နိုင်ငံတကာ ပုံမှန်လေကြောင်းခရီးစဉ် (Commercial Flight) များအား ဧပြီ ၁၇ ရက် ၀၀:၀၀ နာရီမှ စတင်၍ ပြန်လည်ပြေးဆွဲခွင့်ပြုခဲ့ရာတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် ဝင်ရောက်လာသူ ခရီးသည်များကို ကိုဗစ်-၁၉ ရောဂါပိုး ရှိ/ မရှိ RT-PCR နည်းဖြင့် ဓာတ်ခွဲစစ်ဆေးခဲ့ပြီး ဟိုတယ်တွင် ၂၄ နာရီ အဖြေစောင့်ဆိုင်းခြင်းစနစ်ဖြင့် ဆောင်ရွက်ခဲ့ရာ အဆိုပါခရီးသည်များတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှု နည်းပါးကြောင်း တွေ့ရှိရသည်ဟု သိရသည်။

သို့ဖြစ်၍ နိုင်ငံတကာ ပုံမှန်လေကြောင်းခရီးစဉ် (Commercial Flight) များဖြင့် ဝင်ရောက်လာသူ ခရီးသည်များကို ကိုဗစ်-၁၉ ဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများ နောက်တစ်ဆင့်ထပ်မံ၍ ဖြေလျှော့ပေးခြင်းအနေဖြင့် မြန်မာနိုင်ငံသို့မရောက်ရှိမီ ၇၂ နာရီအတွင်း RT-PCR ဖြင့် စစ်ဆေးထားသော ကိုဗစ်-၁၉ ရောဂါပိုးမရှိကြောင်း ဓာတ်ခွဲစစ်ဆေးချက် အထောက်အထား၊ ကျန်းမာရေးဝန်ကြီးဌာနက အသိအမှတ်ပြုထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံထားမှု မှတ်တမ်းများ၊ ကိုဗစ်-၁၉ အပါအဝင် ကူးစက်ရောဂါ သံသယလက္ခဏာများ မရှိကြောင်း ကြေညာချက် (Health Declaration) မှတ်တမ်းများပါရှိသူ မြန်မာနိုင်ငံသား ခရီးသည်များနှင့် အဆိုပါအထောက်အထားများနှင့် တွဲဖက်၍ မြန်မာ့အာမခံလုပ်ငန်းမှ ဝယ်ယူထားသည့် ကျန်းမာရေးအာမခံပါရှိသူ နိုင်ငံခြားသားများအား လွယ်ကူမြန်ဆန်၍ ကုန်ကျစရိတ် သက်သာစေမည့် COVID-19 Antigen Rapid Diagnostic Test (RDT) နည်းဖြင့် ပြောင်းလဲ၍ ဓာတ်ခွဲစစ်ဆေး ဆောင်ရွက်မှုများကို ဧပြီ ၁ ရက် ၀၀:၀၀ နာရီမှစတင်၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနနှင့် လေဆိပ်ကျန်းမာရေးဌာနခွဲတို့မှ ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိရာ မေ ၁ ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ နိုင်ငံတကာ ပုံမှန်လေကြောင်းခရီးစဉ် (Commercial Flight) ရှစ်ခုဖြင့် ဝင်ရောက်လာသည့် ခရီးသည် ၈၅၀ ရှိ၍ ၎င်းတို့ကို RDT ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးပေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ မရှိကြောင်း သိရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ နိုင်ငံတကာ ပုံမှန်လေကြောင်းခရီးစဉ် (Commercial Flight) များဖြင့် ဝင်ရောက်လာသော ခရီးသည်များအနေဖြင့် ကိုဗစ်-၁၉ စစ်ဆေးခြင်း အပါအဝင် လေဆိပ်ရှိ ဌာနဆိုင်ရာ လုပ်ငန်းများအား ကိုဗစ်-၁၉ ဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းနှင့်အညီ လေဆိပ်တွင် ကြာမြင့်ချိန် ၁ နာရီမှ ၂ နာရီအတွင်း ကုန်ကျစရိတ်သက်သာစွာဖြင့် အဆင်ပြေ‌ချောမွေ့စွာ အပြီးအစီး ဆောင်ရွက်နိုင်ပြီဖြစ်ကာ လေဆိပ်မှ အချိန်တိုအတွင်း မိမိတို့စီစဉ်ထားရှိသည့် ခရီးစဉ်အတိုင်း ဆက်လက်ထွက်ခွာနိုင်ပြီ ဖြစ်သည်။

နိုင်ငံတကာ ပုံမှန်လေကြောင်းခရီးစဉ် (Commercial Flight) များကို ဧပြီ ၁၇ ရက်မှ မေ ၁ ရက်အထိ စတင်ပြေးဆွဲခဲ့ရာ လေကြောင်းခရီးစဉ် ၉၂ ခုဖြင့် ခရီးသည် ၇၅၅၀ ဝင်ရောက်လာ ခဲ့ပြီးဖြစ်သလို နိုင်ငံရပ်ခြားတွင် အခက်အခဲတွေ့နေသူ မြန်မာနိုင်ငံသားများအား မိမိနိုင်ငံသို့ ပြန်လည်သယ်ဆောင် ခေါ်ယူလျက်ရှိသည့် ကယ်ဆယ်ရေးလေယာဉ် (Relief flight) များကို ကိုဗစ်-၁၉ ဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းနှင့်အညီ ခရီးစဉ် လိုအပ်ချက်များပေါ် မူတည်၍ ဆက်လက်ပြေးဆွဲလျက်ရှိကြောင်း သိရသည်။

#mhtnews

(Zawgyi)

“ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္၌ နိုင္ငံတကာပုံမွန္ေလေၾကာင္းခရီးစဥ္ (Commercial Flight) မ်ားျဖင့္ ဝင္ေရာက္လာသူခရီးသည္မ်ားကို RDT ျဖင့္ ကိုဗစ္-၁၉ ေရာဂါပိုး စစ္ေဆးေပးလ်က္ရွိ”

နိုင္ငံတကာ ပုံမွန္ေလေၾကာင္းခရီးစဥ္ (Commercial Flight) မ်ားအား ဧၿပီ ၁၇ ရက္ ၀၀:၀၀ နာရီမွ စတင္၍ ျပန္လည္ေျပးဆြဲခြင့္ျပဳခဲ့ရာတြင္ ရန္ကုန္အျပည္ျပည္ဆိုင္ရာ ေလဆိပ္မွတစ္ဆင့္ ဝင္ေရာက္လာသူ ခရီးသည္မ်ားကို ကိုဗစ္-၁၉ ေရာဂါပိုး ရွိ/ မရွိ RT-PCR နည္းျဖင့္ ဓာတ္ခြဲစစ္ေဆးခဲ့ၿပီး ဟိုတယ္တြင္ ၂၄ နာရီ အေျဖေစာင့္ဆိုင္းျခင္းစနစ္ျဖင့္ ေဆာင္႐ြက္ခဲ့ရာ အဆိုပါခရီးသည္မ်ားတြင္ ကိုဗစ္-၁၉ ေရာဂါပိုးေတြ႕ရွိမႈ နည္းပါးေၾကာင္း ေတြ႕ရွိရသည္ဟု သိရသည္။

သို႔ျဖစ္၍ နိုင္ငံတကာ ပုံမွန္ေလေၾကာင္းခရီးစဥ္ (Commercial Flight) မ်ားျဖင့္ ဝင္ေရာက္လာသူ ခရီးသည္မ်ားကို ကိုဗစ္-၁၉ ဆိုင္ရာ စည္းမ်ဥ္း၊ စည္းကမ္းမ်ား ေနာက္တစ္ဆင့္ထပ္မံ၍ ေျဖေလွ်ာ့ေပးျခင္းအေနျဖင့္ ျမန္မာနိုင္ငံသို႔မေရာက္ရွိမီ ၇၂ နာရီအတြင္း RT-PCR ျဖင့္ စစ္ေဆးထားေသာ ကိုဗစ္-၁၉ ေရာဂါပိုးမရွိေၾကာင္း ဓာတ္ခြဲစစ္ေဆးခ်က္ အေထာက္အထား၊ က်န္းမာေရးဝန္ႀကီးဌာနက အသိအမွတ္ျပဳထားေသာ ကိုဗစ္-၁၉ ေရာဂါကာကြယ္ေဆး အႀကိမ္ျပည့္ ထိုးႏွံထားမႈ မွတ္တမ္းမ်ား၊ ကိုဗစ္-၁၉ အပါအဝင္ ကူးစက္ေရာဂါ သံသယလကၡဏာမ်ား မရွိေၾကာင္း ေၾကညာခ်က္ (Health Declaration) မွတ္တမ္းမ်ားပါရွိသူ ျမန္မာနိုင္ငံသား ခရီးသည္မ်ားႏွင့္ အဆိုပါအေထာက္အထားမ်ားႏွင့္ တြဲဖက္၍ ျမန္မာ့အာမခံလုပ္ငန္းမွ ဝယ္ယူထားသည့္ က်န္းမာေရးအာမခံပါရွိသူ နိုင္ငံျခားသားမ်ားအား လြယ္ကူျမန္ဆန္၍ ကုန္က်စရိတ္ သက္သာေစမည့္ COVID-19 Antigen Rapid Diagnostic Test (RDT) နည္းျဖင့္ ေျပာင္းလဲ၍ ဓာတ္ခြဲစစ္ေဆး ေဆာင္႐ြက္မႈမ်ားကို ဧၿပီ ၁ ရက္ ၀၀:၀၀ နာရီမွစတင္၍ ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္၌ ရန္ကုန္တိုင္းေဒသႀကီး ျပည္သူ႕က်န္းမာေရးႏွင့္ ကုသေရးဦးစီးဌာနႏွင့္ ေလဆိပ္က်န္းမာေရးဌာနခြဲတို႔မွ က်န္းမာေရးဝန္ထမ္းမ်ားက ေဆာင္႐ြက္ေပးလ်က္ရွိရာ ေမ ၁ ရက္က ရန္ကုန္အျပည္ျပည္ဆိုင္ရာ ေလဆိပ္သို႔ နိုင္ငံတကာ ပုံမွန္ေလေၾကာင္းခရီးစဥ္ (Commercial Flight) ရွစ္ခုျဖင့္ ဝင္ေရာက္လာသည့္ ခရီးသည္ ၈၅၀ ရွိ၍ ၎တို႔ကို RDT ျဖင့္ ကိုဗစ္-၁၉ ေရာဂါပိုး ရွိ၊ မရွိ စစ္ေဆးေပးခဲ့ရာ ကိုဗစ္-၁၉ ေရာဂါပိုးေတြ႕ရွိသူ မရွိေၾကာင္း သိရသည္။

ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္သို႔ နိုင္ငံတကာ ပုံမွန္ေလေၾကာင္းခရီးစဥ္ (Commercial Flight) မ်ားျဖင့္ ဝင္ေရာက္လာေသာ ခရီးသည္မ်ားအေနျဖင့္ ကိုဗစ္-၁၉ စစ္ေဆးျခင္း အပါအဝင္ ေလဆိပ္ရွိ ဌာနဆိုင္ရာ လုပ္ငန္းမ်ားအား ကိုဗစ္-၁၉ ဆိုင္ရာ စည္းမ်ဥ္း၊ စည္းကမ္းႏွင့္အညီ ေလဆိပ္တြင္ ၾကာျမင့္ခ်ိန္ ၁ နာရီမွ ၂ နာရီအတြင္း ကုန္က်စရိတ္သက္သာစြာျဖင့္ အဆင္ေျပေခ်ာေမြ႕စြာ အၿပီးအစီး ေဆာင္႐ြက္နိုင္ၿပီျဖစ္ကာ ေလဆိပ္မွ အခ်ိန္တိုအတြင္း မိမိတို႔စီစဥ္ထားရွိသည့္ ခရီးစဥ္အတိုင္း ဆက္လက္ထြက္ခြာနိုင္ၿပီ ျဖစ္သည္။

နိုင္ငံတကာ ပုံမွန္ေလေၾကာင္းခရီးစဥ္ (Commercial Flight) မ်ားကို ဧၿပီ ၁၇ ရက္မွ ေမ ၁ ရက္အထိ စတင္ေျပးဆြဲခဲ့ရာ ေလေၾကာင္းခရီးစဥ္ ၉၂ ခုျဖင့္ ခရီးသည္ ၇၅၅၀ ဝင္ေရာက္လာ ခဲ့ၿပီးျဖစ္သလို နိုင္ငံရပ္ျခားတြင္ အခက္အခဲေတြ႕ေနသူ ျမန္မာနိုင္ငံသားမ်ားအား မိမိနိုင္ငံသို႔ ျပန္လည္သယ္ေဆာင္ ေခၚယူလ်က္ရွိသည့္ ကယ္ဆယ္ေရးေလယာဥ္ (Relief flight) မ်ားကို ကိုဗစ္-၁၉ ဆိုင္ရာ စည္းမ်ဥ္း၊ စည္းကမ္းႏွင့္အညီ ခရီးစဥ္ လိုအပ္ခ်က္မ်ားေပၚ မူတည္၍ ဆက္လက္ေျပးဆြဲလ်က္ရွိေၾကာင္း သိရသည္။

#mhtnews