နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်နှင့် မွန်ပြည်သစ်ပါတီ(NMSP)ဒုဥက္ကဋ္ဌ နိုင်အောင်မင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲတို ယနေ့ (မေ ၂၃ ရက်) နံနက်ပိုင်းတွင် နေပြည်တော်၌ တွေ့ဆုံ၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို နစကဘက်မှ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင်၊ နစက ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ နစက အဖွဲဝင် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းတို တက်ရောက်ခဲ့ကြပြီး မွန်ပြည်သစ်ပါတီဘက်မှ ဒုဥက္ကဋ္ဌ နိုင်အောင်မင်း၊ အထွေထွေအတွင်းရေးမှူး ဦးဝင်းလှ နှင့် အခြား တစ်ဦးတို တက်ရောက်ခဲ့ကြသည်။

မနက်ဖြန် မေလ ၂၄ ရက်တွင် နစက အဖွဲဝင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိင်းရေး ကော်မတီ(NSPNC)ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲနှင့် NMSP ဒုဥက္ကဋ္ဌ နိုင်အောင်မင်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲတို ဆက်လက် ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။
#mhtnews

(Zawgyi)

“ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိင်နှင့် မွန်ပြည်သစ်ပါတီ(NMSP)ဒုတိယဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေး”

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်နှင့် မွန်ပြည်သစ်ပါတီ(NMSP)ဒုဥက္ကဋ္ဌ နိုင်အောင်မင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ ယနေ့ (မေ ၂၃ ရက်) နံနက်ပိုင်းတွင် နေပြည်တော်၌ တွေ့ဆုံ၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ နစကဘက်မှ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင်၊ နစက ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ နစက အဖွဲ့ဝင် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းတို့ တက်ရောက်ခဲ့ကြပြီး မွန်ပြည်သစ်ပါတီဘက်မှ ဒုဥက္ကဋ္ဌ နိုင်အောင်မင်း၊ အထွေထွေအတွင်းရေးမှူး ဦးဝင်းလှ နှင့် အခြား တစ်ဦးတို့ တက်ရောက်ခဲ့ကြသည်။

မနက်ဖြန် မေလ ၂၄ ရက်တွင် နစက အဖွဲ့ဝင် အမျိးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိင်းရေး ကော်မတီ(NSPNC)ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် NMSP ဒုဥက္ကဋ္ဌ နိုင်အောင်မင်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့တို့ ဆက်လက် ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။
#mhtnews