AHA Centre မှတစ်ဆင့် လှူဒါန်းမည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ စီမံခန့်ခွဲရေး လုပ်ငန်းအဖွဲ့(Task Force) ဥက္ကဋ္ဌ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်၍ မြန်မာလုပ်ငန်းအဖွဲ့အဖွဲ့ဝင်များ ဖြစ်ကြသည့် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အေးထွန်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်နှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ ပါဝင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့သည် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့၌ ယမန်နေ့တွင် ကျင်းပခဲ့သော မြန်မာနိုင်ငံသို့ အာဆီယံ၏ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးအပ်ရေးဆိုင်ရာ အစည်းအဝေး (Consultative Meeting on ASEAN Humanitarian Assistance to Myanmar) သို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်ဖြစ်သူ ကမ္ဘောဒီးယားနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဝန်ကြီး H.E. Mr. Prak Sokhonn နှင့် အာဆီယံလူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူးဖြစ်သည့် အာဆီယံအတွင်းရေးမှူးချုပ် H.E. Dato Lim Jock Hoi တို့က ပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက်ခဲ့ကြသည်။

အစည်းအဝေးသို့ ဖနောင်ပင်မြို့ အခြေစိုက်အာဆီယံသံရုံးများမှ သံရုံးအကြီးအကဲများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ အာဆီယံ၏ ပြင်ပမိတ်ဖက်နိုင်ငံများနှင့် AHA Centre တို့မှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် “မည်သူ့ကိုမျှ ချန်လှပ်ထားမှုမရှိရေး” မူဖြင့် မြန်မာနိုင်ငံသို့ လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးအပ်ရေးနှင့် လူသားချင်း စာနာထောက်ထားမှုအကူအညီများ ပေးအပ်ရာတွင် ကြုံတွေ့ရသည့် စိန်ခေါ်မှုများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံ အတွင်းအထူးသဖြင့် ရောက်ရှိရန် ခက်ခဲသော ဒေသများ၌ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရေးဆိုင်ရာ မူဘောင်အကောင်အထည်ဖော်ရေးအပေါ် ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးတွင်မြန်မာ နိုင်ငံလုပ်ငန်းအဖွဲ့က အမှန်တကယ် လိုအပ်နေသူများထံ အာဆီယံ၏ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ ဖြန့်ဖြူးရေးအစီအစဉ် အကောင်အထည် ဖော်ရေးကို ကြိုဆိုခဲ့သည်။

ထို့ပြင်အစည်းအဝေးတွင် မြန်မာလုပ်ငန်းအဖွဲ့၊ အာဆီယံ အဖွဲ့ဝင်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် AHA Centre တို့အနေဖြင့် အာဆီယံခေါင်းဆောင်များ အစည်းအဝေး၏ တူညီဆန္ဒ ငါးချက်ပါ စတုတ္ထအချက်တွင် ပါဝင်သည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးအပ်ရေး အပိုင်း (၂) ကို မြန်ဆန်ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် ပံ့ပိုးကူညီသွားရေး ကတိကဝတ်ကို ထပ်လောင်းအတည်ပြုပြောကြားခဲ့ကြပြီး လူသားချင်းစာနာ ထောက်ထားသည့် အကူအညီများ အမြန်ဆုံး ဆက်လက်ပေးအပ်နိုင်ရေးအတွက် ရှေ့ပြေးစီမံကိန်း (Pilot Project) များဖြင့် နှစ်ဖက်သဘောတူညီမှု ရရှိသည့် ဒေသများတွင် ဆောင်ရွက်သွားမည့် ကိစ္စကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

#mhtnews

(Zawgyi)

“ျပည္ေထာင္စုဝန္ႀကီး ဦးကိုကိုလွိုင္ ဦးေဆာင္သည့္ ျမန္မာကိုယ္စားလွယ္အဖြဲ႕ ကေမၻာဒီးယားနိုင္ငံ ဖေနာင္ပင္ၿမိဳ႕၌ က်င္းပသည့္ ျမန္မာနိုင္ငံသို႔ အာဆီယံ၏ လူသားခ်င္းစာနာေထာက္ထားမႈ အကူအညီေပးအပ္ေရးဆိုင္ရာ အစည္းအေဝးသို႔ တက္ေရာက္”

AHA Centre မွတစ္ဆင့္ လႉဒါန္းမည့္ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ အကူအညီ စီမံခန႔္ခြဲေရး လုပ္ငန္းအဖြဲ႕(Task Force) ဥကၠ႒၊ အျပည္ျပည္ဆိုင္ရာ ပူးေပါင္း ေဆာင္႐ြက္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးကိုကိုလွိုင္ ဦးေဆာင္၍ ျမန္မာလုပ္ငန္းအဖြဲ႕အဖြဲ႕ဝင္မ်ား ျဖစ္ၾကသည့္ က်န္းမာေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ေဒါက္တာ ေအးထြန္း၊ လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရး ဝန္ႀကီးဌာနဒုတိယဝန္ႀကီး ဦးေအာင္ထြန္းခိုင္ႏွင့္ သက္ဆိုင္ရာ ဝန္ႀကီးဌာနမ်ားမွ တာဝန္ရွိသူမ်ား ပါဝင္သည့္ ျမန္မာကိုယ္စားလွယ္ အဖြဲ႕သည္ ကေမၻာဒီးယားနိုင္ငံ ဖေနာင္ပင္ၿမိဳ႕၌ ယမန္ေန႕တြင္ က်င္းပခဲ့ေသာ ျမန္မာနိုင္ငံသို႔ အာဆီယံ၏ လူသားခ်င္း စာနာေထာက္ထားမႈ အကူအညီေပးအပ္ေရးဆိုင္ရာ အစည္းအေဝး (Consultative Meeting on ASEAN Humanitarian Assistance to Myanmar) သို႔ တက္ေရာက္ခဲ့ေၾကာင္း သိရသည္။

အစည္းအေဝးတြင္ အာဆီယံဥကၠ႒၏ အထူးကိုယ္စားလွယ္ျဖစ္သူ ကေမၻာဒီးယားနိုင္ငံ၊ ဒုတိယဝန္ႀကီးခ်ဳပ္၊ နိုင္ငံျခားေရးႏွင့္ အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ေရးဝန္ႀကီးဌာန ဝန္ႀကီး H.E. Mr. Prak Sokhonn ႏွင့္ အာဆီယံလူသားခ်င္း စာနာ ေထာက္ထားမႈဆိုင္ရာ ညွိႏွိုင္းေရးမႉးျဖစ္သည့္ အာဆီယံအတြင္းေရးမႉးခ်ဳပ္ H.E. Dato Lim Jock Hoi တို႔က ပူးတြဲသဘာပတိမ်ားအျဖစ္ ေဆာင္႐ြက္ခဲ့ၾကသည္။

အစည္းအေဝးသို႔ ဖေနာင္ပင္ၿမိဳ႕ အေျခစိုက္အာဆီယံသံ႐ုံးမ်ားမွ သံ႐ုံးအႀကီးအကဲမ်ား၊ ကုလသမဂၢအဖြဲ႕အစည္းမ်ား၊ အာဆီယံ၏ ျပင္ပမိတ္ဖက္နိုင္ငံမ်ားႏွင့္ AHA Centre တို႔မွ ကိုယ္စားလွယ္မ်ား တက္ေရာက္ၾကသည္။

အစည္းအေဝးတြင္ မည္သူ႕ကိုမွ် ခ်န္လွပ္ထားမႈမရွိေရး မူျဖင့္ ျမန္မာနိုင္ငံသို႔ လူသားခ်င္း စာနာေထာက္ထားမႈ အကူအညီမ်ား ေပးအပ္ေရးႏွင့္ လူသားခ်င္း စာနာေထာက္ထားမႈအကူအညီမ်ား ေပးအပ္ရာတြင္ ႀကဳံေတြ႕ရသည့္ စိန္ေခၚမႈမ်ားႏွင့္ပတ္သက္၍ ေဆြးႏြေးခဲ့ၾကၿပီး ျမန္မာနိုင္ငံ အတြင္းအထူးသျဖင့္ ေရာက္ရွိရန္ ခက္ခဲေသာ ေဒသမ်ား၌ ကိုဗစ္-၁၉ ကာကြယ္ေဆးထိုးႏွံေရးဆိုင္ရာ မူေဘာင္အေကာင္အထည္ေဖာ္ေရးအေပၚ ေဆြးႏြေးခဲ့ၾကသည္။

အစည္းအေဝးတြင္ျမန္မာ နိုင္ငံလုပ္ငန္းအဖြဲ႕က အမွန္တကယ္ လိုအပ္ေနသူမ်ားထံ အာဆီယံ၏ လူသားခ်င္းစာနာ ေထာက္ထားမႈဆိုင္ရာ အကူအညီမ်ား ျဖန႔္ျဖဴးေရးအစီအစဥ္ အေကာင္အထည္ ေဖာ္ေရးကို ႀကိဳဆိုခဲ့သည္။

ထို႔ျပင္အစည္းအေဝးတြင္ ျမန္မာလုပ္ငန္းအဖြဲ႕၊ အာဆီယံ အဖြဲ႕ဝင္မ်ား၊ အာဆီယံအတြင္းေရးမႉးခ်ဳပ္႐ုံးႏွင့္ AHA Centre တို႔အေနျဖင့္ အာဆီယံေခါင္းေဆာင္မ်ား အစည္းအေဝး၏ တူညီဆႏၵ ငါးခ်က္ပါ စတုတၳအခ်က္တြင္ ပါဝင္သည့္ လူသားခ်င္း စာနာေထာက္ထားမႈဆိုင္ရာ အကူအညီေပးအပ္ေရး အပိုင္း (၂) ကို ျမန္ဆန္ထိေရာက္စြာ အေကာင္အထည္ေဖာ္နိုင္ေရးအတြက္ ပံ့ပိုးကူညီသြားေရး ကတိကဝတ္ကို ထပ္ေလာင္းအတည္ျပဳေျပာၾကားခဲ့ၾကၿပီး လူသားခ်င္းစာနာ ေထာက္ထားသည့္ အကူအညီမ်ား အျမန္ဆုံး ဆက္လက္ေပးအပ္နိုင္ေရးအတြက္ ေရွ႕ေျပးစီမံကိန္း (Pilot Project) မ်ားျဖင့္ ႏွစ္ဖက္သေဘာတူညီမႈ ရရွိသည့္ ေဒသမ်ားတြင္ ေဆာင္႐ြက္သြားမည့္ ကိစၥကို ေဆြးႏြေးခဲ့ေၾကာင္း သိရသည္။

#mhtnews