ရခိုင်တိုင်းရင်းသားမျိုးနွယ်စုဝင်တစ်ခုဖြစ်သည့် ‘သက်’တိုင်းရင်းသားများ၏ အမျိုးသားနေ့ကို မောင်တောမြို့နယ်၌ မေ ၁ ရက်နေ့က စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။

အဆိုပါ သက်လူမျိုးတို့၏ အမျိုးသားနေ့ကို ဘာသာစာပေတည်တံ့ရေးနှင့် အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်ရေး ရည်ရွယ်ချက်ဖြင့် ပထမဆုံးအကြိမ် ကျင်းပခြင်းဖြစ်သည်။

အခမ်းအနားကို မောင်တောမြို့နယ် မကျည်းကုန်းကျေးရွာ၌ ယမန်နေ့ နံနက်က စတင်ကျင်းပ ပြုလုပ်ခဲ့ခြင်းဖြစ်ရာ ရခိုင်၊ သက်၊ ဗမာတိုင်းရင်းသားများ အပါအဝင် လူပေါင်း ၄၀၀ ခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ယင်းအခမ်းအနားတွင် လုထုဟောပြောပွဲများ၊ ရိုးရာအကပြိုင်ပွဲများကို ထည့်သွင်းကျင်းပခဲ့ပြီး သက်လူမျိုး၏ရိုးရာအသုံးအဆောင်ပစ္စည်းများကိုလည်း ရောင်းချခဲ့ကြသည်ဟုဆိုသည်။

ရခိုင်မျိုးနွယ်စုထဲတွင် ရခိုင်အပါအဝင် မြို၊ ခမီ၊သက်၊ မရမာ၊ သက္ကမ(ခ) ဒိုင်းနက်နှင့် ကမန် စသည့် မျိုးနွယ်စုများရှိရာ သက်လူမျိုးသည် လူဦးရေ အနည်းဆုံးဖြင့် ကျန်ရှိနေသည့် ရခိုင်မျိုးနွယ်စုတစ်ခုဖြစ်ပြီး လက်ရှိ ရခိုင်ပြည်နယ်တွင် လူဦးရေ ၃၀၀၀ သာကျန်ရှိတော့ကြောင်းနှင့် အဓိက အသက်မွေးကျောင်းလုပ်ငန်းအဖြစ်တောင်ယာနှင့် လယ်လုပ်ငန်းများကို အများဆုံးလုပ်ကိုင်ကြပြီး မောင်တော၊ မြောက်ဦးမြို့နယ်၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊စစ်တွေနှင့် အမ်းမြို့နယ် စသည့်မြို့နယ်များတွင်လည်း အနည်းငယ်စီအသီးသီး ပျံ့နှံ့နေထိုင်လျက်ရှိကြောင်း သုတေသနစစ်တမ်းများအရ သိရသည်။

ထို့အပြင် မြန်မာနိုင်ငံသို့ ပထမဆုံး အခြေချ နေထိုင်လာသည့် ပျူ၊ ကမ်းယံ၊ သက် အထဲတွင် ပါဝင်သည့် သက်လူမျိုးများသည် မြန်မာတစ်နိုင်ငံလုံးတွင် လူဦးရေ ၆၀၀၀ ခန့်သာ ကျန်ရှိတော့ကြောင်းသိရပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင်လည်း နေထိုင်ကြသည်ဟု သိရသည်။

#mhtnews

(Zawgyi)

“ရခိုင္တိုင္းရင္းသားမ်ိဳးႏြယ္စုဝင္တစ္ခုျဖစ္သည့္ ‘သက္’တိုင္းရင္းသားမ်ား၏ အမ်ိဳးသားေန႕ကို ေမာင္ေတာၿမိဳ႕နယ္၌ စည္ကားသိုက္ၿမိဳက္စြာက်င္းပခဲ့”

ရခိုင္တိုင္းရင္းသားမ်ိဳးႏြယ္စုဝင္တစ္ခုျဖစ္သည့္ ‘သက္’တိုင္းရင္းသားမ်ား၏ အမ်ိဳးသားေန႕ကို ေမာင္ေတာၿမိဳ႕နယ္၌ ေမ ၁ ရက္ေန႕က စည္ကားသိုက္ၿမိဳက္စြာက်င္းပခဲ့ေၾကာင္း ေဒသတြင္းသတင္းမ်ားအရ သိရသည္။

အဆိုပါ သက္လူမ်ိဳးတို႔၏ အမ်ိဳးသားေန႕ကို ဘာသာစာေပတည္တံ့ေရးႏွင့္ အမ်ိဳးသားေရးလကၡဏာမ်ား မေပ်ာက္ပ်က္ေရး ရည္႐ြယ္ခ်က္ျဖင့္ ပထမဆုံးအႀကိမ္ က်င္းပျခင္းျဖစ္သည္။

အခမ္းအနားကို ေမာင္ေတာၿမိဳ႕နယ္ မက်ည္းကုန္းေက်း႐ြာ၌ ယမန္ေန႕ နံနက္က စတင္က်င္းပ ျပဳလုပ္ခဲ့ျခင္းျဖစ္ရာ ရခိုင္၊ သက္၊ ဗမာတိုင္းရင္းသားမ်ား အပါအဝင္ လူေပါင္း ၄၀၀ ခန႔္ တက္ေရာက္ခဲ့ၾကေၾကာင္း သိရသည္။

ယင္းအခမ္းအနားတြင္ လုထုေဟာေျပာပြဲမ်ား၊ ရိုးရာအကၿပိဳင္ပြဲမ်ားကို ထည့္သြင္းက်င္းပခဲ့ၿပီး သက္လူမ်ိဳး၏ရိုးရာအသုံးအေဆာင္ပစၥည္းမ်ားကိုလည္း ေရာင္းခ်ခဲ့ၾကသည္ဟုဆိုသည္။

ရခိုင္မ်ိဳးႏြယ္စုထဲတြင္ ရခိုင္အပါအဝင္ ၿမိဳ၊ ခမီ၊သက္၊ မရမာ၊ သကၠမ(ခ) ဒိုင္းနက္ႏွင့္ ကမန္ စသည့္ မ်ိဳးႏြယ္စုမ်ားရွိရာ သက္လူမ်ိဳးသည္ လူဦးေရ အနည္းဆုံးျဖင့္ က်န္ရွိေနသည့္ ရခိုင္မ်ိဳးႏြယ္စုတစ္ခုျဖစ္ၿပီး လက္ရွိ ရခိုင္ျပည္နယ္တြင္ လူဦးေရ ၃၀၀၀ သာက်န္ရွိေတာ့ေၾကာင္းႏွင့္ အဓိက အသက္ေမြးေက်ာင္းလုပ္ငန္းအျဖစ္ေတာင္ယာႏွင့္ လယ္လုပ္ငန္းမ်ားကို အမ်ားဆုံးလုပ္ကိုင္ၾကၿပီး ေမာင္ေတာ၊ ေျမာက္ဦးၿမိဳ႕နယ္၊ ဘူးသီးေတာင္၊ ရေသ့ေတာင္၊ ပုဏၰားကြၽန္း၊စစ္ေတြႏွင့္ အမ္းၿမိဳ႕နယ္ စသည့္ၿမိဳ႕နယ္မ်ားတြင္လည္း အနည္းငယ္စီအသီးသီး ပ်ံ့ႏွံ႕ေနထိုင္လ်က္ရွိေၾကာင္း သုေတသနစစ္တမ္းမ်ားအရ သိရသည္။

ထို႔အျပင္ ျမန္မာနိုင္ငံသို႔ ပထမဆုံး အေျခခ် ေနထိုင္လာသည့္ ပ်ဴ၊ ကမ္းယံ၊ သက္ အထဲတြင္ ပါဝင္သည့္ သက္လူမ်ိဳးမ်ားသည္ ျမန္မာတစ္နိုင္ငံလုံးတြင္ လူဦးေရ ၆၀၀၀ ခန႔္သာ က်န္ရွိေတာ့ေၾကာင္းသိရၿပီး ဘဂၤလားေဒ့ရွ္ နိုင္ငံတြင္လည္း ေနထိုင္ၾကသည္ဟု သိရသည္။

#mhtnews