မကွေးတိုင်းဒေသကြီး ၊ ပခုက္ကူခရိုင် ၊ မြိုင်မြို့မှာ မှတ်ပုံတင်လုပ်ဖို့အတွက် အမှတ် ၂ရပ်ကွက်မှာရှိတဲ့ မြို့နယ် ထွေ/အုပ်ရုံးကို ထောက်ခံစာလာလုပ်တဲ့ လူ ၃ ဦးဟာ အကြမ်းဖက်အားပေးထောက်ခံသူတွေဖြစ်နေလို့ လုံခြုံရေးတပ်ဖွဲ့က ယမန်နေ့ (မေ ၂ ရက်)မှာ ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မြိုင်မြို့နယ်ထဲက ကျေးရွာအချို့မှာ အုပ်ချုပ်ရေးမှူးတွေမရှိတာကြောင့် လဝက ရုံးမှာ မှတ်ပုံတင်လုပ်ဖို့ ရပ်ကွက်ထောက်ခံစာလိုအပ်လာတဲ့အတွက် ယခုလို မြိုင်မြို့ပေါ်တက်ပြီး ထောက်ခံစာလုပ်နေကြရတာဖြစ်တယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

ဖမ်းဆီးခံရသူတွေကတော့ မြိုင်မြို့နယ် ၊ ပန်းတိုင်တော အနောက်ရွာမှာနေတဲ့ မရွှေစင်မိုး၊ မြိုင်မြို့နယ် ၊ အောင်သုခကျေးရွာမှာနေထိုင်တဲ့ မမော်လီရွှန်းနဲ့ မြိုင်မြို့နယ် ၊ စူလီပန်ကျေးရွာမှာနေထိုင်တဲ့ မောင်စိုးမင်း တို့ဖြစ်တယ်လို့ သိရပါတယ

အဲ့ဒီ လူ ၃ ဦးကို ဖမ်းဆီးတာနဲ့ပတ်သက်ပြီး မြိုင်မြို့နယ် ထွေ/အုပ်ရုံးနဲ့ နီးစပ်သူတယောက်က ” ထောက်ခံစာ လာယူတဲ့သူတိုင်းကို ဖမ်းနေတာမျိုး မဟုတ်ပါဘူး ၊ စီစစ်ပြီး ထောက်ခံစာပေးနေပါတယ် ၊ အခု လူ ၃ ဦးကို စစ်ဆေးလိုက်တဲ့အခါ အများပြည်သူ အထိတ်တလန့်ဖြစ်စေအောင် ၊ ဆူပူမှုဖြစ်အောင် ၊ အကြမ်းဖက်လုပ်ရပ်တွေ ပေါ်ပေါက်အောင် လုပ်ကြံဖန်တီးနေတယ်ဆိုတာ စစ်ဆေးပေါ်ပေါက်တယ် ၊ ဖုန်းသက်သေတွေကြောင့် ဖမ်းဆီးလိုက်တာ”လို့ ပြောပါတယ်။

ယခုလို ထောက်ခံစာလာယူတဲ့သူတွေကို ဖမ်းနေတယ်ဆိုတဲ့ သတင်းတွေကြောင့် မြိုင်မြို့နယ်မှာ ထောက်ခံစာလုပ်လိုသူတွေ အခက်တွေ့နေရတယ်ဆိုတာနဲ့ပတ်သက်လို့ မိမိတို့ဟာ ဥပဒေဘောင်အတွင်း နေထိုင်သူတွေမှန်ရင် ဘယ်သူ့ကိုမှ ကြောက်စရာမလိုဘူးလို့ မြိုင်မြို့နယ်ထဲက လုံခြုံရေးအရာရှိတစ်ဦးက ပြောပါတယ်။

“ကျွန်တော်တို့လည်း ဒီသတင်းတွေကြားပါတယ်။ တကယ်ဆိုရင် ကိုယ်က မှတ်ပုံတင်ကိုင်ဆောင်ခွင့်ရတဲ့ နိုင်ငံသားတစ်ဦးလည်းဖြစ်မယ်။ နိုင်ငံတော်က ဥပဒေနဲ့အညီ တားမြစ်ထားတဲ့ အလုပ်တွေကို လုပ်မထားဘူးဆိုရင် ဘယ်နေရာ ဘယ်ဒေသကလူပဲဖြစ်ဖြစ် ဘယ်သူ့ကိုမှ ကြောက်စရာမလိုပါဘူး။ ဘယ်သူကမှလည်း ဘာမှလုပ်မရပါဘူး။ ကျွန်တော်တို့ကတော့ တာဝန်အရ တိုင်းပြည်တည်ငြိမ်အေးချမ်းသာယာရေးအတွက် စစ်ဆေးစရာရှိတာစစ်ဆေးတယ်။ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ အကြောင်းမဲ့ဖမ်းဆီးတာမရှိပါဘူး” လို့ ပြောပြခဲ့တာပါ။

ယခုဖမ်းဆီးခံရသူတွေအနေနဲ့ ပြစ်မှုကျူးလွန်ခြင်းရှိ မရှိ စစ်ဆေးပြီးတဲ့အခါ ပြစ်မှုကျူးလွန်ကြောင်း ပေါ်ပေါက်ခဲ့ရင်တော့ ဥပဒေနဲ့အညီ အရေးယူခံရမှာဖြစ်တယ်လို့ သိရပါတယ်။

#mhtnews

(Zawgyi)

“ၿမိဳင္ၿမိဳ႕မွာ မွတ္ပုံတင္လုပ္ဖို႔ ၿမိဳ႕နယ္ေထြ/ အုပ္႐ုံးကို ေထာက္ခံစာလာယူရာက အၾကမ္းဖက္အားေပးသူေတြျဖစ္ေနလို႔ လူ ၃ ဦးကို ဖမ္းဆီးစစ္ေဆးေန”

မေကြးတိုင္းေဒသႀကီး ၊ ပခုကၠဴခရိုင္ ၊ ၿမိဳင္ၿမိဳ႕မွာ မွတ္ပုံတင္လုပ္ဖို႔အတြက္ အမွတ္ ၂ရပ္ကြက္မွာရွိတဲ့ ၿမိဳ႕နယ္ ေထြ/အုပ္႐ုံးကို ေထာက္ခံစာလာလုပ္တဲ့ လူ ၃ ဦးဟာ အၾကမ္းဖက္အားေပးေထာက္ခံသူေတြျဖစ္ေနလို႔ လုံၿခဳံေရးတပ္ဖြဲ႕က ယမန္ေန႕ (ေမ ၂ ရက္)မွာ ဖမ္းဆီးစစ္ေဆးေနတယ္လို႔ ေဒသခံေတြဆီက သိရပါတယ္။

ၿမိဳင္ၿမိဳ႕နယ္ထဲက ေက်း႐ြာအခ်ိဳ႕မွာ အုပ္ခ်ဳပ္ေရးမႉးေတြမရွိတာေၾကာင့္ လဝက ႐ုံးမွာ မွတ္ပုံတင္လုပ္ဖို႔ ရပ္ကြက္ေထာက္ခံစာလိုအပ္လာတဲ့အတြက္ ယခုလို ၿမိဳင္ၿမိဳ႕ေပၚတက္ၿပီး ေထာက္ခံစာလုပ္ေနၾကရတာျဖစ္တယ္လို႔လည္း ေဒသခံေတြက ဆိုပါတယ္။

ဖမ္းဆီးခံရသူေတြကေတာ့ ၿမိဳင္ၿမိဳ႕နယ္ ၊ ပန္းတိုင္ေတာ အေနာက္႐ြာမွာေနတဲ့ မေ႐ႊစင္မိုး၊ ၿမိဳင္ၿမိဳ႕နယ္ ၊ ေအာင္သုခေက်း႐ြာမွာေနထိုင္တဲ့ မေမာ္လီ႐ႊန္းနဲ႕ ၿမိဳင္ၿမိဳ႕နယ္ ၊ စူလီပန္ေက်း႐ြာမွာေနထိုင္တဲ့ ေမာင္စိုးမင္း တို႔ျဖစ္တယ္လို႔ သိရပါတယ

အဲ့ဒီ လူ ၃ ဦးကို ဖမ္းဆီးတာနဲ႕ပတ္သက္ၿပီး ၿမိဳင္ၿမိဳ႕နယ္ ေထြ/အုပ္႐ုံးနဲ႕ နီးစပ္သူတေယာက္က ” ေထာက္ခံစာ လာယူတဲ့သူတိုင္းကို ဖမ္းေနတာမ်ိဳး မဟုတ္ပါဘူး ၊ စီစစ္ၿပီး ေထာက္ခံစာေပးေနပါတယ္ ၊ အခု လူ ၃ ဦးကို စစ္ေဆးလိုက္တဲ့အခါ အမ်ားျပည္သူ အထိတ္တလန့္ျဖစ္ေစေအာင္ ၊ ဆူပူမႈျဖစ္ေအာင္ ၊ အၾကမ္းဖက္လုပ္ရပ္ေတြ ေပၚေပါက္ေအာင္ လုပ္ႀကံဖန္တီးေနတယ္ဆိုတာ စစ္ေဆးေပၚေပါက္တယ္ ၊ ဖုန္းသက္ေသေတြေၾကာင့္ ဖမ္းဆီးလိုက္တာ”လို႔ ေျပာပါတယ္။

ယခုလို ေထာက္ခံစာလာယူတဲ့သူေတြကို ဖမ္းေနတယ္ဆိုတဲ့ သတင္းေတြေၾကာင့္ ၿမိဳင္ၿမိဳ႕နယ္မွာ ေထာက္ခံစာလုပ္လိုသူေတြ အခက္ေတြ႕ေနရတယ္ဆိုတာနဲ႕ပတ္သက္လို႔ မိမိတို႔ဟာ ဥပေဒေဘာင္အတြင္း ေနထိုင္သူေတြမွန္ရင္ ဘယ္သူ႕ကိုမွ ေၾကာက္စရာမလိုဘူးလို႔ ၿမိဳင္ၿမိဳ႕နယ္ထဲက လုံၿခဳံေရးအရာရွိတစ္ဦးက ေျပာပါတယ္။

“ကြၽန္ေတာ္တို႔လည္း ဒီသတင္းေတြၾကားပါတယ္။ တကယ္ဆိုရင္ ကိုယ္က မွတ္ပုံတင္ကိုင္ေဆာင္ခြင့္ရတဲ့ နိုင္ငံသားတစ္ဦးလည္းျဖစ္မယ္။ နိုင္ငံေတာ္က ဥပေဒနဲ႕အညီ တားျမစ္ထားတဲ့ အလုပ္ေတြကို လုပ္မထားဘူးဆိုရင္ ဘယ္ေနရာ ဘယ္ေဒသကလူပဲျဖစ္ျဖစ္ ဘယ္သူ႕ကိုမွ ေၾကာက္စရာမလိုပါဘူး။ ဘယ္သူကမွလည္း ဘာမွလုပ္မရပါဘူး။ ကြၽန္ေတာ္တို႔ကေတာ့ တာဝန္အရ တိုင္းျပည္တည္ၿငိမ္ေအးခ်မ္းသာယာေရးအတြက္ စစ္ေဆးစရာရွိတာစစ္ေဆးတယ္။ ဘယ္သူတစ္ဦးတစ္ေယာက္ကိုမွ အေၾကာင္းမဲ့ဖမ္းဆီးတာမရွိပါဘူး” လို႔ ေျပာျပခဲ့တာပါ။

ယခုဖမ္းဆီးခံရသူေတြအေနနဲ႕ ျပစ္မႈက်ဴးလြန္ျခင္းရွိ မရွိ စစ္ေဆးၿပီးတဲ့အခါ ျပစ္မႈက်ဴးလြန္ေၾကာင္း ေပၚေပါက္ခဲ့ရင္ေတာ့ ဥပေဒနဲ႕အညီ အေရးယူခံရမွာျဖစ္တယ္လို႔ သိရပါတယ္။

#mhtnews