ရုရှားစစ်တပ်က မာရီယူပိုးလ်မြိုရှိ Azovstal သံမဏိစက်ရုံကိ “အပြည့်အဝထိန်းချုပ်နိုင်ခဲ့ပြီ” ဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက မေ ၂၀ ရက်မှာ ပြောကြားခဲ့တယ်လို ဆင်ဟွာသတင်းက ဖော်ပြမှုအရ သိရပါတယ်။
“စစ်သွေးကြွတွေ ပုန်းအောင်းနေတဲ့ စက်ရုံထဲက မြေအောက်အဆောက်အအုံတွေဟာ ရုရှားစစ်တပ် ထိန်းချုပ်မှုအောက် ရောက်ရှိလာပါပြီ” ဟု ဝန်ကြီးဌာနက ထုတ်ပြန်ချက်မှာ ပြောကြားထားတယ်လိုဆိုပါတယ်။
“စစ်သွေးကြွ ၅၃၁ ဦးရှိတဲ့ နောက်ဆုံးအုပ်စုဟာ ဒီကနေ့မှာပဲ လက်နက်ချခဲ့တယ်။ Azov Nazis နဲ့ ယူကရိန်း စစ်သားတွေ စုစုပေါင်း ၂,၄၃၉ ဦးဟာ မေ ၁၆ ရက်ကတည်းက လက်နက်ချခဲ့ကြတာပါ” လိုလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီထုတ်ပြန်ချက်အရ ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu က စစ်ဆင်ရေးပြီးဆုံးကြောင်း ရုရှားသမ္မတ ဗလာတီမာပူတင်ထံ အစီရင်ခံခဲ့တယ်လို သိရပါတယ်။
#mhtnews
(Zawgyi)
“မာရီယူပိုးလ်မြို့ရှိ Azovstal သံမဏိစက်ရုံကို ရုရှားစစ်တပ် အပြည့်အဝထိန်းချုပ်နိုင်ခဲ့ပြီဟုဆို”
ရုရှားစစ်တပ်က မာရီယူပိုးလ်မြို့ရှိ Azovstal သံမဏိစက်ရုံကိ အပြည့်အဝထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက မေ ၂၀ ရက်မှာ ပြောကြားခဲ့တယ်လို့ ဆင်ဟွာသတင်းက ဖော်ပြမှုအရ သိရပါတယ်။
စစ်သွေးကြွတွေ ပုန်းအောင်းနေတဲ့ စက်ရုံထဲက မြေအောက်အဆောက်အအုံတွေဟာ ရုရှားစစ်တပ် ထိန်းချုပ်မှုအောက် ရောက်ရှိလာပါပြီ ဟု ဝန်ကြီးဌာနက ထုတ်ပြန်ချက်မှာ ပြောကြားထားတယ်လို့ဆိုပါတယ်။
အဲဒီထုတ်ပြန်ချက်အရ ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu က စစ်ဆင်ရေးပြီးဆုံးကြောင်း ရုရှားသမ္မတ ဗလာတီမာပူတင်ထံ အစီရင်ခံခဲ့တယ်လို့ သိရပါတယ်။
#mhtnews