ပြည်ပနိုင်ငံများရှိ မြန်မာအလုပ်သမားများ သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေနှင့်အညီ ရပိုင်ခွင့်များ ရရှိခံစားနိုင်စေရန် ကိုရီးယား၊ ထိုင်းနှင့် မလေးရှားတို့တွင် အလုပ်သမားအရာရှိများ ခန့်အပ်၍ မြန်မာရွှေ့ပြောင်းအလုပ်သမားများအား ကာကွယ်စောင့်ရှောက်ပေးလျက်ရှိကြောင်း အလုပ်သမားနေ့အခမ်းအနားသို့ပေးပို့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ သဝဏ်လွှာဖော်ပြမှုအရ သိရသည်။

ထို့အပြင် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ပြည်ပနိုင်ငံများသို့ လုံခြုံစိတ်ချစွာ ရွှေ့ပြောင်းသွားလာ လုပ်ကိုင်နိုင်ရန်နှင့် ကာကွယ် စောင့်ရှောက်မှုများ ထိရောက်စွာပေးနိုင်ရန် ထိုင်းနိုင်ငံ၊ ကိုရီးယား သမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံတို့နှင့် နည်းပညာအလုပ်သင် သင်တန်းသားဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးစာချွန်လွှာနှင့် ကျွမ်းကျင်လုပ်သားဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာများ လက်မှတ်ရေးထိုး ဆောင်ရွက်လျက်ရှိကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး၏ သဝဏ်လွှာ၌ ထည့်သွင်းဖော်ပြထားသည်။

အလားတူ အလုပ်သမားများ၏ လူမှုဘဝလုံခြုံရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ပိုမိုခံစားရရှိနိုင်စေရန် နိုင်ငံတစ်ဝန်းရှိ အာမခံအလုပ်သမားများအား အလုပ်သမားဆေးရုံကြီး (၃) ရုံနှင့် လူမှုဖူလုံရေး ဆေးခန်းများတွင် ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းနှင့် ငွေကြေးအကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်းတို့ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

#mhtnews

(Zawgyi)

“ျပည္ပနိုင္ငံမ်ားရွိ ျမန္မာအလုပ္သမားမ်ား သက္ဆိုင္ရာနိုင္ငံ၏ ဥပေဒႏွင့္အညီ ရပိုင္ခြင့္မ်ား ရရွိခံစားနိုင္ေစရန္ ကိုရီးယား၊ ထိုင္းႏွင့္ မေလးရွားတို႔တြင္ အလုပ္သမားအရာရွိမ်ား ခန႔္အပ္၍ ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမားမ်ားအား ကာကြယ္ေစာင့္ေရွာက္ ေပးလ်က္ရွိ”

ျပည္ပနိုင္ငံမ်ားရွိ ျမန္မာအလုပ္သမားမ်ား သက္ဆိုင္ရာနိုင္ငံ၏ ဥပေဒႏွင့္အညီ ရပိုင္ခြင့္မ်ား ရရွိခံစားနိုင္ေစရန္ ကိုရီးယား၊ ထိုင္းႏွင့္ မေလးရွားတို႔တြင္ အလုပ္သမားအရာရွိမ်ား ခန႔္အပ္၍ ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမားမ်ားအား ကာကြယ္ေစာင့္ေရွာက္ေပးလ်က္ရွိေၾကာင္း အလုပ္သမားေန႕အခမ္းအနားသို႔ေပးပို႔သည့္ နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လွိုင္၏ သဝဏ္လႊာေဖာ္ျပမႈအရ သိရသည္။

ထို႔အျပင္ ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမားမ်ား ျပည္ပနိုင္ငံမ်ားသို႔ လုံၿခဳံစိတ္ခ်စြာ ေ႐ႊ႕ေျပာင္းသြားလာ လုပ္ကိုင္နိုင္ရန္ႏွင့္ ကာကြယ္ ေစာင့္ေရွာက္မႈမ်ား ထိေရာက္စြာေပးနိုင္ရန္ ထိုင္းနိုင္ငံ၊ ကိုရီးယား သမၼတနိုင္ငံ၊ ဂ်ပန္နိုင္ငံတို႔ႏွင့္ နည္းပညာအလုပ္သင္ သင္တန္းသားဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ေရးစာခြၽန္လႊာႏွင့္ ကြၽမ္းက်င္လုပ္သားဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္မႈ စာခြၽန္လႊာမ်ား လက္မွတ္ေရးထိုး ေဆာင္႐ြက္လ်က္ရွိေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီး၏ သဝဏ္လႊာ၌ ထည့္သြင္းေဖာ္ျပထားသည္။

အလားတူ အလုပ္သမားမ်ား၏ လူမႈဘဝလုံၿခဳံေရးႏွင့္ က်န္းမာေရးေစာင့္ေရွာက္မႈမ်ားကို ပိုမိုခံစားရရွိနိုင္ေစရန္ နိုင္ငံတစ္ဝန္းရွိ အာမခံအလုပ္သမားမ်ားအား အလုပ္သမားေဆး႐ုံႀကီး (၃) ႐ုံႏွင့္ လူမႈဖူလုံေရး ေဆးခန္းမ်ားတြင္ က်န္းမာေရး ေစာင့္ေရွာက္မႈေပးျခင္းႏွင့္ ေငြေၾကးအက်ိဳးခံစားခြင့္မ်ား ခြင့္ျပဳထုတ္ေပးျခင္းတို႔ ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း သိရသည္။

#mhtnews