သနပ်ခါးအများဆုံးစိုက်ပျိုးလေ့ရှိသော မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့၌ လက်ရှိအချိန်တွင် အကြမ်းဖက်သောင်းကျန်းသူများကြောင့် ဒေသအခြေအနေ မတည်မငြိမ်မှုများကြောင့် သယ်ယူပို့ဆောင်ရေးအခက် အခဲများရှိနေပြီး ကုန်သည်များအနေဖြင့်လည်း လာရောက်ဝယ်ယူမှုနည်းပါးလျက်ရှိကာ သနပ်ခါးစျေးနှုန်းမှာလည်း ထက်ဝက်ကျော်ကျဆင်းခဲ့ကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
“ကိုဗစ်ဖြစ်တုန်းကတောင် သနပ်ခါးစျေးက အခုလောက်မကျဖူးဘူး၊ အခုကတော့ စျေးကမတန်တဆကြီးကို ကျတာ၊ ၆ ဘီးကားတစ်စီးစာကိုတောင် သိန်း ၂၀ ပဲရတာ။ အရင်ကဆိုရင် အနည်းဆုံး သိန်း ၅၀ အထက်ပဲ။ ခုကျ ရတဲ့စျေးနဲ့ ရောင်းမယ်ဆိုရင်တောင်ဝယ်သူမရှိတော့ တော်တော်လေး အခက်အခဲဖြစ်ရတယ်။ အဆင်မပြေဘူးပေါ့ဗျာ” ဟု ကနီမြို့နယ်မှ သနပ်ခါးစိုက် တောင်သူတစ်ဦးက ပြောသည်။
လက်ရှိအချိန်တွင် သနပ်ခါးတစ်ပင်လျှင် ငွေကျပ် ၁၀၀၀၀ ဝန်းကျင်သာရရှိပြီး Covid 19 ရောဂါဖြစ်ပွားစဉ် အသွား အလာကန့်သတ်မှုကြောင့် စျေးနှုန်းကျဆင်းခဲ့ရသည့် နှစ်မှာပင် သနပ်ခါးတစ်ပင်လျှင် ငွေကျပ် ၃၀၀၀၀ ဝန်းကျင် ရရှိကြောင်း သိရသည်။
ပြုစုစောင့်ရှောက်ရန်အများအပြားလိုအပ်မှုမရှိသည့် သနပ်ခါးပင်များမှာ စစ်ကိုင်းတိုင်း၊ ကနီဒေသတွင်အများ အပြား စိုက်ပျိုးလေ့ရှိပြီး မကွေးတိုင်းတောင်ပိုင်းမှ မြို့နယ်အများအပြားတွင် အလေ့ကျ ပေါက်ရောက်လေ့ရှိကာ ဒေသခံပြည်သူများအနေဖြင့် အပိုဝင်ငွေအများအပြားရရှိလေ့ရှိသည့် လုပ်ငန်းတစ်ခုဖြစ်သော်လည်း အဆိုပါဒေသများ၌ NUG အကြမ်းဖက်အဖွဲ့အစည်း၏ လက်ဝေခံ အကြမ်းဖက်အုပ်စုများ ကြီးစိုးသောင်းကျန်းနေသဖြင့် လမ်းပန်းဆက်သွယ်ရေးအခက်အခဲများနှင့် ရင်ဆိုင်နေကြရပြီး ဒေသခံပြည်သူအများအပြား ဆင်းရဲဒုက္ခ ရောက်နေရခြင်းဖြစ်သည်။
#mhtnews
(Zawgyi)
“မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့တွင် အကြမ်းဖက်အုပ်စုများကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး ဒေသထွက် သနပ်ခါးဈေးအဆမတန်ကျဆင်းမှုကြောင့် သနပ်စိုက်တောင်သူများ အခက်ကြုံနေ”
သနပ်ခါးအများဆုံးစိုက်ပျိုးလေ့ရှိသော မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့၌ လက်ရှိအချိန်တွင် အကြမ်းဖက်သောင်းကျန်းသူများကြောင့် ဒေသအခြေအနေ မတည်မငြိမ်မှုများကြောင့် သယ်ယူပို့ဆောင်ရေးအခက် အခဲများရှိနေပြီး ကုန်သည်များအနေဖြင့်လည်း လာရောက်ဝယ်ယူမှုနည်းပါးလျက်ရှိကာ သနပ်ခါးဈေးနှုန်းမှာလည်း ထက်ဝက်ကျော်ကျဆင်းခဲ့ကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
လက်ရှိအချိန်တွင် သနပ်ခါးတစ်ပင်လျှင် ငွေကျပ် ၁၀၀၀၀ ဝန်းကျင်သာရရှိပြီး Covid 19 ရောဂါဖြစ်ပွားစဉ် အသွား အလာကန့်သတ်မှုကြောင့် ဈေးနှုန်းကျဆင်းခဲ့ရသည့် နှစ်မှာပင် သနပ်ခါးတစ်ပင်လျှင် ငွေကျပ် ၃၀၀၀၀ ဝန်းကျင် ရရှိကြောင်း သိရသည်။
#mhtnews