မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းတစ်သင်းဖြစ်သည့် ရန်ကုန်ယူနိုက်တက် ဘောလုံးအသင်းသည် လေ့ကျင့်ရေး အစီအစဉ်များကို ယနေ့ (မေ ၉ ရက်) မနက်ပိုင်းတွင် ပြန်လည်စတင်ခဲ့ကြောင်း ၎င်းအသင်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ထုတ်ပြန်ထားသည်။

ကာလ အတန်ကြာ ရပ်နားထားသည့် အဆိုပါ လေ့ကျင့်မှုများကို ရန်ကုန်ယူနိုက်တက်အသင်း အိမ်ကွင်းတွင် စတင်ပြုလုပ်ခဲ့ တာဖြစ်ပြီး ကစားသမား ၂၆ ဦးနှင့် စတင် လေ့ကျင့်သွားမည်ဖြစ်သော်လည်း လက်ရှိတွင် မြန်မာ့လက်ရွေးစင် အသင်းကြီးတွင် ရောက်ရှိနေသည့် ကစားသမား ၂ ဦးနှင့် ယူ-၂၃ အသင်းတွင် ရောက်ရှိနေသည့် ကစားသမား ၅ ဦးမှလွဲ၍ ကျန်ကစားသမားသမား ၁၉ ဦးနှင့် လေ့ကျင့်မှုများကို စတင်နေခြင်းဖြစ်ကာ နည်းပြချုပ်အဖြစ် ဦးမင်းထွန်းလင်းက တာဝန်ယူသွားမှာဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲများကို ပြန်လည်ကျင်းပရန် တရားဝင် ထုတ်ပြန်ထားထားခြင်းမရှိသေးသော်လည်း ပြိုင်ပွဲများကျင်းပလာချိန်တွင် အဆင်သင့်ဖြစ်နေရန် ကြိုတင်လေ့ကျင့်မှုများကို ပြုလုပ်သွားမှာဖြစ်ကြောင်း ရန်ကုန်ယူနိုက်တက်အသင်း၏ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကို ၂၀၀၉ က စတင်ကျင်းပခဲ့ရာ ရန်ကုန်ယူနိုက်တက် အသင်းအနေဖြင့် ချန်ပီယံဆု ၅ ကြိမ် ရယူ ထားပြီး အအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်နိုင်ခဲ့ကာ ၂၀၂၀ ခုနှစ်တွင် နောက်ဆုံး ကျင်းပခဲ့သည့်ပြိုင်ပွဲ၌ ရှမ်းယူနိုက်တက် အသင်းက ချန်ပီယံဆုကို ရယူထားနိုင်ခဲ့ကြောင်း သိရသည်။

#mhtnews

(Zawgyi)

“ျမန္မာေနရွင္နယ္လိဂ္ကလပ္ ရန္ကုန္ယူနိုက္တက္ေဘာလုံးအသင္း ေလ့က်င့္ေရး အစီအစဥ္မ်ား ျပန္လည္စတင္”

ျမန္မာေနရွင္နယ္လိဂ္ ကလပ္အသင္းတစ္သင္းျဖစ္သည့္ ရန္ကုန္ယူနိုက္တက္ ေဘာလုံးအသင္းသည္ ေလ့က်င့္ေရး အစီအစဥ္မ်ားကို ယေန႕ (ေမ ၉ ရက္) မနက္ပိုင္းတြင္ ျပန္လည္စတင္ခဲ့ေၾကာင္း ၎အသင္း၏ ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာတြင္ ထုတ္ျပန္ထားသည္။

ကာလ အတန္ၾကာ ရပ္နားထားသည့္ အဆိုပါ ေလ့က်င့္မႈမ်ားကို ရန္ကုန္ယူနိုက္တက္အသင္း အိမ္ကြင္းတြင္ စတင္ျပဳလုပ္ခဲ့ တာျဖစ္ၿပီး ကစားသမား ၂၆ ဦးႏွင့္ စတင္ ေလ့က်င့္သြားမည္ျဖစ္ေသာ္လည္း လက္ရွိတြင္ ျမန္မာ့လက္ေ႐ြးစင္ အသင္းႀကီးတြင္ ေရာက္ရွိေနသည့္ ကစားသမား ၂ ဦးႏွင့္ ယူ-၂၃ အသင္းတြင္ ေရာက္ရွိေနသည့္ ကစားသမား ၅ ဦးမွလြဲ၍ က်န္ကစားသမားသမား ၁၉ ဦးႏွင့္ ေလ့က်င့္မႈမ်ားကို စတင္ေနျခင္းျဖစ္ကာ နည္းျပခ်ဳပ္အျဖစ္ ဦးမင္းထြန္းလင္းက တာဝန္ယူသြားမွာျဖစ္ေၾကာင္း သိရသည္။

လက္ရွိအခ်ိန္တြင္ ျမန္မာေနရွင္နယ္လိဂ္ၿပိဳင္ပြဲမ်ားကို ျပန္လည္က်င္းပရန္ တရားဝင္ ထုတ္ျပန္ထားထားျခင္းမရွိေသးေသာ္လည္း ၿပိဳင္ပြဲမ်ားက်င္းပလာခ်ိန္တြင္ အဆင္သင့္ျဖစ္ေနရန္ ႀကိဳတင္ေလ့က်င့္မႈမ်ားကို ျပဳလုပ္သြားမွာျဖစ္ေၾကာင္း ရန္ကုန္ယူနိုက္တက္အသင္း၏ တာဝန္ရွိသူတစ္ဦးက ေျပာျပသည္။

ျမန္မာေနရွင္နယ္လိဂ္ၿပိဳင္ပြဲကို ၂၀၀၉ က စတင္က်င္းပခဲ့ရာ ရန္ကုန္ယူနိုက္တက္ အသင္းအေနျဖင့္ ခ်န္ပီယံဆု ၅ ႀကိမ္ ရယူ ထားၿပီး အေအာင္ျမင္ဆုံးအသင္းအျဖစ္ ရပ္တည္နိုင္ခဲ့ကာ ၂၀၂၀ ခုႏွစ္တြင္ ေနာက္ဆုံး က်င္းပခဲ့သည့္ၿပိဳင္ပြဲ၌ ရွမ္းယူနိုက္တက္ အသင္းက ခ်န္ပီယံဆုကို ရယူထားနိုင္ခဲ့ေၾကာင္း သိရသည္။

#mhtnews