဳံေရးကိုထိခိုက္ေစနိုင္ေသာထုတ္လႊင့္မႈမ်ား မျပဳလုပ္မိေစရန္ ျပန္ၾကားေရးဒုဝန္ႀကီး ေျပာၾကား”

႐ုပ္သံလႊင့္ကုမၸဏီမ်ားအေနျဖင့္ နိုင္ငံေတာ္တည္ၿငိမ္ေရးႏွင့္ လုံၿခဳံေရးကို ထိခိုက္ေစနိုင္ေသာ ထုတ္လႊင့္မႈမ်ား မျပဳလုပ္မိေစရန္ ဂ႐ုျပဳေဆာင္႐ြက္ဖို႔ ျပန္ၾကားေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးရဲတင့္က ေျပာၾကားလိုက္ေၾကာင္း သိရသည္။

ယမန္ေန႕ နံနက္ပိုင္းက ေနျပည္ေတာ္ရွိ ျပန္ၾကားေရးဝန္ႀကီး႐ုံးမွတစ္ဆင့္ အြန္လိုင္းစနစ္ျဖင့္ျပဳလုပ္သည့္ ႐ုပ္ျမင္သံၾကားႏွင့္ အသံလႊင့္လုပ္ငန္းမ်ား ႀကီးၾကပ္မႈအဖြဲ႕ အစည္းအေဝး အမွတ္စဥ္ (၃/၂၀၂၂)၌ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

ဒုတိယဝန္ႀကီး ျမန္မာ့အသံႏွင့္ ႐ုပ္ျမင္သံၾကားႏွင့္ အက်ိဳးတူပူးေပါင္း ေဆာင္႐ြက္လ်က္ရွိသည့္ ႐ုပ္သံလႊင့္ကုမၸဏီမ်ားအေနျဖင့္ နိုင္ငံေတာ္တည္ၿငိမ္ေရးႏွင့္ လုံၿခဳံေရးကို ထိခိုက္ေစနိုင္ေသာ ထုတ္လႊင့္မႈမ်ား မျပဳလုပ္မိေစရန္ ဂ႐ုျပဳေဆာင္႐ြက္ေရး၊ လုပ္ငန္းမ်ားေဆာင္႐ြက္ရာတြင္ တည္ဆဲဥပေဒမ်ား၊ ဌာနႏွင့္ အက်ိဳးတူပူးေပါင္းေဆာင္႐ြက္မႈ စာခ်ဳပ္ပါအခ်က္မ်ား၊ မီဒီယာက်င့္ဝတ္မ်ားႏွင့္အညီ လိုက္နာေဆာင္႐ြက္ေရး၊ နိုင္ငံေတာ္က ေဖာ္ေဆာင္လ်က္ရွိေသာ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ အပါအဝင္ နိုင္ငံႏွင့္ျပည္သူအတြက္ အက်ိဳးရွိမည့္ သတင္းအခ်က္အလက္ႏွင့္ အစီအစဥ္မ်ား ထည့္သြင္းထုတ္လႊင့္ေရး၊ သတင္းတု၊ သတင္းမွားမ်ား ေခ်ဖ်က္နိုင္မည့္ သတင္းမွန္မ်ား အခ်ိန္ႏွင့္တစ္ေျပးညီ ထုတ္လႊင့္နိုင္ေရး၊ ဝန္ထမ္းမ်ားႏွင့္ စက္ပစၥည္းမ်ား လုံၿခဳံေရးဆိုင္ရာမ်ားကို ေဆြးႏြေးခဲ့သည္။

႐ုပ္ျမင္သံၾကားႏွင့္ အသံလႊင့္လုပ္ငန္းမ်ား ႀကီးၾကပ္မႈအဖြဲ႕ကို ျပန္ၾကားေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီးက ဥကၠ႒အျဖစ္ ဦးေဆာင္၍ ျပန္ၾကားေရးဝန္ႀကီးဌာနႏွင့္ ျမန္မာ့အသံႏွင့္ ႐ုပ္ျမင္သံၾကားမွ တာဝန္ရွိသူမ်ား၊ ျမန္မာ့အသံႏွင့္ ႐ုပ္ျမင္သံၾကားႏွင့္ အက်ိဳးတူ ပူးေပါင္းေဆာင္႐ြက္လ်က္ရွိေသာ ႐ုပ္သံလႊင့္ကုမၸဏီမ်ားမွ တာဝန္ရွိသူမ်ား စုစုေပါင္း ၂၁ ဦးျဖင့္ ဖြဲ႕စည္းထားရွိၿပီး လုပ္ငန္းညွိႏွိုင္းအစည္းအေဝးမ်ားကို လစဥ္ျပဳလုပ္၍ ႐ုပ္သံထုတ္လႊင့္ျခင္းလုပ္ငန္းမ်ား အဆင္ေျပေခ်ာေမြ႕ေစေရး စီစဥ္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

#mhtnews