လက်ရှိမှာ အသုံးမပြုတော့ဘဲ စွန့်ပြစ်ထားတဲ့ အသုံးပြုပြီးသား ဖုန်းဆင်းမ်ကတ်တွေကို လိုက်လံဝယ်ယူမှုများ ရှိနေတယ်လို လှိင်သာယာမှာနေထိုင်သူတစ်ဦးဆီက သိရပါတယ်။
အဲဒီလိုဝယ်ယူတဲ့နေရာမှာ ဖုန်းအော်ပရေတာတွေက လိုင်းပိတ်ထားခြင်းမရှိဖိုတော့လိုတယ်လို သူကပြောပါတယ်။
“စက်ဘီးတစ်စီးနဲ့ လိုက်ဝယ်နေတာ။ ဘာလုပ်မှာလဲတော့မသိဘူး။ သူက သုံးထားပြီး ဖုန်းဘေလ်မထည့်တော့တဲ့ ဆင်းကတ်မျိုးပေါ့။ တိုင်တော့တက်ဖိုလိုတယ်။ ဆင်းကတ်တစ်ကတ်ကို ၅၀၀ ကနေ ၁၀၀၀ ကြားပေးတယ်။ ဘာဆင်းကတ်ဖြစ်ဖြစ် တိုင်တက်ရင် အကုန်ဝယ်တယ်။ ကျွန်တော်တိုဆီမှာ အရင်ကဆိုရင် ဒေတာပါတဲ့ဆင်းကတ်တွေကိုဝယ်သုံးပြီး ဒေတာကုန်ရင် မသုံးတော့ဘဲ သိမ်းထားတာတွေရှိတာလေ။ အဲဒီအထဲက လိုင်းမပိတ်သေးတဲ့ကတ်တွေဆိုရင် ရောင်းလိုရတယ်။” လို ပြောပါတယ်။
နစကအနေနဲ့ ဖုန်းဆင်းကတ်တွေကို စနစ်တကျ မှတ်ပုံတင်စေပြီး အခွန်အခတိုးကောက်ကာ အလွယ်တကူဝယ်ယူလိုမရအောင် ဆောင်ရွက်နေစဥ်မှာ ယခုလို ဖုန်းဆင်းကတ်အဟောင်းတွေကို လိုက်လံဝယ်ယူနေတာဟာ သတိပြုစရာအချက်တစ်ချက်ဖြစ်တယ်လို ဝေဖန်ထောက်ပြသူတစ်ဦးက ဆိုပါတယ်။
“ဒါတွေက သတိတော့ထားဖိုလိုမယ်ဗျ။ ဘာလိုလဲဆိုတော့ အကြမ်းဖက်ဖောက်ခွဲမှုတွေမှာ ဒီလိုဆင်းကတ်တွေကို အသုံးနေတာတွေရှိသလို မသမာသူတွေကလည်း တရားဝင် မှတ်ပုံတင်မထားတဲ့ဆင်းကတ်တွေနဲ့ ဥပဒေမဲ့လုပ်ရပ်တွေကို လုပ်နေကြတာမဟုတ်လား။ အဲတော့ဗျာ အကောင်းဆုံးကတော့ အသုံးပြုခြင်းမရှိတဲ့ ဖုန်းဆင်းကတ်တွေကို အော်ပရေတာတွေကနေ အမြန်ဆုံးပိတ်သိမ်းဖို ဆောင်ရွက်သင့်တယ်လိုမြင်တယ်။” လို ပြောဆိုခဲ့တာပါ။
ယခုလို ဖုန်းဆင်းကတ်အဟောင်းတွေ ရောင်းဝယ်နေတာတွေကနေ အကြမ်းဖက်မှုတွေနဲ့ ဒုစရိုက်မှုတွေ ယခုထက် ထူပြောလာမှာကို ပြည်သူတွေအနေနဲ့ စိုးရိမ်နေကြတယ်လို သိရပါတယ်။
#mhtnews
(Zawgyi)
“ဖုန်းအော်ပရေတာတွေက လိုင်းပိတ်ခြင်းမရှိသေးတဲ့ အသုံးပြုပြီးသား ဖုန်းဆင်းမ်ကတ်အဟောင်းများ လိုက်လံဝယ်ယူမှုများရှိနေ”
လက်ရှိမှာ အသုံးမပြုတော့ဘဲ စွန့်ပြစ်ထားတဲ့ အသုံးပြုပြီးသား ဖုန်းဆင်းမ်ကတ်တွေကို လိုက်လံဝယ်ယူမှုများ ရှိနေတယ်လို့ လှိင်သာယာမှာနေထိုင်သူတစ်ဦးဆီက သိရပါတယ်။
အဲဒီလိုဝယ်ယူတဲ့နေရာမှာ ဖုန်းအော်ပရေတာတွေက လိုင်းပိတ်ထားခြင်းမရှိဖို့တော့လိုတယ်လို့ သူကပြောပါတယ်။
နစကအနေနဲ့ ဖုန်းဆင်းကတ်တွေကို စနစ်တကျ မှတ်ပုံတင်စေပြီး အခွန်အခတိုးကောက်ကာ အလွယ်တကူဝယ်ယူလို့မရအောင် ဆောင်ရွက်နေစဉ်မှာ ယခုလို ဖုန်းဆင်းကတ်အဟောင်းတွေကို လိုက်လံဝယ်ယူနေတာဟာ သတိပြုစရာအချက်တစ်ချက်ဖြစ်တယ်လို့ ဝေဖန်ထောက်ပြသူတစ်ဦးက ဆိုပါတယ်။
“ဒါတွေက သတိတော့ထားဖို့လိုမယ်ဗျ။ ဘာလို့လဲဆိုတော့ အကြမ်းဖက်ဖောက်ခွဲမှုတွေမှာ ဒီလိုဆင်းကတ်တွေကို အသုံးနေတာတွေရှိသလို မသမာသူတွေကလည်း တရားဝင် မှတ်ပုံတင်မထားတဲ့ဆင်းကတ်တွေနဲ့ ဥပဒေမဲ့လုပ်ရပ်တွေကို လုပ်နေကြတာမဟုတ်လား။ အဲတော့ဗျာ အကောင်းဆုံးကတော့ အသုံးပြုခြင်းမရှိတဲ့ ဖုန်းဆင်းကတ်တွေကို အော်ပရေတာတွေကနေ အမြန်ဆုံးပိတ်သိမ်းဖို့ ဆောင်ရွက်သင့်တယ်လို့မြင်တယ်။” လို့ ပြောဆိုခဲ့တာပါ။
ယခုလို ဖုန်းဆင်းကတ်အဟောင်းတွေ ရောင်းဝယ်နေတာတွေကနေ အကြမ်းဖက်မှုတွေနဲ့ ဒုစရိုက်မှုတွေ ယခုထက် ထူပြောလာမှာကို ပြည်သူတွေအနေနဲ့ စိုးရိမ်နေကြတယ်လို့ သိရပါတယ်။
#mhtnews