အရည်အသွေးကောင်း မြန်မာ့စိန်တလုံးသရက်သီးများကို စင်ကာပူနိုင်ငံစျေးကွက်သို့ မေ ၇ ရက်ကစတင်ကာ လေကြောင်းဖြင့် လည်းကောင်း ၊ မေ ၉ ရက်တွင် သင်္ဘောလိုင်းဖြင့်လည်းကောင်း အသီးသီး စတင်တင်ပို့နေပြီဖြစ်ကြောင်း ပလိပ်မြို့ရှိ သဇင်နွယ်သရက်ခြံမှ သိရသည်။
“ စင်ကာပူလေကြောင်းလိုင်းနဲ့က အရင်ကလည်း တင်ပို့ခဲ့ပါတယ်။ ကိုဗစ်-၁၉ ရောဂါကြောင့် မနှစ်ကတော့ မတင်ပို့နိုင်ခဲ့ပေမယ့် အရင်ဝယ်လက်ဟောင်းတွေနဲ့ပဲ အခုပြန်တင်ပို့နေတာပါ။ တောင်သူတွေ တရုတ်စျေးကွက်မှာ တွက်ခြေမကိုက်ပေမယ့် အရည်အသွေးကောင်းရင် ကောင်းသလို စျေးကောင်းပေးဝယ်ပါတယ်။ သဇင်နွယ်အနေနဲ့ သရက်သီးကို အရည်အသွေးအလိုက် အကုန်ဝယ်ပေးတာဖြစ်လို့ လာရောင်းတဲ့ တောင်သူတွေအတွက် အသီးတိုင်း ငွေဖြစ်ပါတယ်။ သရက်သီးတွေကို အရွယ်အစားအလိုက် ပို့ကုန်တင်တာတင်၊ ပြည်တွင်းရောင်းတာရောင်း ၊သရက်သီးအနှစ်အတွက်လည်းဝယ်ယူပေးတာဖြစ်လို့ တောင်သူတွေ အဆင်ပြေစေပါတယ်။ အကျိုးအမြတ်ထက် ပြည်တွင်းစိန်တလုံးကို နိုင်ငံတကာစျေးကွက်မှာ ပေါက်စေချင်တာပါ။ဒါမှာ ရည်ရှည်မှာ သရက်တောင်သူတွေ စျေးကွက်အသစ်နဲ့ စျေးကောင်းရရှိမှာပါ။ ထုပ်ပိုးတင်ပို့မှုစနစ်တွေကိုတော့ နိုင်ငံတကာအဆင့်မီ ပြုပြင်တင်ပို့ရပါတယ်” ဟုသဇင်နွယ်သရက်ခြံ မန်နေဂျာ ဦးဌေးအောင်က ပြောသည်။
ပြည်တွင်းတောင်သူများမှာ တရုတ်နိုင်ငံစျေးကွက်သို့ ယခင်ကဲ့သို့ တိုက်ရိုက်တင်ပို့နိုင်ခြင်းမရှိတော့သော်လည်း မူဆယ်ပွဲရုံများမှ ခြံပြတ်စျေးဝယ်ယူကာ တင်ပို့နေကြသကဲ့သို့ စင်ကာပူနိုင်ငံစျေးသို့ တင်ပို့ရန် အရည်အသွေးကောင်း သရက်သီးများ ရွေးချယ်ဝယ်ယူကာ တင်ပို့မှုများလည်း ရှိနေသည်ဟု သိရသည်။
လက်ရှိအချိန်တွင် ပြည်တွင်းစျေးကွက်မှာလည်း ယခင်နှစ်ထက် စျေးပိုမိုရရှိနေသော်လည်း သရက်ခြံအများစုမှာ နှစ်နှစ်ဆက်တိုက် စျေးကွက်ပျက် စျေးကောင်းမရှိခဲ့ခြင်းကြောင့် ခြံပြုပြင်မှုနည်းပါးခြင်း၊ သွင်းအားစုသုံးစွဲမှု လျော့ချထားခြင်း ၊သရက်သီးအိတ်စွပ် အရေအတွက်လျော့နည်းခြင်းများကြောင့် ယခင်နှစ်ထက် သရက်သီးထွက်ရှိမှုလျော့ကျနေကြောင်း မြန်မာ့သရက် စျေးကွက်နှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်း အတွင်းရေးမှူး ဦးကျော်စိုးနိုင်က ပြောသည်။
“ စျေးကွက်က နှစ်နှစ်ဆက်တိုက်စျေးကောင်းမရေတာ့ တောင်သူတွေ ခြံပြင်ဆင်မှု အားနည်းတယ်။သွင်းအားစုစျေးတွေတက်တော့ လုပ်သားခ အိတ်စျေးတွေ မြင့်တော့ ဒီအတိုင်းပစ်ထားတာများတယ်။ အချို့လည်း အိတ်စွပ်ကြပါတယ်။ ဒါပေမယ့် ၅၀ရာခိုင်နှုန်းတောင် မပြည့်ချင်ဘူး။ ဒီနှစ်မှာတော့ အသီးအထွက်နည်းတော့ စျေးကောင်းရကြပါတယ်။ ကုန်ကျစရိတ်တွေလည်းမြင့်တော့ တောင်သူတွေကတော့ စျေးရတယ်ဆိုပေမယ့် ဒုန်းရင်းအတိုင်းပါပဲ။ လာမည့်နှစ်တွေမှာ ကုန်သွယ် ရေးလမ်းကြောင်းတွေ ကောင်းရန်တော့ စျေးကွက်မြင့်မားလာမှာပါ။ သရက်သီးစျေးကွက်က ဒီနှစ် ပြည်တွင်းကို ပြန်ရွေ့လာတဲ့ သဘောတော့ဖြစ်လာပြီ။ မူဆယ်ပွဲရုံတွေခြံတွေ အရောက်ဆင်းဝယ်သလို ၊အခြားပို့ ကုန်သမားတွေလည်း စျေးမြင့်ပေးဝယ်လာပါတယ်။ ပို့ကုန်ဖြစ်ပြည်တွင်းရောင်းရောင်း သရက်သီးကတော့ အိတ်စွပ်သီးမှာပဲ စျေးကောင်းရပါတယ်” ဟု ၎င်းကပြောသည်။
ယခင်နှစ်နှစ်က သရက်သီးပေါ်ချိန်တွင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်မှု ၊နိုင်ငံရေးအပြောင်းအလဲများကြောင့် လမ်းပန်းဆက်သွယ်ရေး အဆင်မပြေဖြစ်ကာ သရက်သီးတင်ပို့မှုလျော့ကျခဲ့ပြီး ပြည်တွင်း စျေးကွက်တွင်သာရောင်းချခဲ့ရကြောင်း သိရသည်။
ယခုနှစ်တွင် တရုတ်နိုင်ငံသို့တင်ပို့ရာတွင်လည်း ယွမ်ငွေစျေးမြင့်တက်နေတာကြောင့် တရုတ်နိုင်ငံစျေးကွက်တွင် စိန်တလုံးသရက်သီး ၁၆ ကီလို တစ်ခြင်းလျှင် ယွမ် ၁၀၀ ကျော် ၊မြန်မာငွေ ကျပ် ၃၂,၀၀၀ ခန့် ကြမ်းခင်းစျေးပေါက်စျေးရှိကာ တောင်သူ များစျေးကောင်းရရှိလာသလို ပြည်တွင်းစျေးကွက်တွင်လည်း ၃၀၀-၃၅၀ ဂရမ်သရက်သီးတစ်လုံး ကျပ် ၆၀၀-၇၀၀ ပေါက်စျေးရှိကြောင်း သိရသည်။
#mhtnews
(Zawgyi)
“မြန်မာနိုင်ငံမှ စိန်တလုံးသရက်သီး စင်ကာပူနိုင်ငံဈေးကွက်သို့ လေကြောင်းလိုင်း၊ သင်္ဘောလိုင်းတို့ဖြင့် စတင်ပို့ဆောင်”
အရည်အသွေးကောင်း မြန်မာ့စိန်တလုံးသရက်သီးများကို စင်ကာပူနိုင်ငံဈေးကွက်သို့ မေ ၇ ရက်ကစတင်ကာ လေကြောင်းဖြင့် လည်းကောင်း ၊ မေ ၉ ရက်တွင် သင်္ဘောလိုင်းဖြင့်လည်းကောင်း အသီးသီး စတင်တင်ပို့နေပြီဖြစ်ကြောင်း ပလိပ်မြို့ရှိ သဇင်နွယ်သရက်ခြံမှ သိရသည်။
ပြည်တွင်းတောင်သူများမှာ တရုတ်နိုင်ငံဈေးကွက်သို့ ယခင်ကဲ့သို့ တိုက်ရိုက်တင်ပို့နိုင်ခြင်းမရှိတော့သော်လည်း မူဆယ်ပွဲရုံများမှ ခြံပြတ်ဈေးဝယ်ယူကာ တင်ပို့နေကြသကဲ့သို့ စင်ကာပူနိုင်ငံဈေးသို့ တင်ပို့ရန် အရည်အသွေးကောင်း သရက်သီးများ ရွေးချယ်ဝယ်ယူကာ တင်ပို့မှုများလည်း ရှိနေသည်ဟု သိရသည်။
လက်ရှိအချိန်တွင် ပြည်တွင်းဈေးကွက်မှာလည်း ယခင်နှစ်ထက် ဈေးပိုမိုရရှိနေသော်လည်း သရက်ခြံအများစုမှာ နှစ်နှစ်ဆက်တိုက် ဈေးကွက်ပျက် ဈေးကောင်းမရှိခဲ့ခြင်းကြောင့် ခြံပြုပြင်မှုနည်းပါးခြင်း၊ သွင်းအားစုသုံးစွဲမှု လျော့ချထားခြင်း ၊သရက်သီးအိတ်စွပ် အရေအတွက်လျော့နည်းခြင်းများကြောင့် ယခင်နှစ်ထက် သရက်သီးထွက်ရှိမှုလျော့ကျနေကြောင်း မြန်မာ့သရက် ဈေးကွက်နှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်း အတွင်းရေးမှူး ဦးကျော်စိုးနိုင်က ပြောသည်။
ယခင်နှစ်နှစ်က သရက်သီးပေါ်ချိန်တွင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်မှု ၊နိုင်ငံရေးအပြောင်းအလဲများကြောင့် လမ်းပန်းဆက်သွယ်ရေး အဆင်မပြေဖြစ်ကာ သရက်သီးတင်ပို့မှုလျော့ကျခဲ့ပြီး ပြည်တွင်း ဈေးကွက်တွင်သာရောင်းချခဲ့ရကြောင်း သိရသည်။
ယခုနှစ်တွင် တရုတ်နိုင်ငံသို့တင်ပို့ရာတွင်လည်း ယွမ်ငွေဈေးမြင့်တက်နေတာကြောင့် တရုတ်နိုင်ငံဈေးကွက်တွင် စိန်တလုံးသရက်သီး ၁၆ ကီလို တစ်ခြင်းလျှင် ယွမ် ၁၀၀ ကျော် ၊မြန်မာငွေ ကျပ် ၃၂,၀၀၀ ခန့် ကြမ်းခင်းဈေးပေါက်ဈေးရှိကာ တောင်သူ များဈေးကောင်းရရှိလာသလို ပြည်တွင်းဈေးကွက်တွင်လည်း ၃၀၀-၃၅၀ ဂရမ်သရက်သီးတစ်လုံး ကျပ် ၆၀၀-၇၀၀ ပေါက်ဈေးရှိကြောင်း သိရသည်။
#mhtnews