မကွေးတိုင်းအစိုးရအဖွဲ့ ၊ အတွင်းရေးမှူး ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိုန်ကို အစည်းဝေး အသံဖိုင်ပေါက်ကြားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ယမန်နေ့ (မေ ၃ ရက်)ညပိုင်းက ခေါ်ယူစစ်ဆေးခံနေရတယ်လို့ မကွေး ထွေ / အုပ် အသိုင်းအဝိုင်းဆီက ထွက်ပေါ်လာတဲ့သတင်းတွေအရ သိရပါတယ်။

“သူ့ကို အရင်ကလည်း မကြာခဏ ခေါ်စစ်ခဲ့ဖူးတာတော့ရှိတယ်။ မနေ့ကည ၁၀ နာရီလောက်မှာတော့ ဖမ်းသွားပြီလို့ကြားရတာပဲ။ အစည်းဝေး အသံဖိုင် ခိုးယူဖမ်းပြီး ပြည်ပရောက်မီဒီယာဆီ ပို့လို့ဆိုတဲ့ကိစ္စနဲ့ ပတ်သက်နေတယ်လို့တော့ ကြားသိရတယ်။” လို့ မကွေးတိုင်းအစိုးရအဖွဲ့နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလက မကွေးတိုင်းအစိုးရအဖွဲ့ ၊ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတခုရဲ့မှတ်တမ်းအသံဖိုင်တစ်ခု တရားမဝင်ကူးယူခံရပြီးနောက် အဲ့ဒီအသံဖိုင်ဟာ ပြည်ပရောက်မီဒီယာတခုဆီ အွန်လိုင်းကနေတဆင့် ရောက်ရှိသွားတဲ့ ဖြစ်စဥ်တခု ပေါ်ပေါက်ခဲ့ဖူးပါတယ်။

အဲ့ဒီနောက် အစည်းအဝေးအသံဖိုင် သတင်းပေါက်ကြားမှုနဲ့ပတ်သက်ပြီး မကွေးတိုင်းအစိုးရအဖွဲ့အတွင်း ခေါ်ယူစစ်ဆေးမေးမြန်းမှုတွေရှိခဲ့ပြီးနောက်ပိုင်း တိုင်းအတွင်းရေးမှူး ဦးဝင်းရှိန်ကို ဖမ်းဆီးထိန်းသိမ်းလိုက်တာဖြစ်တယ်လို့ သိရပါတယ်။

ယခုထိန်းသိမ်းခံရတဲ့ မကွေးတိုင်းအစိုးရအဖွဲ့ အတွင်းရေးမှူး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်ဟာ အရင်က အဂတိလိုက်စားမှုနဲ့ ထောင်ဒဏ်နှစ်ရှည်ကျခံခဲ့ရတဲ့ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါ်လဲ့လဲ့မော်ရဲ့ အစိုးရအဖွဲ့မှာလည်း တိုင်းအစိုးရအဖွဲ့အတွင်းရေးမှူးတာဝန်ယူခဲ့သူဖြစ်တယ်လို့လည်း သိရပါတယ်။

#mhtnews

(Zawgyi)

“မေကြးတိုင္းအစိုးရအဖြဲ႕ အတြင္းေရးမႉး၊ ဒုၫႊန္ခ်ဳပ္ဦးဝင္းရွိုန္ကို အစည္းအေဝးအသံဖိုင္ေပါက္ၾကားမႈနဲ႕ ေခၚယူစစ္ေဆးေနဟုဆို”

မေကြးတိုင္းအစိုးရအဖြဲ႕ ၊ အတြင္းေရးမႉး ၊ ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးဝင္းရွိုန္ကို အစည္းေဝး အသံဖိုင္ေပါက္ၾကားတဲ့ ကိစၥနဲ႕ပတ္သက္ၿပီး ယမန္ေန႕ (ေမ ၃ ရက္)ညပိုင္းက ေခၚယူစစ္ေဆးခံေနရတယ္လို႔ မေကြး ေထြ / အုပ္ အသိုင္းအဝိုင္းဆီက ထြက္ေပၚလာတဲ့သတင္းေတြအရ သိရပါတယ္။

“သူ႕ကို အရင္ကလည္း မၾကာခဏ ေခၚစစ္ခဲ့ဖူးတာေတာ့ရွိတယ္။ မေန႕ကည ၁၀ နာရီေလာက္မွာေတာ့ ဖမ္းသြားၿပီလို႔ၾကားရတာပဲ။ အစည္းေဝး အသံဖိုင္ ခိုးယူဖမ္းၿပီး ျပည္ပေရာက္မီဒီယာဆီ ပို႔လို႔ဆိုတဲ့ကိစၥနဲ႕ ပတ္သက္ေနတယ္လို႔ေတာ့ ၾကားသိရတယ္။” လို႔ မေကြးတိုင္းအစိုးရအဖြဲ႕နဲ႕ နီးစပ္သူတေယာက္က ေျပာပါတယ္။

ၿပီးခဲ့တဲ့ ဇန္နဝါရီလက မေကြးတိုင္းအစိုးရအဖြဲ႕ ၊ လုံၿခဳံေရးနဲ႕ တရားဥပေဒစိုးမိုးေရး လုပ္ငန္းညွိႏွိုင္းအစည္းအေဝးတခုရဲ႕မွတ္တမ္းအသံဖိုင္တစ္ခု တရားမဝင္ကူးယူခံရၿပီးေနာက္ အဲ့ဒီအသံဖိုင္ဟာ ျပည္ပေရာက္မီဒီယာတခုဆီ အြန္လိုင္းကေနတဆင့္ ေရာက္ရွိသြားတဲ့ ျဖစ္စဥ္တခု ေပၚေပါက္ခဲ့ဖူးပါတယ္။

အဲ့ဒီေနာက္ အစည္းအေဝးအသံဖိုင္ သတင္းေပါက္ၾကားမႈနဲ႕ပတ္သက္ၿပီး မေကြးတိုင္းအစိုးရအဖြဲ႕အတြင္း ေခၚယူစစ္ေဆးေမးျမန္းမႈေတြရွိခဲ့ၿပီးေနာက္ပိုင္း တိုင္းအတြင္းေရးမႉး ဦးဝင္းရွိန္ကို ဖမ္းဆီးထိန္းသိမ္းလိုက္တာျဖစ္တယ္လို႔ သိရပါတယ္။

ယခုထိန္းသိမ္းခံရတဲ့ မေကြးတိုင္းအစိုးရအဖြဲ႕ အတြင္းေရးမႉး ဒုတိယ ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးဝင္းရွိန္ဟာ အရင္က အဂတိလိုက္စားမႈနဲ႕ ေထာင္ဒဏ္ႏွစ္ရွည္က်ခံခဲ့ရတဲ့ တနသၤာရီတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ေဟာင္း ေဒၚလဲ့လဲ့ေမာ္ရဲ႕ အစိုးရအဖြဲ႕မွာလည္း တိုင္းအစိုးရအဖြဲ႕အတြင္းေရးမႉးတာဝန္ယူခဲ့သူျဖစ္တယ္လို႔လည္း သိရပါတယ္။

#mhtnews