ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့၌ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုများ များပြားနေပြီး ဇန်နဝါရီ ၁ ရက်မှ မေ ၂၀ ရက်အထိ လေးလကျော်ကာလအတွင်း ရောဂါဖြစ်ပွားသူ ၁,၅၁၆ ဦးနှင့် သေဆုံးသူ ၂ ဦးရှိပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနထံမှ သိရသည်။

နှစ်စဉ်ရောဂါဖြစ်ပွားမှု သုံးသပ်ချက်များအရ ယခုနှစ်သည် ရောဂါဖြစ်ပွားမှု ထူးကဲစွာများပြားသည့် Outbreak အသွင် ဖြစ်ပွားနိုင်ခြေ များပြားကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းက မေ ၂၃ ရက်တွင် ပြုလုပ်သည့် ၂၀၂၂ ခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ထူးကဲစွာအများအပြား (Outbreak) ဖြစ်ပွားမလာစေရေး ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၌ ၂၀၂၁ ခုနှစ်တွင်ရရှိခဲ့သည့် စာရင်းဇယားများအရ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ စုစုပေါင်း ၅,၄၄၆ ဦးရှိပြီး ၃၆ ဦး သေဆုံးခဲ့ကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းနှင့် ကာကွယ်ထိန်းချုပ်ခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် အလေးထားဆောင်ရွက်ရမည်ဖြစ်ရာ ခြင်မှတဆင့် ကူးစက်သောရောဂါဖြစ်သည့်အတွက် ခြင်ပေါက်ပွားမှုမရှိစေရေး ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ခြင်ကျား ပိုးလောက်လမ်းနှင့် သက်ကြီးကောင်ခြင် နှိမ်နင်းခြင်း၊ ကျန်းမာရေးပညာပေးခြင်း၊ ခြင်ကိုက် မခံရအောင် နေထိုင်ခြင်းနှင့် ကျောင်းများတွင် ခြင်ကျားနှင့် ခြင်ကျားပိုးလောက်လမ်း ကင်းစင်ကျောင်းများ ထူထောင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းက ပြောကြားခဲ့သည်။

ထို့အတူ သွေးလွန်တုပ်ကွေးရောဂါ ကျန်းမာရေးအသိပညာပေးရန် လိုအပ်ကြောင်း၊ ကျောင်းဖွင့်ရာသီ ရောက်ရှိသည့်အခါတွင် ကျောင်းအခြေပြု ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများနှင့် ကျောင်းကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်စဉ်တွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ် နှိမ်နင်းရေးလုပ်ငန်းများကိုပါ တစ်ပါတည်းဆောင်ရွက်ရန်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုသည် ကမ္ဘာပေါ်တွင် တစ်နှစ်လျှင် လူဦးရေ သန်း ၃၉၀ ခန့် ကူးစက်ဖြစ်ပွားလျက်ရှိရာ အရှေ့တောင်အာရှဒေသ၌ အင်ဒိုနီးရှား၊ ထိုင်းနှင့် မြန်မာနိုင်ငံတို့သည် ဖြစ်ပွားသူဦးရေ အများဆုံးဖြစ်ကြောင်း သိရသည်။

#mhtnews

👇👇👇

(Zawgyi)

“ရန္ကုန္ၿမိဳ႕အပါအဝင္ တိုင္းေဒသႀကီးႏွင့္ျပည္နယ္ ၃ ခုတို႔၌ ေသြးလြန္တုပ္ေကြးေရာဂါ ျဖစ္ပြားမႈ မ်ားျပားေနၿပီး ၄ လေက်ာ္အတြင္း ျဖစ္ပြားသူ ၁,၅၁၆ ဦးႏွင့္ ေသဆုံးသူ ၂ ဦးရွိ”

ရန္ကုန္တိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီးႏွင့္ မြန္ျပည္နယ္တို႔၌ ေသြးလြန္တုပ္ေကြးေရာဂါျဖစ္ပြားမႈမ်ား မ်ားျပားေနၿပီး ဇန္နဝါရီ ၁ ရက္မွ ေမ ၂၀ ရက္အထိ ေလးလေက်ာ္ကာလအတြင္း ေရာဂါျဖစ္ပြားသူ ၁,၅၁၆ ဦးႏွင့္ ေသဆုံးသူ ၂ ဦးရွိၿပီျဖစ္ေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနထံမွ သိရသည္။

ႏွစ္စဥ္ေရာဂါျဖစ္ပြားမႈ သုံးသပ္ခ်က္မ်ားအရ ယခုႏွစ္သည္ ေရာဂါျဖစ္ပြားမႈ ထူးကဲစြာမ်ားျပားသည့္ Outbreak အသြင္ ျဖစ္ပြားနိုင္ေျခ မ်ားျပားေၾကာင္း က်န္းမာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ပါေမာကၡေဒါက္တာ သက္ခိုင္ဝင္းက ေမ ၂၃ ရက္တြင္ ျပဳလုပ္သည့္ ၂၀၂၂ ခုႏွစ္အတြင္း ေသြးလြန္တုပ္ေကြးေရာဂါ ထူးကဲစြာအမ်ားအျပား (Outbreak) ျဖစ္ပြားမလာေစေရး ညွိႏွိုင္းအစည္းအေဝးတြင္ ေျပာၾကားခဲ့သည္။

ျမန္မာနိုင္ငံ၌ ၂၀၂၁ ခုႏွစ္တြင္ရရွိခဲ့သည့္ စာရင္းဇယားမ်ားအရ ေသြးလြန္တုပ္ေကြးေရာဂါျဖစ္ပြားသူ စုစုေပါင္း ၅,၄၄၆ ဦးရွိၿပီး ၃၆ ဦး ေသဆုံးခဲ့ေၾကာင္းလည္း ၎က ျဖည့္စြက္ေျပာၾကားခဲ့သည္။

ေရာဂါေစာင့္ၾကပ္ၾကည့္ရႈျခင္းႏွင့္ ကာကြယ္ထိန္းခ်ဳပ္ျခင္းလုပ္ငန္းမ်ားကို စဥ္ဆက္မျပတ္ အေလးထားေဆာင္႐ြက္ရမည္ျဖစ္ရာ ျခင္မွတဆင့္ ကူးစက္ေသာေရာဂါျဖစ္သည့္အတြက္ ျခင္ေပါက္ပြားမႈမရွိေစေရး ပတ္ဝန္းက်င္သန႔္ရွင္းေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ျခင္းႏွင့္ ျခင္က်ား ပိုးေလာက္လမ္းႏွင့္ သက္ႀကီးေကာင္ျခင္ ႏွိမ္နင္းျခင္း၊ က်န္းမာေရးပညာေပးျခင္း၊ ျခင္ကိုက္ မခံရေအာင္ ေနထိုင္ျခင္းႏွင့္ ေက်ာင္းမ်ားတြင္ ျခင္က်ားႏွင့္ ျခင္က်ားပိုးေလာက္လမ္း ကင္းစင္ေက်ာင္းမ်ား ထူေထာင္ျခင္းလုပ္ငန္းမ်ားကို ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီး ပါေမာကၡေဒါက္တာ သက္ခိုင္ဝင္းက ေျပာၾကားခဲ့သည္။

ထို႔အတူ ေသြးလြန္တုပ္ေကြးေရာဂါ က်န္းမာေရးအသိပညာေပးရန္ လိုအပ္ေၾကာင္း၊ ေက်ာင္းဖြင့္ရာသီ ေရာက္ရွိသည့္အခါတြင္ ေက်ာင္းအေျချပဳ ကာကြယ္ေဆးထိုးႏွံျခင္း လုပ္ငန္းမ်ားႏွင့္ ေက်ာင္းက်န္းမာေရးလုပ္ငန္းမ်ား ေဆာင္႐ြက္စဥ္တြင္ ေသြးလြန္တုပ္ေကြးေရာဂါကာကြယ္ ႏွိမ္နင္းေရးလုပ္ငန္းမ်ားကိုပါ တစ္ပါတည္းေဆာင္႐ြက္ရန္ျဖစ္ေၾကာင္း ၎က ျဖည့္စြက္ေျပာၾကားခဲ့သည္။

ေသြးလြန္တုပ္ေကြးေရာဂါ ျဖစ္ပြားမႈသည္ ကမၻာေပၚတြင္ တစ္ႏွစ္လွ်င္ လူဦးေရ သန္း ၃၉၀ ခန႔္ ကူးစက္ျဖစ္ပြားလ်က္ရွိရာ အေရွ႕ေတာင္အာရွေဒသ၌ အင္ဒိုနီးရွား၊ ထိုင္းႏွင့္ ျမန္မာနိုင္ငံတို႔သည္ ျဖစ္ပြားသူဦးေရ အမ်ားဆုံးျဖစ္ေၾကာင္း သိရသည္။

#mhtnews