နှစ်အလိုက် မြန်မာ-စင်ကာပူ နှစ်နိုင်ငံကုန်သွယ်မှုမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွင်း အမေရိကန်ဒေါ်လာ ၁၇၂၂ သန်းကျော် ရရှိထားခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းအင်းအချက်အလက်များအရ သိရသည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွင်း မြန်မာဘက်မှ ပိုကုန်ဒေါ်လာ ၁၁၉ ဒသမ ၅၁၀ သန်းနှင့် စင်ကာပူဘက်မှ သွင်းကုန်တန်ဖိုး ဒေါ်လာ ၁၆၀၂ ဒသမ ၆၆၂ သန်းရရှိခဲ့သဖြင့် နှစ်နိုင်ငံကုန်သွယ်မှု ဒေါ်လာ ၁၇၂၂ ဒသမ ၁၇၂ သန်း ရရှိထားခြင်းဖြစ်သည်။

အလားတူ မြန်မာ- မြန်မာစင်္ကာပူ ကုန်သွယ်မှုမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၌ မြန်မာဘက်မှ ပိုကုန်ဒေါ်လာ ၂၀၇ ဒသမ ၄၀၁ သန်းနှင့် စင်ကာပူဘက်မှ သွင်းကုန်တန်ဖိုး ဒေါ်လာ ၂၆၀၄ ဒသမ ၂၁၉ သန်း ရရှိထားခဲ့ပြီး နှစ်နိုင်ငံကုန်သွယ်မှုမှ အမေရိကန် ဗဒေါ်လာ ၂၈၁၁ ဒသမ ၆၂၀ သန်းရရှိခဲ့သည်။

သိုဖြစ်သဖြင့် မြန်မာ- စင်္ကာပူ နှစ်နိုင်ငံကုန်သွယ်မှုမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၌ ရရှိခဲ့မှုနှင့် နှိင်းယှဥ်လျှင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၌ ပိုကုန်၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၀၈၉ ဒဿမ ၄၄၈ သန်း လျော့ကျခဲ့ကြောင်း သိရသည်။
#mhtnews

(Zawgyi)
“မြန်မာ- စင်ကာပူ နှစ်နိုင်ငံကုန်သွယ်မှုမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွင်း အမေရိကန်ဒေါ်လာ ၁၇၂၂ သန်းကျော် ရရှိခဲ့သော်လည်း ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်နှင့်ယှဉ်လျှင် ပို့ကုန်သွင်းကုန်တန်ဖိုး ဒေါ်လာ ၁၀၈၉ သန်းကျော် လျော့ကျ”


၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွင်း မြန်မာဘက်မှ ပို့ကုန်ဒေါ်လာ ၁၁၉ ဒသမ ၅၁၀ သန်းနှင့် စင်ကာပူဘက်မှ သွင်းကုန်တန်ဖိုး ဒေါ်လာ ၁၆၀၂ ဒသမ ၆၆၂ သန်းရရှိခဲ့သဖြင့် နှစ်နိုင်ငံကုန်သွယ်မှု ဒေါ်လာ ၁၇၂၂ ဒသမ ၁၇၂ သန်း ရရှိထားခြင်းဖြစ်သည်။

အလားတူ မြန်မာ- မြန်မာစင်္ကာပူ ကုန်သွယ်မှုမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၌ မြန်မာဘက်မှ ပို့ကုန်ဒေါ်လာ ၂၀၇ ဒသမ ၄၀၁ သန်းနှင့် စင်ကာပူဘက်မှ သွင်းကုန်တန်ဖိုး ဒေါ်လာ ၂၆၀၄ ဒသမ ၂၁၉ သန်း ရရှိထားခဲ့ပြီး နှစ်နိုင်ငံကုန်သွယ်မှုမှ အမေရိကန်ဗဒေါ်လာ ၂၈၁၁ ဒသမ ၆၂၀ သန်းရရှိခဲ့သည်။

သို့ဖြစ်သဖြင့် မြန်မာ- စင်္ကာပူ နှစ်နိုင်ငံကုန်သွယ်မှုမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၌ ရရှိခဲ့မှုနှင့် နှိင်းယှဉ်လျှင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၌ ပို့ကုန်၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၀၈၉ ဒဿမ ၄၄၈ သန်း လျော့ကျခဲ့ကြောင်း သိရသည်။
#mhtnews