လက်ရှိအချိန်တွင် ပြည်ခိုင်ဖြိုးပါတီဝင် ၁၆၀၀ ကျော်အထိ လုပ်ကြံသတ်ဖြတ်ခံထားရပြီး လုံခြုံရေးအားနည်းခြင်းကြောင့်ဟု ပြောရတော့မှာဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးက NP News Myanmar သတင်းဌာနနှင့် သီးသန့်အင်တာဗျူးတစ်ခုတွင် ပြောဆိုသည်။

“အရင်တုန်းကတော့ ၁၅၀၀ ကျော်ကျော်လောက်တော့ရှိတယ်။ အဲ့ဒီနောက်ပိုင်းမှာ နေ့စဥ်လိုလိုဒါတွေက ဖြစ်နေဦးမှာ အဲ့ဒီတော့ ဒီနေ့ဒီအချိန်မှာတော့ ၁၆၀၀ အထက်ဖြစ်သွားပြီ၊ ဒီကိစ္စတွေဘာကြောင့်ဖြစ်သလဲလို့ပြောရင်တော့ လုံခြုံရေးအားနည်းခြင်းကြောင့်ပဲလို့ခြုံငြုံပြီးတော့ ပြောရမှာပဲ” ဟု ပြောဆိုခဲ့ခြင်းဖြစ်သည်။

ထိုသို့ ပြည်ခိုင်ဖြိုးပါတီဝင်များ လုပ်ကြံသတ်ဖြတ်ခံရသည့် ဖြစ်စဥ်များနှင့် ပတ်သက်၍ သက်ဆိုင်ရာ ရဲစခန်း အသီးသီးတွင် အမှုဖွင့်လှစ်ထားပြီး ဖြစ်စဥ်အသေးစိတ်နှင့် မှတ်တမ်းအချက်အလက်များကို နိုင်ငံတကာအစိုးရ အဖွဲ့အစည်းများသိစေရန် ပေးပို့သွားမည်ဖြစ်ကြောင်းလည်း ဦးသန်းဌေးက ပြောဆိုသည်။

“ကွယ်လွန်သွားတဲ့ ပါတီဝင်တွေပါတီထောက်ခံသူတွေ ဒါတွေနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကိုလည်း ဒီမှာမော်ကွန်းထိုးထားသလိုပဲ ပြည်ပအဖွဲ့အစည်းတွေ နောက်တစ်ခါ အာဆီယံအဖွဲ့အစည်းတွေ အဲ့ဒီကိုလည်း ပို့ဦးမှာပါ။ တစ်ဦးခြင်းအချက်အလက်တွေ ဘယ်နေရာမှာ ဘယ်သူကြောင့်ဖြစ်တယ်။ ဒါတွေကိုလည်း ကျွန်တော်တို့ အခုလုပ်နေတယ်။” ဟု ပြောဆိုခဲ့ခြင်းလည်းဖြစ်သည်။

ယခုကဲ့သို့ ပြည်ခိုင်ဖြိုးပါတီဝင်နှင့် ထောက်ခံဝန်းရံသူများ လုပ်ကြံသတ်ဖြတ်ခံရရာ၌ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် အများဆုံးဖြစ်ကြောင်း သိရသည်။

#mhtnews

👇👇👇

(Zawgyi)

“ျပည္ခိုင္ၿဖိဳးပါတီဝင္ ၁၆၀၀ ေက်ာ္အထိ လုပ္ႀကံသတ္ျဖတ္ခံထားရၿပီး လုံၿခဳံေရးအားနည္းျခင္းေၾကာင့္ဟု ေျပာရေတာ့မွာျဖစ္ေၾကာင္း ျပည္ခိုင္ၿဖိဳးပါတီဥကၠ႒ ေျပာ”

လက္ရွိအခ်ိန္တြင္ ျပည္ခိုင္ၿဖိဳးပါတီဝင္ ၁၆၀၀ ေက်ာ္အထိ လုပ္ႀကံသတ္ျဖတ္ခံထားရၿပီး လုံၿခဳံေရးအားနည္းျခင္းေၾကာင့္ဟု ေျပာရေတာ့မွာျဖစ္ေၾကာင္း ျပည္ခိုင္ၿဖိဳးပါတီ ဥကၠ႒ ဦးသန္းေဌးက NP News Myanmar သတင္းဌာနႏွင့္ သီးသန့္အင္တာဗ်ဴးတစ္ခုတြင္ ေျပာဆိုသည္။

“အရင္တုန္းကေတာ့ ၁၅၀၀ ေက်ာ္ေက်ာ္ေလာက္ေတာ့ရွိတယ္။ အဲ့ဒီေနာက္ပိုင္းမွာ ေန႕စဥ္လိုလိုဒါေတြက ျဖစ္ေနဦးမွာ အဲ့ဒီေတာ့ ဒီေန႕ဒီအခ်ိန္မွာေတာ့ ၁၆၀၀ အထက္ျဖစ္သြားၿပီ၊ ဒီကိစၥေတြဘာေၾကာင့္ျဖစ္သလဲလို႔ေျပာရင္ေတာ့ လုံၿခဳံေရးအားနည္းျခင္းေၾကာင့္ပဲလို႔ၿခဳံၿငဳံၿပီးေတာ့ ေျပာရမွာပဲ” ဟု ေျပာဆိုခဲ့ျခင္းျဖစ္သည္။

ထိုသို႔ ျပည္ခိုင္ၿဖိဳးပါတီဝင္မ်ား လုပ္ႀကံသတ္ျဖတ္ခံရသည့္ ျဖစ္စဥ္မ်ားႏွင့္ ပတ္သက္၍ သက္ဆိုင္ရာ ရဲစခန္း အသီးသီးတြင္ အမႈဖြင့္လွစ္ထားၿပီး ျဖစ္စဥ္အေသးစိတ္ႏွင့္ မွတ္တမ္းအခ်က္အလက္မ်ားကို နိုင္ငံတကာအစိုးရ အဖြဲ႕အစည္းမ်ားသိေစရန္ ေပးပို႔သြားမည္ျဖစ္ေၾကာင္းလည္း ဦးသန္းေဌးက ေျပာဆိုသည္။

“ကြယ္လြန္သြားတဲ့ ပါတီဝင္ေတြပါတီေထာက္ခံသူေတြ ဒါေတြနဲ႕ ပတ္သက္တဲ့ အေသးစိတ္ အခ်က္အလက္ေတြကိုလည္း ဒီမွာေမာ္ကြန္းထိုးထားသလိုပဲ ျပည္ပအဖြဲ႕အစည္းေတြ ေနာက္တစ္ခါ အာဆီယံအဖြဲ႕အစည္းေတြ အဲ့ဒီကိုလည္း ပို႔ဦးမွာပါ။ တစ္ဦးျခင္းအခ်က္အလက္ေတြ ဘယ္ေနရာမွာ ဘယ္သူေၾကာင့္ျဖစ္တယ္။ ဒါေတြကိုလည္း ကြၽန္ေတာ္တို႔ အခုလုပ္ေနတယ္။” ဟု ေျပာဆိုခဲ့ျခင္းလည္းျဖစ္သည္။

ယခုကဲ့သို႔ ျပည္ခိုင္ၿဖိဳးပါတီဝင္ႏွင့္ ေထာက္ခံဝန္းရံသူမ်ား လုပ္ႀကံသတ္ျဖတ္ခံရရာ၌ စစ္ကိုင္းတိုင္းေဒသႀကီး၊ မေကြးတိုင္းေဒသႀကီးႏွင့္ ရန္ကုန္တိုင္းေဒသႀကီးတို႔တြင္ အမ်ားဆုံးျဖစ္ေၾကာင္း သိရသည္။

#mhtnews