န်မာတစ်နိုင်ငံလုံး၌ (၂၄) နာရီအတွင်း ဓာတ်ခွဲနမူနာ ၇ ထောင်ကျော်ကို စစ်ဆေးခဲ့ရာ ကိုဗစ်- ၁၉ ရောဂါ ကူးစက်ခံရသူ ၁၀ ဦးသာရှိပြီး တစ်ရက်အတွင်း ကူးစက်ခံရမှုမှာ ၁ ရာခိုင်နှုန်းအောက်သို ဆက်လက်ကျဆင်းခဲ့ကာ ကိုဗစ်ကြောင့် ထပ်မံသေဆုံးသူ မရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

မေ ၉ ရက် ည ၈ နာရီမှ မေ ၁၀ ရက် ည ၈ နာရီအထိ မြန်မာတစ်နိုင်ငံလုံးတွင် ကိုဗစ်- ၁၉ ရောဂါ ဓါတ်ခွဲနမူနာစုစုပေါင်း (၇၃၅၀) ခုကို စစ်ဆေးခဲ့ရာ ဓါတ်ခွဲအတည်ပြုလူနာသစ် (၁၀) ဦးတွေ့ရှိရသဖြင့် ကူးစက်မှု (၀ ဒဿမ ၁၄) ရာခိုင်နှုန်းသာရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးမှုများကို လေ့လာသုံးသပ်ကြည့်ရာတွင် ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံမှုခံယူထားခြင်းဖြင့် ရောဂါကြောင့် သေဆုံးရမှုကို ၇ ဆခန့်အထိ လျှော့ချနိုင်သည်ကို တွေ့ရှိရကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
#mhtnews

(Zawgyi)
“ျမန္မာတစ္နိုင္ငံလုံးမွာ ကိုဗစ္- ၁၉ ေရာဂါကူးစက္ခံရသူ ၁၀ ဦးသာရွိၿပီး ကိုဗစ္ေၾကာင့္ ထပ္မံေသဆုံးသူ မရွိ”

ျမန္မာတစ္နိုင္ငံလုံး၌ (၂၄) နာရီအတြင္း ဓာတ္ခြဲနမူနာ ၇ ေထာင္ေက်ာ္ကို စစ္ေဆးခဲ့ရာ ကိုဗစ္- ၁၉ ေရာဂါ ကူးစက္ခံရသူ ၁၀ ဦးသာရွိၿပီး တစ္ရက္အတြင္း ကူးစက္ခံရမႈမွာ ၁ ရာခိုင္ႏႈန္းေအာက္သို႔ ဆက္လက္က်ဆင္းခဲ့ကာ ကိုဗစ္ေၾကာင့္ ထပ္မံေသဆုံးသူ မရွိခဲ့ေၾကာင္း က်န္းမာေရးဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္အရ သိရသည္။

ေမ ၉ ရက္ ည ၈ နာရီမွ ေမ ၁၀ ရက္ ည ၈ နာရီအထိ ျမန္မာတစ္နိုင္ငံလုံးတြင္ ကိုဗစ္- ၁၉ ေရာဂါ ဓါတ္ခြဲနမူနာစုစုေပါင္း (၇၃၅၀) ခုကို စစ္ေဆးခဲ့ရာ ဓါတ္ခြဲအတည္ျပဳလူနာသစ္ (၁၀) ဦးေတြ႕ရွိရသျဖင့္ ကူးစက္မႈ (၀ ဒႆမ ၁၄) ရာခိုင္ႏႈန္းသာရွိေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားျခင္းျဖစ္သည္။

ျမန္မာနိုင္ငံ၌ ကိုဗစ္-၁၉ ေရာဂါေၾကာင့္ ေသဆုံးမႈမ်ားကို ေလ့လာသုံးသပ္ၾကည့္ရာတြင္ ကာကြယ္ေဆးအႀကိမ္ျပည့္ထိုးႏွံမႈခံယူထားျခင္းျဖင့္ ေရာဂါေၾကာင့္ ေသဆုံးရမႈကို ၇ ဆခန႔္အထိ ေလွ်ာ့ခ်နိဳင္သည္ကို ေတြ႕ရွိရေၾကာင္း က်န္းမာေရးဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္အရ သိရသည္။
#mhtnews