မိုကရေစီအမည်ခံ အဖျက်သမားတွေက သူတို့ရဲ့ မဟုတ်မမှန် ဝါဒဖြန့်ပြောဆိုမှုတွေ ဆောင်ရွက်နိုင်ဖို့အတွက် ပြန်ကြားရေးဝန်ကြီးဌာနက ဆောင်ရွက်နေတဲ့ သတင်းအချက်အလက်ဖြန့်ဝေတဲ့ သတင်းမီဒီယာလုပ်ငန်းတွေကို ဟန့်တားနှောင့်ယှက်နေတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းပြောဆိုလိုက်ပါတယ်။

ယမန်နေ့က ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်က ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန အစည်းအဝေး ခန်းမမှာ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဝင်များနဲ့တွေ့ဆုံရာမှာ အဲဒီလို ပြောဆိုခဲ့တာပါ။

ဒါ့အပြင် ပြည်ထောင်စုဝန်ကြီးက မီဒီယာလုပ်ငန်းများကို မည်သို့ပင် ဟန့်တားနှောင့်ယှက်စေကာမူ နိုင်ငံနဲ့ ပြည်သူအတွက် နည်းလမ်းမျိုးစုံနဲ့ ကြိုးပမ်းဆောင်ရွက်နေမှာဖြစ်ကြောင်းလည်း ပြောဆိုခဲ့ပါသေးတယ်။

“ကျွန်တော်တို့ ဝန်ကြီးဌာနအနေနဲ့ ပြည်သူတွေ အသိအမြင် အတွေးအခေါ်မှန်ကန်ပြီး နေ့စဉ်လူမှုဘဝတွေကို အေးချမ်းစွာ လုပ်ကိုင်ဆောင်ရွက်နိုင်ဖို့အတွက် မီဒီယာနည်းလမ်းတွေနဲ့ ဆောင်ရွက်လျက်ရှိပါတယ်။ ယနေ့ အချိန်မှာ ကျွန်တော်တို့ရဲ့ သတင်းမှန်ထုတ်ပြန်ရေးလုပ်ငန်းတွေကို မသမာသူတွေက ဟန့်တားနှောင့်ယှက် နေကြတယ်။ တစ်နည်းအားဖြင့် ဒီမိုကရေစီအမည်ခံ အဖျက်သမားတွေက သူတို့ရဲ့ မဟုတ်မမှန် ဝါဒဖြန့် ပြောဆိုမှုတွေ ဆောင်ရွက်နိုင်ဖို့အတွက် ပြန်ကြားရေးဝန်ကြီးဌာနက ဆောင်ရွက်နေတဲ့ သတင်းအချက်အလက် ဖြန့်ဝေတဲ့ သတင်းမီဒီယာလုပ်ငန်းတွေကို ဟန့်တားနှောင့်ယှက်နေတယ်။ ကျွန်တော်တို့ရဲ့ မီဒီယာလုပ်ငန်း တွေကို မည်သို့ပင် ဟန့်တားနှောင့်ယှက်စေကာမူ နိုင်ငံနဲ့ ပြည်သူအတွက် နည်းလမ်းမျိုးစုံနဲ့ ကျွှန်တော်တို့ ကြိုး ပမ်းဆောင်ရွက်နေမှာဖြစ်တယ်” ဟု ပြည်ထောင်စုဝန်ကြီးက ပြောဆိုခဲ့တာပါ။

ဆက်လက်ပြီးတော့လည်း ပြည်ထောင်စုဝန်ကြီးက ယနေ့အချိန်မှာ မိမိတို့နိုင်ငံ တည်ငြိမ်အေးချမ်းမှုကို မလိုလားသူများက နည်းအမျိုးမျိုးနဲ့ နှောင့်ယှက်နေတာကို တွေ့မြင်ရမှာဖြစ်ကြောင်း၊ အထူးသဖြင့် အပြစ်မဲ့ပြည်သူအချို့ကို ဒလန်လို့ စွပ်စွဲပြီး အကြောင်းမဲ့သတ်ဖြတ်မှုတွေ ဆောင်ရွက်နေကြတာကို တွေ့မြင်ရတဲ့အတွက် လွန်စွာစိတ်မကောင်းဖြစ်ရကြောင်း၊ လူပုဂ္ဂိုလ်အချို့ရဲ့ မမှန်မကန် သွေးထိုးမြှောက်ပင့်မှုတွေကြောင့် ဒီမိုကရေစီနဲ့ မယဉ်ပါးသေးတဲ့ လူငယ်လူရွယ်အချို့ လမ်းမှားရောက်ကာ ၎င်းတို့ရဲ့ အနာဂတ်များ ထိခိုက်နစ်နာနေတာကို တွေ့မြင်နေရကြောင်းလည်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။

 #mhtnews

(Zawgyi)

“မိုကရေစီအမည်ခံ အဖျက်သမားတွေက သူတို့ရဲ့ မဟုတ်မမှန် ဝါဒဖြန့်ပြောဆိုမှုတွေ ဆောင်ရွက်နိုင်ဖို့အတွက် ပြန်ကြားရေးဝန်ကြီးဌာနက ဆောင်ရွက်နေတဲ့ သတင်းအချက်အလက်ဖြန့်ဝေတဲ့ သတင်းမီဒီယာလုပ်ငန်းတွေကို ဟန့်တားနှောင့်ယှက်နေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းပြောဆို”






 #mhtnews