မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ ကိုင်းမကြီးကျေးရွာရှိ မီးဘေးသင့် အိမ်ထောင်စုများအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပံ့ပိုးကူညီထောက်ပံ့သော နေအိမ်၊ သီးနှံမျိုးစေ့၊ အပေါ့စားမီးသတ်စက်နှင့် အရန်မီးသတ်ဝတ်စုံများ လွှဲပြောင်းထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို မေလ ၆ ရက် ယနေ့နံနက် ၈ နာရီခွဲအချိန်က အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ရာ မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း/ ခရိုင်/ မြို့နယ် အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ထောက်ပံ့ရာတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် ကိုင်းမကြီးကျေးရွာမှ မီးဘေးသင့်အိမ်ထောင်စုများအတွက် ယာယီနေအိမ် ၆၇ လုံးနှင့် အိမ်သာ (၆၇)လုံး လွှဲပြောင်းပေးအပ်လွှာနှင့်အတူ သီးနှံစိုက်တောင်သူများအတွက် မိုးသီးနှံများစိုက်ပျိုးနိုင်ရန် မျိုးသန့် မျိုးစေ့များအဖြစ် မြေပဲမျိုးအတောင့် တင်း ၂၀၀၊ မနောသုခ စပါးမျိုးသန့် ၁၀ တင်း၊ စမုံနက် နှမ်းမျိုးသန့် ၁၅ ဒသမ ၆၈ တင်း၊ ပဲတီစိမ်း (ရေဆင်း-၁၄)မျိုးသန့်မျိုးစေ့ ၁၀ ဒသမ ၅၃ တင်း၊ အပေါ့စားမီးသတ်စက်တစ်စုံ၊ အရန်မီးသတ်ဝတ်စုံနှင့် အရိပ်ရပျိုးပင်များကို ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက အသီးသီးထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါ ကိုင်းမကြီးကျေးရွာသည် ပြီးခဲ့သည့် မတ်လ ၁၁ ရက်နေ့က ပေါ့ဆမီးကြောင့် မီးကြွင်းမီးကျန် မှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ပြီး အိမ်ခြေ (၇၂)အိမ်၊ လူဦးရေပေါင်း (၂၇၀)ဦးတို့ အိုးမဲ့အိမ်မဲ့ဖြစ်ပွားခဲ့ကာ ဒေသခံတောင်သူများ၏ သီးနှံမျိုးစေ့များ မီးလောင်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

#mhtnews

(Zawgyi)

“မင္းဘူး(စကု)ၿမိဳ႕နယ္ ကိုင္းမႀကီးေက်း႐ြာရွိ မီးေဘးသင့္အိမ္ေထာင္စုမ်ားအတြက္ ေနအိမ္၊ သီးႏွံမ်ိဳးေစ့၊ အေပါ့စားမီးသတ္စက္ႏွင့္ အရန္မီးသတ္ဝတ္စုံမ်ား လႊဲေျပာင္းေပးအပ္ပြဲ အခမ္းအနားျပဳလုပ္”

မေကြးတိုင္းေဒသႀကီး၊ မင္းဘူးခရိုင္၊ မင္းဘူး(စကု)ၿမိဳ႕နယ္၊ ကိုင္းမႀကီးေက်း႐ြာရွိ မီးေဘးသင့္ အိမ္ေထာင္စုမ်ားအတြက္ တိုင္းေဒသႀကီးအစိုးရအဖြဲ႕မွ ပံ့ပိုးကူညီေထာက္ပံ့ေသာ ေနအိမ္၊ သီးႏွံမ်ိဳးေစ့၊ အေပါ့စားမီးသတ္စက္ႏွင့္ အရန္မီးသတ္ဝတ္စုံမ်ား လႊဲေျပာင္းေထာက္ပံ့ေပးအပ္ပြဲ အခမ္းအနားကို ေမလ ၆ ရက္ ယေန႕နံနက္ ၈ နာရီခြဲအခ်ိန္က အဆိုပါေက်း႐ြာ၌ က်င္းပျပဳလုပ္ရာ မေကြးတိုင္း ေဒသႀကီး အစိုးရအဖြဲ႕ဝန္ႀကီးခ်ဳပ္ ဦးတင့္လြင္ႏွင့္ တိုင္းေဒသႀကီးအစိုးရအဖြဲ႕ဝင္ ဝန္ႀကီးမ်ား၊ တိုင္း/ ခရိုင္/ ၿမိဳ႕နယ္ အဆင့္ဌာနဆိုင္ရာတာဝန္ရွိသူမ်ား တက္ေရာက္ခဲ့ၾကေၾကာင္း သိရသည္။

ထိုသို႔ေထာက္ပံ့ရာတြင္ မေကြးတိုင္းေဒသႀကီးအစိုးရအဖြဲ႕၏ ပံ့ပိုးကူညီမႈျဖင့္ ကိုင္းမႀကီးေက်း႐ြာမွ မီးေဘးသင့္အိမ္ေထာင္စုမ်ားအတြက္ ယာယီေနအိမ္ ၆၇ လုံးႏွင့္ အိမ္သာ (၆၇)လုံး လႊဲေျပာင္းေပးအပ္လႊာႏွင့္အတူ သီးႏွံစိုက္ေတာင္သူမ်ားအတြက္ မိုးသီးႏွံမ်ားစိုက္ပ်ိဳးနိုင္ရန္ မ်ိဳးသန႔္ မ်ိဳးေစ့မ်ားအျဖစ္ ေျမပဲမ်ိဳးအေတာင့္ တင္း ၂၀၀၊ မေနာသုခ စပါးမ်ိဳးသန႔္ ၁၀ တင္း၊ စမုံနက္ ႏွမ္းမ်ိဳးသန႔္ ၁၅ ဒသမ ၆၈ တင္း၊ ပဲတီစိမ္း (ေရဆင္း-၁၄)မ်ိဳးသန႔္မ်ိဳးေစ့ ၁၀ ဒသမ ၅၃ တင္း၊ အေပါ့စားမီးသတ္စက္တစ္စုံ၊ အရန္မီးသတ္ဝတ္စုံႏွင့္ အရိပ္ရပ်ိဳးပင္မ်ားကို ဝန္ႀကီးခ်ဳပ္ ဦးတင့္လြင္၊ တိုင္းေဒသႀကီးအစိုးရအဖြဲ႕ဝင္ ဝန္ႀကီးမ်ားႏွင့္ တာဝန္ရွိသူမ်ားက အသီးသီးေထာက္ပံ့ေပးအပ္ခဲ့သည္။

အဆိုပါ ကိုင္းမႀကီးေက်း႐ြာသည္ ၿပီးခဲ့သည့္ မတ္လ ၁၁ ရက္ေန႕က ေပါ့ဆမီးေၾကာင့္ မီးႂကြင္းမီးက်န္ မွတစ္ဆင့္ မီးေလာင္မႈျဖစ္ပြားခဲ့ၿပီး အိမ္ေျခ (၇၂)အိမ္၊ လူဦးေရေပါင္း (၂၇၀)ဦးတို႔ အိုးမဲ့အိမ္မဲ့ျဖစ္ပြားခဲ့ကာ ေဒသခံေတာင္သူမ်ား၏ သီးႏွံမ်ိဳးေစ့မ်ား မီးေလာင္ဆုံးရႈံးခဲ့ရေၾကာင္း သိရသည္။

#mhtnews