မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ (၃၈)ဖြာ မင်္ဂလာအစီအစဉ်ကို မကြာမီထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယမန်နေ့ညပိုင်းတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား စတူဒီယို(A)၌ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ မကြာမီ ထုတ်လွှင့်ပြသမည့် (၃၈)ဖြာ မင်္ဂလာအစီအစဉ်ကို ကြိုတင်ကြည့်ရှုအားပေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်း၊ ရုပ်ရှင်၊ သဘင်၊ ဂီတတို့မှ ပညာရှင်များ၊ အနုပညာရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များက (၃၈)ဖြာ မင်္ဂလာအစီအစဉ် ရိုက်ကူးရာတွင် အသုံးပြုသည့် ဆက်တင်ပစ္စည်းများနှင့် ရုပ်ရှင်၊ သဘင်၊ ဂီတတို့မှ ပညာရှင်များ၏ ရုပ်ပုံလွှာများ ပြသထားမှုကို ကြည့်ရှုအားပေးသည်။

ယင်းနောက် သဘင်ပညာရှင် ဦးနန်းဝင်းက (၃၈)ဖြာ မင်္ဂလာအစီအစဉ် ရိုက်ကူးမှုနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် တက်ရောက်လာကြသူများက (၃၈)ဖြာ မင်္ဂလာအစီအစဉ်အနက် အသေဝနာစဗာလနံ၊ ပတိရူပဒေသဝါသောစနှင့် ဗြဟ္ဇာစရိယဉ္စ အစီအစဉ်တို့ကို ကြည့်ရှုအားပေးကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် (၃၈)ဖြာ မင်္ဂလာအစီအစဉ်နှင့် စပ်လျဉ်း၍ စီစဉ်တင်ပြသူ သဘင်ပညာရှင် ဦးနန်းဝင်းနှင့်အဖွဲ့အား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်သည်။

လူငယ် လူရွယ်များနှင့် ကလေးငယ်များ ယဉ်ကျေးလိမ္မာစေရေးနှင့် အသိပညာ ဗဟုသုတ တိုးပွားစေရေးအတွက် ရည်ရွယ်၍ (၃၈)ဖြာ မင်္ဂလာအစီအစဉ်အား မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက အခြေခံ ကျောင်းသား ကျောင်းသူများဖြင့် ရိုက်ကူးတင်ဆက်မှုများကို ၁၉၉၀ ပြည့်လွန်နှစ်များတွင်လည်း ဆောင်ရွက်ခဲ့ဖူးပြီး ယခုအခါ (၃၈)ဖြာ မင်္ဂလာအစီအစဉ်များကို သဘင်ပညာရှင်များ၊ အနုပညာရှင်များဖြင့် ဖျော်ဖြေရေး အစီအစဉ်ကောင်းတစ်ခုအဖြစ် ဆန်းသစ်ရိုက်ကူး ဆောင်ရွက်လျက်ရှိကြောင်းနှင့် အဆိုပါ အစီအစဉ်များကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် မကြာမီတင်ဆက် ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

#mhtnews

(Zawgyi)

“ျမန္မာ့အသံႏွင့္ ႐ုပ္ျမင္သံၾကား၌ (၃၈)ျဖာ မဂၤလာအစီအစဥ္ မၾကာမီထုတ္လႊင့္ျပသမည္”

ျမန္မာ့အသံႏွင့္ ႐ုပ္ျမင္သံၾကား၌ (၃၈)ျဖာ မဂၤလာအစီအစဥ္ကို မၾကာမီထုတ္လႊင့္ျပသသြားမည္ျဖစ္ေၾကာင္း သိရသည္။

ျပန္ၾကားေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးေမာင္ေမာင္အုန္းသည္ ယမန္ေန႕ညပိုင္းတြင္ ရန္ကုန္ၿမိဳ႕ ျပည္လမ္းရွိ ျမန္မာ့အသံႏွင့္ ႐ုပ္ျမင္သံၾကား စတူဒီယို(A)၌ ျမန္မာ့အသံႏွင့္ ႐ုပ္ျမင္သံၾကား၌ မၾကာမီ ထုတ္လႊင့္ျပသမည့္ (၃၈)ျဖာ မဂၤလာအစီအစဥ္ကို ႀကိဳတင္ၾကည့္ရႈအားေပးသည္။

ေရွးဦးစြာ ျပည္ေထာင္စုဝန္ႀကီး ဦးေမာင္ေမာင္အုန္းႏွင့္ ျမန္မာနိုင္ငံ ႐ုပ္ရွင္အစည္းအ႐ုံးဥကၠ႒ ဦးၾကည္စိုးထြန္း၊ ႐ုပ္ရွင္၊သဘင္၊ ဂီတတို႔မွ ပညာရွင္မ်ား၊ အႏုပညာရွင္မ်ားႏွင့္ ဖိတ္ၾကားထားေသာ ဧည့္သည္ေတာ္မ်ားက (၃၈)ျဖာ မဂၤလာအစီအစဥ္ ရိုက္ကူးရာတြင္ အသုံးျပဳသည့္ ဆက္တင္ပစၥည္းမ်ားႏွင့္ ႐ုပ္ရွင္၊ သဘင္၊ ဂီတတို႔မွ ပညာရွင္မ်ား၏ ႐ုပ္ပုံလႊာမ်ား ျပသထားမႈကို ၾကည့္ရႈအားေပးသည္။

ယင္းေနာက္ သဘင္ပညာရွင္ ဦးနန္းဝင္းက(၃၈)ျဖာ မဂၤလာအစီအစဥ္ ရိုက္ကူးမႈႏွင့္ စပ္လ်ဥ္း၍ရွင္းလင္းတင္ျပၿပီး ျပည္ေထာင္စုဝန္ႀကီး ဦးေမာင္ေမာင္အုန္းႏွင့္ တက္ေရာက္လာၾကသူမ်ားက (၃၈)ျဖာ မဂၤလာအစီအစဥ္အနက္ အေသဝနာစဗာလနံ၊ ပတိ႐ူပေဒသဝါေသာစႏွင့္ ျဗဟၨာစရိယၪၥ အစီအစဥ္တို႔ကို ၾကည့္ရႈအားေပးၾကသည္။

ယင္းေနာက္ ျပည္ေထာင္စုဝန္ႀကီး ဦးေမာင္ေမာင္အုန္းသည္ (၃၈)ျဖာ မဂၤလာအစီအစဥ္ႏွင့္ စပ္လ်ဥ္း၍ စီစဥ္တင္ျပသူ သဘင္ပညာရွင္ ဦးနန္းဝင္းႏွင့္အဖြဲ႕အား အမွတ္တရ လက္ေဆာင္ပစၥည္းမ်ား ေပးအပ္ခ်ီးျမႇင့္သည္။

လူငယ္ လူ႐ြယ္မ်ားႏွင့္ ကေလးငယ္မ်ား ယဥ္ေက်းလိမၼာေစေရးႏွင့္ အသိပညာ ဗဟုသုတ တိုးပြားေစေရးအတြက္ ရည္႐ြယ္၍ (၃၈)ျဖာ မဂၤလာအစီအစဥ္အား ျမန္မာ့အသံႏွင့္ ႐ုပ္ျမင္သံၾကားက အေျခခံ ေက်ာင္းသား ေက်ာင္းသူမ်ားျဖင့္ ရိုက္ကူးတင္ဆက္မႈမ်ားကို ၁၉၉၀ ျပည့္လြန္ႏွစ္မ်ားတြင္လည္း ေဆာင္႐ြက္ခဲ့ဖူးၿပီး ယခုအခါ (၃၈)ျဖာ မဂၤလာအစီအစဥ္မ်ားကို သဘင္ပညာရွင္မ်ား၊ အႏုပညာရွင္မ်ားျဖင့္ ေဖ်ာ္ေျဖေရး အစီအစဥ္ေကာင္းတစ္ခုအျဖစ္ ဆန္းသစ္ရိုက္ကူး ေဆာင္႐ြက္လ်က္ရွိေၾကာင္းႏွင့္ အဆိုပါ အစီအစဥ္မ်ားကို ျမန္မာ့အသံႏွင့္ ႐ုပ္ျမင္သံၾကားတြင္ မၾကာမီတင္ဆက္ ထုတ္လႊင့္ျပသသြားမည္ျဖစ္ေၾကာင္း သိရသည္။

#mhtnews