ယခုငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ထိရောက်တဲ့အဖြေတစ်ခုထွက်လာစေဖို့ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစည်းအဝေး (၄/၂၀၂၂)သို့ တက်ရောက်အမှာစကားပြောကြားရာမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး အမှာစကားပြောကြားရာမှာ

ယခုနှစ်မှာ စိန်ရတုပြည်ထောင်စုနေ့ ကျရောက်ခဲ့ပြီး ၂၀၂၃ ခုနှစ်မှာ စိန်ရတုလွတ်လပ်ရေးနေ့ ကျရောက်မမှာဖြစ်ကြောင်း၊ ယနေ့အချိန်အထိ ပြည်သူများအားလုံး ငြိမ်းချမ်းမှုအရသာ၊ ဒီမိုကရေစီရဲ့အနှစ်သာရကို အပြည့်အဝမခံစားရသေးကြောင်း၊ သဘောထားကွဲလွဲမှု အမျိုးမျိုးကြောင့် ပဋိပက္ခများ ဖြစ်ပေါ်ခဲ့ပြီး အဆိုပါပဋိပက္ခများကို ငြိမ်းငြိမ်းချမ်းချမ်းဖြင့် ဖြေရှင်းရန် မိမိအနေဖြင့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့နှင့် (၇၇)နှစ်မြောက် တပ်မတော်နေ့ မိန့်ခွန်းတို့တွင် ထည့်သွင်းပြောကြားခဲ့ကြောင်း၊ ငြိမ်းချမ်းရေးရရှိဖို့အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများကလည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပေမယ့် အချို့သော ကန့်သတ်ချက်ရှိမှုများကြောင့် ထိုက်သင့်သလောက် တိုးတက်မှုများ မရှိသည်ကို တွေ့ရှိရကြောင်း၊ ထို့အတူ အချို့ EAO များအနေနဲ့ ၎င်းတို့နယ်မြေမှာရောက်ရှိနေတဲ့ PDF အကြမ်းဖက်သမားများကြောင့်လည်း အခက်အခဲတစ်ချို့ ဖြစ်ပေါ်လျက်ရှိတာကို တွေ့ရှိရကြောင်း၊ ဒါကြောင့်မို့လို့ မိမိအနေနဲ့ ကိုယ်တိုင်ဖိတ်ခေါ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ တွေ့ဆုံဖို့ ဆောင်ရွက်ရာမှာလည်း အမြန်ဆုံးတွေ့ဆုံနိုင်ရေး စီမံဆောင်ရွက်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။

အဲဒီနောက် ဆက်လက်ပြောဆိုရာမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအလိုက် တိုတောင်းတဲ့ကာလအတွင်း အဖြေတစ်ခုခု ရရှိစေဖို့အတွက် အဖွဲ့အစည်းများအလိုက် ဥက္ကဋ္ဌနဲ့ ညှိနှိုင်းတိုင်ပင်နိုင်ဖို့ နှစ်ဦးတို့ကို မိမိနဲ့ သီးခြားစီတွေ့ဆုံဖို့ စီမံဆောင်ရွက်ခဲ့ကြောင်း၊ လွတ်လပ်စွာ ဆွေးနွေးနိုင်ဖို့အတွက် ထိုသို့ဖိတ်ခေါ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့တွေ့ဆုံ ဆွေးနွေးမှုကြောင့် ရသင့်တဲ့အဖြေတစ်ခု ရရှိလာမှာဖြစ်ပြီး ထပ်မံတွေ့ဆုံဆွေးနွေးမှုများကိုလည်း ဆက်လက်ဆောင်ရွက် သွားမှာဖြစ်ကြောင်း၊ တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်ရာမှာလည်း နှစ်ဖက်ညှိနှိုင်းမှုများပြုလုပ်ပြီး ဆောင်ရွက်သွားဖို့ဖြစ်ကြောင်း၊ ညှိနှိုင်းမှုများ ဆောင်ရွက်ရာမှာလည်း ဒီမိုကရေစီရဲ့အနှစ်သာကို ပျက်ယွင်းမှုမရှိစေဖို့နဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးများရရှိစေရေး နှစ်ဖက်မျှတမှုရှိအောင် ဆောင်ရွက်ဖို့လိုကြောင်း၊ သို့မှသာ နိုင်ငံတော်ရဲ့အဓိကလိုအပ်ချက်ဖြစ်တဲ့ လွတ်လပ်မှုရဲ့အရသာ၊ ဒီမိုကရေစီရရဲ့အနှစ်သာရကို ခံစားနိုင်မှာဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

မိမိတို့အနေနဲ့ ပြည်သူတွေရဲ့ဆန္ဒဖြစ်တဲ့ ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ တပ်မတော်ဟာ ပြည်သူများမှ ပေါက်ဖွားလာခြင်းဖြစ်သကဲ့သို့ နိုင်ငံတော်ရဲ့ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်ဆိုသည်မှာ အများဆန္ဒနှင့်အညီ ရွေးချယ်တင်မြှောက်သည့် အစိုးရစနစ်ဖြစ်ပြီး ပြည်သူ့အုပ်ချုပ်ရေးစနစ်ဖြစ်ကြောင်း၊ တိုင်းရင်းသားနယ်မြေများအလိုက် လိုအပ်ချက်များ၊ တောင်းဆိုချက်များနဲ့ အခွင့်အာဏာများ ခွဲဝေခံစားခြင်း၊ မျှဝေခံစားခြင်းများရရှိစေဖို့ ဆောင်ရွက်ဖို့လိုကြောင်း၊ ထို့ကြောင့် ပါတီစုံဒီမိုကရေစီစနစ်၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုစနစ်ကို သွားရမှာဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါသေးတယ်။

အလားတူ မိမိတို့နိုင်ငံဟာ ၁၈၈၆ ခုနှစ်မှာ လွတ်လပ်ရေး မဆုံးရှုံးမီအချိန်အထိ ဘုရင့်နိုင်ငံအဖြစ် တည်ရှိခဲ့ကြောင်း၊ ကျယ်ပြန့်သော နိုင်ငံတော်အဖြစ် တည်ထောင်ခဲ့တဲ့ အနော်ရထာ၊ ဘုရင့်နောင်နဲ့ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျတို့ရဲ့ ခေတ်သုံးခေတ်ရှိကြောင်း၊ အဆိုပါ ခေတ်သုံးခေတ်မှာ မိမိတို့နိုင်ငံရဲ့နယ်နိမိတ်ဟာ ယခုထက် ပိုမိုကျယ်ဝန်းကြောင်း၊ သို့သော် နယ်ချဲ့လက်အောက် ကျရောက်ခဲ့ချိန်မှာ နယ်နိမိတ်များ ပြန်လည်ဆုံးရှုံးခဲ့ကြောင်း၊ ဘုရင်ခေတ်မှာ အုပ်ချုပ်မှုနယ်ပယ်များအလိုက် အဆင့်ဆင့် အုပ်ချုပ်ခဲ့ကြပြီး တစ်နိုင်ငံလုံးကို ဘုရင့်ဩဇာ သက်ရောက်မှုရှိသည်ကို သမိုင်းများအရ သိရှိရကြောင်း၊ နယ်ချဲ့များ အုပ်ချုပ်ခဲ့ချိန်မှာလည်း ပြည်မဒေသကို တိုက်ရိုက်အုပ်ချုပ်၍ တောင်တန်းဒေသများကို ပုံစံတစ်မျိုးဖြင့်ခွဲခြား၍ အုပ်ချုပ်ခဲ့သော်လည်း အုပ်ချုပ်မှုအားလုံးဟာ နယ်ချဲ့အစိုးရ လက်အောက်မှာသာရှိကြောင်း၊ မြန်မာပြည် လွတ်လပ်ရေးရရှိရန် ကြိုးပမ်းချိန်မှာ နယ်ချဲ့များက တောင်တန်းဒေသနဲ့ ပြည်မခွဲဲပြီး လွပ်လပ်ရေးပေးဖို့ ဆောင်ရွက်ခဲ့ကြောင်း၊ သို့သော် တောင်တန်းဒေသမှ စော်ဘွားများက လက်ခံမှုမရှိခြင်းကြောင့် ပင်လုံအစည်းအဝေးကျင်းပပြီး ပင်လုံစိတ်ဓာတ်ဖြင့် ပြည်ထောင်စု စိတ်ဓာတ်ကို တည်ဆောက်၍ တစုတစည်းတည်းသော ပြည်ထောင်စုအဖြစ် နိုင်ငံလွတ်လပ်ရေးကို ရရှိအောင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း။

မိမိတို့နိုင်ငံမှ လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း ဒီမိုကရေစီစနစ်၊ ဆိုရှယ်လစ်စနစ် စတဲ့ ဖွဲ့စည်းအုပ်ချုပ်မှုပုံစံ အမျိုးမျိုးနဲ့ ကျင့်သုံးအုပ်ချုပ်ခဲ့မှုများ ရှိခဲ့ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)ကို ပြန်လည်ကြည့်မယ်ဆိုပါက လုပ်ပိုင်ခွင့်အာဏာများကို ခွဲဝေထားပြီးဖြစ်တဲ့အတွက် ဖက်ဒရယ်စနစ် သဘောတရားများအတိုင်းသာ ရေးဆွဲထားခြင်းဖြစ်တာကို တွေ့ရမည်ဖြစ်ကြောင်း။

တွေ့ဆုံဆွေးနွေးရာမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များရဲ့ ခေါင်းဆောင်များနဲ့အတူ ညှိနှိုင်းတိုင်ပင် ဆွေးနွေးနိုင်ရေးအတွက် အဖွဲ့ဝင် ၂ ဦးကိုပါ ဖိတ်ခေါ်ထားကြောင်း၊ လက်ရှိအချိန်ထိ အကြောင်းပြန်ခဲ့သည်မှာ NCA လက်မှတ် ရေးထိုးပြီးသည့် အဖွဲ့ ၇ ဖွဲ့နှင့် NCA လက်မှတ် ရေးထိုးခြင်းမပြုသေးသည့် အဖွဲ့ ၃ ဖွဲ့ လာရောက်မည်ဟု အကြောင်းပြန်ခဲ့ကြောင်း၊

တွေ့ဆုံဆွေးနွေးရာမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များကိုယ်တိုင် တက်ရောက်နိုင်ရေး ဖိတ်ကြားခြင်းဖြစ်သော်လည်း အချို့သောအဖွဲ့များမှ ဥက္ကဋ္ဌများ ကျန်းမာရေးဆိုင်ရာ အခက်အခဲများရှိခြင်းကြောင့် ဥက္ကဋ္ဌကိုယ်စားပြုသူများကို စေလွှတ်ခြင်းများရှိကြောင်း၊ ၎င်းတို့အနေနဲ့ အာမခံချက်များရှိဖို့လိုကြောင်း၊ ယခုငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ထိရောက်တဲ့အဖြေတစ်ခု ထွက်လာစေဖို့ လုပ်ဆောင်သွားမှာဖြစ်ကြောင်း၊ EAO မျာရဲ့ အလိုဆန္ဒများ၊ တိုင်းပြည်ရဲ့ အလိုဆန္ဒများနဲ့ နှစ်ဖက်လိုအပ်ချက်များကို ညှိနှိုင်းဆွေးနွေးသွားမည်ဖြစ်ပြီး အကျိုးရှိတဲ့ ဆွေးနွေးပွဲဖြစ်အောင် ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ဆွေးနွေးချက်များနဲ့ ပတ်သက်၍လည်း ဖြစ်သင့်သည်၊ မဖြစ်သင့်သည်ကို ကောင်စီအစည်းအဝေးမှာ ဆွေးနွေးဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ယခုပြောကြားနေခြင်းဟာ ငြိမ်းချမ်းရေးနှင့် ပတ်သက်လို့ တိုင်ပင်နေခြင်းသာဖြစ်ပြီး ထပ်မံ၍လည်း သီးသန့်ဆွေးနွေး သွားမှာဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ သတင်းရရှိပါတယ်။

#mhtnews

<<< Zawgyi >>>

“ယခုၿငိမ္းခ်မ္းေရးေဆြးႏြေးပြဲမွာ ထိေရာက္တဲ့အေျဖတစ္ခုထြက္လာေစဖို႔ လုပ္ေဆာင္သြားမွာျဖစ္ေၾကာင္း နစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လွိုင္ေျပာၾကား”

ယခုၿငိမ္းခ်မ္းေရးေဆြးႏြေးပြဲမွာ ထိေရာက္တဲ့အေျဖတစ္ခုထြက္လာေစဖို႔ လုပ္ေဆာင္သြားမွာျဖစ္တယ္လို႔ နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ နိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္က နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီအစည္းအေဝး (၄/၂၀၂၂)သို႔ တက္ေရာက္အမွာစကားေျပာၾကားရာမွာ ထည့္သြင္းေျပာၾကားခဲ့ပါတယ္။

ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္အေနနဲ႕ ၿငိမ္းခ်မ္းေရးနဲ႕ပတ္သက္ၿပီး အမွာစကားေျပာၾကားရာမွာ

ယခုႏွစ္မွာ စိန္ရတုျပည္ေထာင္စုေန႕ က်ေရာက္ခဲ့ၿပီး ၂၀၂၃ ခုႏွစ္မွာ စိန္ရတုလြတ္လပ္ေရးေန႕ က်ေရာက္မမွာျဖစ္ေၾကာင္း၊ ယေန႕အခ်ိန္အထိ ျပည္သူမ်ားအားလုံး ၿငိမ္းခ်မ္းမႈအရသာ၊ ဒီမိုကေရစီရဲ႕အႏွစ္သာရကို အျပည့္အဝမခံစားရေသးေၾကာင္း၊ သေဘာထားကြဲလြဲမႈ အမ်ိဳးမ်ိဳးေၾကာင့္ ပဋိပကၡမ်ား ျဖစ္ေပၚခဲ့ၿပီး အဆိုပါပဋိပကၡမ်ားကို ၿငိမ္းၿငိမ္းခ်မ္းခ်မ္းျဖင့္ ေျဖရွင္းရန္ မိမိအေနျဖင့္ (၇၅)ႏွစ္ေျမာက္ စိန္ရတုျပည္ေထာင္စုေန႕ႏွင့္ (၇၇)ႏွစ္ေျမာက္ တပ္မေတာ္ေန႕ မိန႔္ခြန္းတို႔တြင္ ထည့္သြင္းေျပာၾကားခဲ့ေၾကာင္း၊ ၿငိမ္းခ်မ္းေရးရရွိဖို႔အတြက္ သက္ဆိုင္ရာ အဖြဲ႕အစည္းမ်ားကလည္း ႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိေပမယ့္ အခ်ိဳ႕ေသာ ကန႔္သတ္ခ်က္ရွိမႈမ်ားေၾကာင့္ ထိုက္သင့္သေလာက္ တိုးတက္မႈမ်ား မရွိသည္ကို ေတြ႕ရွိရေၾကာင္း၊ ထို႔အတူ အခ်ိဳ႕ EAO မ်ားအေနနဲ႕ ၎တို႔နယ္ေျမမွာေရာက္ရွိေနတဲ့ PDF အၾကမ္းဖက္သမားမ်ားေၾကာင့္လည္း အခက္အခဲတစ္ခ်ိဳ႕ ျဖစ္ေပၚလ်က္ရွိတာကို ေတြ႕ရွိရေၾကာင္း၊ ဒါေၾကာင့္မို႔လို႔ မိမိအေနနဲ႕ ကိုယ္တိုင္ဖိတ္ေခၚ ေဆာင္႐ြက္ခဲ့ျခင္းျဖစ္ေၾကာင္း၊ ေတြ႕ဆုံဖို႔ ေဆာင္႐ြက္ရာမွာလည္း အျမန္ဆုံးေတြ႕ဆုံနိုင္ေရး စီမံေဆာင္႐ြက္ထားတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

အဲဒီေနာက္ ဆက္လက္ေျပာဆိုရာမွာ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕အစည္းမ်ားအလိုက္ တိုေတာင္းတဲ့ကာလအတြင္း အေျဖတစ္ခုခု ရရွိေစဖို႔အတြက္ အဖြဲ႕အစည္းမ်ားအလိုက္ ဥကၠ႒နဲ႕ ညွိႏွိုင္းတိုင္ပင္နိုင္ဖို႔ ႏွစ္ဦးတို႔ကို မိမိနဲ႕ သီးျခားစီေတြ႕ဆုံဖို႔ စီမံေဆာင္႐ြက္ခဲ့ေၾကာင္း၊ လြတ္လပ္စြာ ေဆြးႏြေးနိုင္ဖို႔အတြက္ ထိုသို႔ဖိတ္ေခၚ ေဆာင္႐ြက္ခဲ့ျခင္းျဖစ္ေၾကာင္း၊ ထိုသို႔ေတြ႕ဆုံ ေဆြးႏြေးမႈေၾကာင့္ ရသင့္တဲ့အေျဖတစ္ခု ရရွိလာမွာျဖစ္ၿပီး ထပ္မံေတြ႕ဆုံေဆြးႏြေးမႈမ်ားကိုလည္း ဆက္လက္ေဆာင္႐ြက္ သြားမွာျဖစ္ေၾကာင္း၊ ေတြ႕ဆုံေဆြးႏြေးမႈမ်ား ေဆာင္႐ြက္ရာမွာလည္း ႏွစ္ဖက္ညွိႏွိုင္းမႈမ်ားျပဳလုပ္ၿပီး ေဆာင္႐ြက္သြားဖို႔ျဖစ္ေၾကာင္း၊ ညွိႏွိုင္းမႈမ်ား ေဆာင္႐ြက္ရာမွာလည္း ဒီမိုကေရစီရဲ႕အႏွစ္သာကို ပ်က္ယြင္းမႈမရွိေစဖို႔နဲ႕ ရသင့္ရထိုက္တဲ့ အခြင့္အေရးမ်ားရရွိေစေရး ႏွစ္ဖက္မွ်တမႈရွိေအာင္ ေဆာင္႐ြက္ဖို႔လိုေၾကာင္း၊ သို႔မွသာ နိုင္ငံေတာ္ရဲ႕အဓိကလိုအပ္ခ်က္ျဖစ္တဲ့ လြတ္လပ္မႈရဲ႕အရသာ၊ ဒီမိုကေရစီရရဲ႕အႏွစ္သာရကို ခံစားနိုင္မွာျဖစ္ေၾကာင္းလည္း ေျပာၾကားခဲ့ပါတယ္။

မိမိတို႔အေနနဲ႕ ျပည္သူေတြရဲ႕ဆႏၵျဖစ္တဲ့ ပါတီစုံဒီမိုကေရစီလမ္းေၾကာင္းေပၚမွာ ေလွ်ာက္လွမ္းနိုင္ေရး ႀကိဳးပမ္းေဆာင္႐ြက္ခဲ့ေၾကာင္း၊ တပ္မေတာ္ဟာ ျပည္သူမ်ားမွ ေပါက္ဖြားလာျခင္းျဖစ္သကဲ့သို႔ နိုင္ငံေတာ္ရဲ႕ အစိတ္အပိုင္းတစ္ခုလည္း ျဖစ္ေၾကာင္း၊ ဒီမိုကေရစီစနစ္ဆိုသည္မွာ အမ်ားဆႏၵႏွင့္အညီ ေ႐ြးခ်ယ္တင္ျမႇောက္သည့္ အစိုးရစနစ္ျဖစ္ၿပီး ျပည္သူ႕အုပ္ခ်ဳပ္ေရးစနစ္ျဖစ္ေၾကာင္း၊ တိုင္းရင္းသားနယ္ေျမမ်ားအလိုက္ လိုအပ္ခ်က္မ်ား၊ ေတာင္းဆိုခ်က္မ်ားနဲ႕ အခြင့္အာဏာမ်ား ခြဲေဝခံစားျခင္း၊ မွ်ေဝခံစားျခင္းမ်ားရရွိေစဖို႔ ေဆာင္႐ြက္ဖို႔လိုေၾကာင္း၊ ထို႔ေၾကာင့္ ပါတီစုံဒီမိုကေရစီစနစ္၊ ဒီမိုကေရစီႏွင့္ ဖက္ဒရယ္စနစ္ကို အေျခခံတဲ့ ျပည္ေထာင္စုစနစ္ကို သြားရမွာျဖစ္ေၾကာင္းလည္း ေျပာၾကားခဲ့ပါေသးတယ္။

အလားတူ မိမိတို႔နိုင္ငံဟာ ၁၈၈၆ ခုႏွစ္မွာ လြတ္လပ္ေရး မဆုံးရႈံးမီအခ်ိန္အထိ ဘုရင့္နိုင္ငံအျဖစ္ တည္ရွိခဲ့ေၾကာင္း၊ က်ယ္ျပန႔္ေသာ နိုင္ငံေတာ္အျဖစ္ တည္ေထာင္ခဲ့တဲ့ အေနာ္ရထာ၊ ဘုရင့္ေနာင္နဲ႕ အေလာင္းမင္းတရားႀကီး ဦးေအာင္ေဇယ်တိဳ႕ရဲ႕ ေခတ္သုံးေခတ္ရွိေၾကာင္း၊ အဆိုပါ ေခတ္သုံးေခတ္မွာ မိမိတို႔နိုင္ငံရဲ႕နယ္နိမိတ္ဟာ ယခုထက္ ပိုမိုက်ယ္ဝန္းေၾကာင္း၊ သို႔ေသာ္ နယ္ခ်ဲ့လက္ေအာက္ က်ေရာက္ခဲ့ခ်ိန္မွာ နယ္နိမိတ္မ်ား ျပန္လည္ဆုံးရႈံးခဲ့ေၾကာင္း၊ ဘုရင္ေခတ္မွာ အုပ္ခ်ဳပ္မႈနယ္ပယ္မ်ားအလိုက္ အဆင့္ဆင့္ အုပ္ခ်ဳပ္ခဲ့ၾကၿပီး တစ္နိုင္ငံလုံးကို ဘုရင့္ဩဇာ သက္ေရာက္မႈရွိသည္ကို သမိုင္းမ်ားအရ သိရွိရေၾကာင္း၊ နယ္ခ်ဲ့မ်ား အုပ္ခ်ဳပ္ခဲ့ခ်ိန္မွာလည္း ျပည္မေဒသကို တိုက္ရိုက္အုပ္ခ်ဳပ္၍ ေတာင္တန္းေဒသမ်ားကို ပုံစံတစ္မ်ိဳးျဖင့္ခြဲျခား၍ အုပ္ခ်ဳပ္ခဲ့ေသာ္လည္း အုပ္ခ်ဳပ္မႈအားလုံးဟာ နယ္ခ်ဲ့အစိုးရ လက္ေအာက္မွာသာရွိေၾကာင္း၊ ျမန္မာျပည္ လြတ္လပ္ေရးရရွိရန္ ႀကိဳးပမ္းခ်ိန္မွာ နယ္ခ်ဲ့မ်ားက ေတာင္တန္းေဒသနဲ႕ ျပည္မခြဲဲၿပီး လြပ္လပ္ေရးေပးဖို႔ ေဆာင္႐ြက္ခဲ့ေၾကာင္း၊ သို႔ေသာ္ ေတာင္တန္းေဒသမွ ေစာ္ဘြားမ်ားက လက္ခံမႈမရွိျခင္းေၾကာင့္ ပင္လုံအစည္းအေဝးက်င္းပၿပီး ပင္လုံစိတ္ဓာတ္ျဖင့္ ျပည္ေထာင္စု စိတ္ဓာတ္ကို တည္ေဆာက္၍ တစုတစည္းတည္းေသာ ျပည္ေထာင္စုအျဖစ္ နိုင္ငံလြတ္လပ္ေရးကို ရရွိေအာင္ ေဆာင္႐ြက္ခဲ့ျခင္းျဖစ္ေၾကာင္း။

မိမိတို႔နိုင္ငံမွ လြတ္လပ္ေရးရရွိၿပီးေနာက္ပိုင္း ဒီမိုကေရစီစနစ္၊ ဆိုရွယ္လစ္စနစ္ စတဲ့ ဖြဲ႕စည္းအုပ္ခ်ဳပ္မႈပုံစံ အမ်ိဳးမ်ိဳးနဲ႕ က်င့္သုံးအုပ္ခ်ဳပ္ခဲ့မႈမ်ား ရွိခဲ့ေၾကာင္း၊ ဖြဲ႕စည္းပုံအေျခခံဥပေဒ (၂၀၀၈ ခုႏွစ္)ကို ျပန္လည္ၾကည့္မယ္ဆိုပါက လုပ္ပိုင္ခြင့္အာဏာမ်ားကို ခြဲေဝထားၿပီးျဖစ္တဲ့အတြက္ ဖက္ဒရယ္စနစ္ သေဘာတရားမ်ားအတိုင္းသာ ေရးဆြဲထားျခင္းျဖစ္တာကို ေတြ႕ရမည္ျဖစ္ေၾကာင္း။

ေတြ႕ဆုံေဆြးႏြေးရာမွာ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕မ်ားရဲ႕ ေခါင္းေဆာင္မ်ားနဲ႕အတူ ညွိႏွိုင္းတိုင္ပင္ ေဆြးႏြေးနိုင္ေရးအတြက္ အဖြဲ႕ဝင္ ၂ ဦးကိုပါ ဖိတ္ေခၚထားေၾကာင္း၊ လက္ရွိအခ်ိန္ထိ အေၾကာင္းျပန္ခဲ့သည္မွာ NCA လက္မွတ္ ေရးထိုးၿပီးသည့္ အဖြဲ႕ ၇ ဖြဲ႕ႏွင့္ NCA လက္မွတ္ ေရးထိုးျခင္းမျပဳေသးသည့္ အဖြဲ႕ ၃ ဖြဲ႕ လာေရာက္မည္ဟု အေၾကာင္းျပန္ခဲ့ေၾကာင္း၊

ေတြ႕ဆုံေဆြးႏြေးရာမွာ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕ေခါင္းေဆာင္မ်ားကိုယ္တိုင္ တက္ေရာက္နိုင္ေရး ဖိတ္ၾကားျခင္းျဖစ္ေသာ္လည္း အခ်ိဳ႕ေသာအဖြဲ႕မ်ားမွ ဥကၠ႒မ်ား က်န္းမာေရးဆိုင္ရာ အခက္အခဲမ်ားရွိျခင္းေၾကာင့္ ဥကၠ႒ကိုယ္စားျပဳသူမ်ားကို ေစလႊတ္ျခင္းမ်ားရွိေၾကာင္း၊ ၎တို႔အေနနဲ႕ အာမခံခ်က္မ်ားရွိဖို႔လိုေၾကာင္း၊ ယခုၿငိမ္းခ်မ္းေရးေဆြးႏြေးပြဲမွာ ထိေရာက္တဲ့အေျဖတစ္ခု ထြက္လာေစဖို႔ လုပ္ေဆာင္သြားမွာျဖစ္ေၾကာင္း၊ EAO မ်ာရဲ႕ အလိုဆႏၵမ်ား၊ တိုင္းျပည္ရဲ႕ အလိုဆႏၵမ်ားနဲ႕ ႏွစ္ဖက္လိုအပ္ခ်က္မ်ားကို ညွိႏွိုင္းေဆြးႏြေးသြားမည္ျဖစ္ၿပီး အက်ိဳးရွိတဲ့ ေဆြးႏြေးပြဲျဖစ္ေအာင္ ႀကိဳးပမ္းေဆာင္႐ြက္ သြားမည္ျဖစ္ေၾကာင္း၊ ေဆြးႏြေးခ်က္မ်ားနဲ႕ ပတ္သက္၍လည္း ျဖစ္သင့္သည္၊ မျဖစ္သင့္သည္ကို ေကာင္စီအစည္းအေဝးမွာ ေဆြးႏြေးေဆာင္႐ြက္သြားမွာျဖစ္ေၾကာင္း၊ ယခုေျပာၾကားေနျခင္းဟာ ၿငိမ္းခ်မ္းေရးႏွင့္ ပတ္သက္လို႔ တိုင္ပင္ေနျခင္းသာျဖစ္ၿပီး ထပ္မံ၍လည္း သီးသန႔္ေဆြးႏြေး သြားမွာျဖစ္ေၾကာင္း ေျပာၾကားခဲ့တယ္လို႔ သတင္းရရွိပါတယ္။

#mhtnews