ရခိုင်ပြည်နယ်၊ မြောက်ဦးဒေသရှိ စေတီပုထိုးနှင့် အဆောက်အအုံများပေါ်ရှိ အပင်နှင့်ရေညှိများကို ဖယ်ရှားရာတွင် ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်များကို ထိခိုက်မှုမရှိစေသည့် ဓာတုဗေဒနည်းများဖြင့် လုပ်ဆောင်သွားရန် စီစဉ်ထားကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ သိရသည်။

အဆိုပါ မြောက်ဦးဒေသသည် ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင်ဖြစ်စေရေးအတွက် UNESCO သို့ အဆိုပြုစာတွဲ တင်ပြထားသည့်ဒေသဖြစ်သဖြင့် ယင်းဒေသရှိ ရှေးဟောင်းယဉ်ကျေးမှုအမွေ အနှစ်များ ရေရှည်တည်တံ့ရေးအတွက် စနစ်တကျဖြင့်အစီအစဉ်များရေးဆွဲကာ လုပ်ဆောင် သွားရန်စီစဉ်ထားခြင်း လည်းဖြစ်သည်။

“စေတီပုထိုးတွေ အဆောက်အအုံတွေပေါ်မှာပေါက်နေတဲ့ အပင်နဲ့ရေညှိတွေဟာလည်း အဆောက်အအုံတွေရဲ့ တည်တံ့မှုကို ထိခိုက်စေပြီး ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေရဲ့ ရေရှည်တည်တံ့ရေးကိစ္စကိုထိခိုက်စေပါတယ်၊ ဒါတွေကိုရှင်းလင်းဖို့ ဓာတုဗေဒနည်းနဲ့လုပ်ဆောင်တဲ့အခါ စနစ်တကျလုပ်ဆောင်နိုင်ဖို့ ဒေသမှာရှိတဲ့ ဝန်ထမ်းတွေကို လိုအပ်တဲ့လေ့ကျင့် သင်ကြားမှုတွေကို လုပ်ဆောင်နေပါတယ်”ဟု ယင်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

ထိုသို့လေ့ကျင့်သင်ကြားမှုများအပြင် အဆောက်အအုံရေးဆွဲခြင်း Drawing မှ Computer Excel ဖြင့် Estimate တွက်ချက်ခြင်းများပါ ၈ ရက်အကြာလေ့ကျင့်လုပ်ဆောင်နေပြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (မြောက်ဦးဌာနခွဲ)မှ အရာထမ်း/အမှုထမ်း(၁၆) ဦး၊ ရခိုင်ပြည်နယ်ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေး ကော်မတီဝင် (၂) ဦး၊ မြောက်ဦး ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့မှ ၆ ဦး၊ မြောက်ဦးဒေသ မှ ဂေါပကအဖွဲ့ ၉ ဦးနှင့် လေ့လာသူ ၂ ဦးတို့အပါအဝင် စုစုပေါင်း သင်တန်းသား/သူ ၃၅ ဦးကို လေ့ကျင့်သင်ကြားမှုများ လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ၈ ရက်တာကာလအတွင်း မြောက်ဦးဒေသရှိ ထူပါရုံစေတီတော်တွင် ပေါက်ရောက်နေသော အပင်ကြီးများကို ဓာတုဗေဒနည်းဖြင့် ထိန်းသိမ်းခြင်းနည်းလမ်းကိုလည်းကောင်း၊ ကိုးသောင်းပုထိုးတော်ကြီး၏ အပြင်လိုဏ်ပတ် လမ်း ဘေးနံရံရှိ ဗုဒ္ဓရုပ်ကြွ ဆင်းတုတော်များ၏ ကျောက်သားမျက်နှာပြင်ပေါ်ရှိ ရေညှိ၊ ရေမှော်နှင့် မှိုများ သန့်စင်ဖယ်ရှားခြင်းနည်းလမ်းများကို လက်တွေ့သင်ကြားပေး လျက်ရှိကြောင်း သိရသည်။

#mhtnews

(Zawgyi)

“ေျမာက္ဦးေဒသတြင္ ေရွးေဟာင္းအေမြအႏွစ္တည္တံ့ေရးအတြက္ ေစတီပုထိုးအေဆာက္အအုံမ်ားေပၚရွိ အပင္ႏွင့္ ေရညွိမ်ားဖယ္ရွားမႈကို ဓာတုေဗဒနည္းျဖင့္လုပ္ေဆာင္ရန္စီစဥ္ေနၿပီး သင္တန္းသား/သူ ၃၅ ဦးကို ေလ့က်င့္သင္ၾကားမႈမ်ား လုပ္ေဆာင္ေပးလ်က္ရွိ”

ရခိုင္ျပည္နယ္၊ ေျမာက္ဦးေဒသရွိ ေစတီပုထိုးႏွင့္ အေဆာက္အအုံမ်ားေပၚရွိ အပင္ႏွင့္ေရညွိမ်ားကို ဖယ္ရွားရာတြင္ ေရွးေဟာင္း ယဥ္ေက်းမႈအေမြအႏွစ္မ်ားကို ထိခိုက္မႈမရွိေစသည့္ ဓာတုေဗဒနည္းမ်ားျဖင့္ လုပ္ေဆာင္သြားရန္ စီစဥ္ထားေၾကာင္း ေရွးေဟာင္းသုေတသနႏွင့္ အမ်ိဳးသားျပတိုက္ဦးစီးဌာနမွ သိရသည္။

အဆိုပါ ေျမာက္ဦးေဒသသည္ ကမၻာ့ေရွးေဟာင္းအေမြအႏွစ္စာရင္းဝင္ျဖစ္ေစေရးအတြက္ UNESCO သို႔ အဆိုျပဳစာတြဲ တင္ျပထားသည့္ေဒသျဖစ္သျဖင့္ ယင္းေဒသရွိ ေရွးေဟာင္းယဥ္ေက်းမႈအေမြ အႏွစ္မ်ား ေရရွည္တည္တံ့ေရးအတြက္ စနစ္တက်ျဖင့္အစီအစဥ္မ်ားေရးဆြဲကာ လုပ္ေဆာင္ သြားရန္စီစဥ္ထားျခင္း လည္းျဖစ္သည္။

ေစတီပုထိုးေတြ အေဆာက္အအုံေတြေပၚမွာေပါက္ေနတဲ့ အပင္နဲ႕ေရညွိေတြဟာလည္း အေဆာက္အအုံေတြရဲ႕ တည္တံ့မႈကို ထိခိုက္ေစၿပီး ေရွးေဟာင္းယဥ္ေက်းမႈအေမြအႏွစ္ေတြရဲ႕ ေရရွည္တည္တံ့ေရးကိစၥကိုထိခိုက္ေစပါတယ္၊ ဒါေတြကိုရွင္းလင္းဖို႔ ဓာတုေဗဒနည္းနဲ႕လုပ္ေဆာင္တဲ့အခါ စနစ္တက်လဳပ္ေဆာင္နိုင္ဖို႔ ေဒသမွာရွိတဲ့ ဝန္ထမ္းေတြကို လိုအပ္တဲ့ေလ့က်င့္ သင္ၾကားမႈေတြကို လုပ္ေဆာင္ေနပါတယ္ဟု ယင္းဦးစီးဌာနမွ တာဝန္ရွိသူတစ္ဦးက ရွင္းျပသည္။

ထိုသို႔ေလ့က်င့္သင္ၾကားမႈမ်ားအျပင္ အေဆာက္အအုံေရးဆြဲျခင္း Drawing မွ Computer Excel ျဖင့္ Estimate တြက္ခ်က္ျခင္းမ်ားပါ ၈ ရက္အၾကာေလ့က်င့္လုပ္ေဆာင္ေနၿပီး ေရွးေဟာင္းသုေတသနႏွင့္ အမ်ိဳးသားျပတိုက္ ဦးစီးဌာန (ေျမာက္ဦးဌာနခြဲ)မွ အရာထမ္း/အမႈထမ္း(၁၆) ဦး၊ ရခိုင္ျပည္နယ္ယဥ္ေက်းမႈ အေမြအႏွစ္ ထိန္းသိမ္းေရး ေကာ္မတီဝင္ (၂) ဦး၊ ေျမာက္ဦး ယဥ္ေက်းမႈအေမြအႏွစ္ထိန္းသိမ္း ေစာင့္ေရွာက္ေရးအဖြဲ႕မွ ၆ ဦး၊ ေျမာက္ဦးေဒသ မွ ေဂါပကအဖြဲ႕ ၉ ဦးႏွင့္ ေလ့လာသူ ၂ ဦးတို႔အပါအဝင္ စုစုေပါင္း သင္တန္းသား/သူ ၃၅ ဦးကို ေလ့က်င့္သင္ၾကားမႈမ်ား လုပ္ေဆာင္ေပးလ်က္ရွိေၾကာင္း သိရသည္။

အဆိုပါ ၈ ရက္တာကာလအတြင္း ေျမာက္ဦးေဒသရွိ ထူပါ႐ုံေစတီေတာ္တြင္ ေပါက္ေရာက္ေနေသာ အပင္ႀကီးမ်ားကို ဓာတုေဗဒနည္းျဖင့္ ထိန္းသိမ္းျခင္းနည္းလမ္းကိုလည္းေကာင္း၊ ကိုးေသာင္းပုထိုးေတာ္ႀကီး၏ အျပင္လိုဏ္ပတ္ လမ္း ေဘးနံရံရွိ ဗုဒၶ႐ုပ္ႂကြ ဆင္းတုေတာ္မ်ား၏ ေက်ာက္သားမ်က္ႏွာျပင္ေပၚရွိ ေရညွိ၊ ေရေမွာ္ႏွင့္ မွိုမ်ား သန႔္စင္ဖယ္ရွားျခင္းနည္းလမ္းမ်ားကို လက္ေတြ႕သင္ၾကားေပး လ်က္ရွိေၾကာင္း သိရသည္။

#mhtnews