မုတ်သုံစတင်ဝင်ရောက်ပြီဖြစ်တဲ့ မြန်မာနိုင်ငံတောင်ပိုင်းဒေသ၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ကျွန်းစုအတွင်းရှိ ငါးဖမ်းလှေများ ရာသီရပ်နားလိုက်ကြသလို ကျွန်းအပန်းဖြေခရီးစဉ်များ ပိုဆောင်နေတဲ့ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများလည်း ရပ်နားလိုက်ကြပြီလို သိရပါတယ်။

မိုးရာသီစတင်လာတာနဲ့အမှ ပင်လယ်ပြင်အတွင်း လှိင်းလေပြင်းထန်မှုတွေ ရှိလာတာကြောင့် ခရီးသည်တွေရဲ့လုံခြုံမှုအပိုင်း စိတ်မချရတော့တာကြောင့် ပြီးခဲ့တဲ့ မေ ၁၅ ရက်ကစတင်ပြီး လုပ်ငန်းတွေကို ရပ်နားခဲ့ကြတာဖြစ်ပါတယ်။

ကိုဗစ်ကြောင့် ၂ နှစ်ကျော်ရပ်နားထားတဲ့ ခရီးသွားလုပ်ငန်းကို ယခုနှစ်မှာ ပြန်လည်စတင်ခဲ့တာဖြစ်ပြီး မြတ်ကျွန်းစုဒေသမှာ ပြီးခဲ့တဲ့ သင်္ကြန်ကာလအတွင်းက ခရီးသွား ၁၀၀၀ ဝန်းကျင်လောက် လာရောက်လည်ပတ်ခဲ့ကြသလို ကော့သောင်းဘက်မှာတော့ ဟိုတယ်တွေ ပြည့်တဲ့အထိ ခရီးသွားတွေ အတော်များခဲ့တယ်လို ခရီးသွားဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်တဲ့ ဒေသခံတွေဆီက သိရှိရပါတယ်။
#mhtnews

(Zawgyi)
“မုတ်သုံစတင်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံ တောင်ပိုင်းဒေသရှိ မြိတ်ကျွန်းစုအတွင်း ငါးဖမ်းလုပ်ငန်းများနဲ့ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများရပ်နား”

မုတ်သုံစတင်ဝင်ရောက်ပြီဖြစ်တဲ့ မြန်မာနိုင်ငံတောင်ပိုင်းဒေသ၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ကျွန်းစုအတွင်းရှိ ငါးဖမ်းလှေများ ရာသီရပ်နားလိုက်ကြသလို ကျွန်းအပန်းဖြေခရီးစဉ်များ ပို့ဆောင်နေတဲ့ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများလည်း ရပ်နားလိုက်ကြပြီလို့ သိရပါတယ်။


ကိုဗစ်ကြောင့် ၂ နှစ်ကျော်ရပ်နားထားတဲ့ ခရီးသွားလုပ်ငန်းကို ယခုနှစ်မှာ ပြန်လည်စတင်ခဲ့တာဖြစ်ပြီး မြတ်ကျွန်းစုဒေသမှာ ပြီးခဲ့တဲ့ သင်္ကြန်ကာလအတွင်းက ခရီးသွား ၁၀၀၀ ဝန်းကျင်လောက် လာရောက်လည်ပတ်ခဲ့ကြသလို ကော့သောင်းဘက်မှာတော့ ဟိုတယ်တွေ ပြည့်တဲ့အထိ ခရီးသွားတွေ အတော်များခဲ့တယ်လို့ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်တဲ့ ဒေသခံတွေဆီက သိရှိရပါတယ်။
#mhtnews