ပြင်ဦးလွင်မြို့ရှိ အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းမြေ၊ လယ်ယာမြေ၊ သစ်တောမြေ၊ ကျေးရွာဘုံမြေ၊ ရွာမြေများတွင် နိုင်ငံတော်အစိုးရမှ ခွင့်ပြုချထားပေးသည့်နည်းလမ်းအတိုင်း လုပ်ကိုင်ဆောင်ရွက်ခြင်းမရှိဘဲ ကွက်စိတ်ရိုက်၍ ဈေးနှုန်းသက်သာစွာဖြင့် အိမ်ခြံမြေအကျိုးဆောင်များ ပွဲစားများက လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် ရောင်းချနေမှုများကို အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေးကောင်စီက အသိပေးကြေညာချက် ထုတ်ပြန်ထားသည်။

ထို့အပြင် ပုံစံ (၇) ရရှိထားသော်လည်း ပုံစံ (၇) ပါ စည်းကမ်းချက်များနဲ့အညီ လုပ်ကိုင်ဆောင်ရွက်ခြင်းမရှိဘဲ ကျော်လွန်လုပ်ဆောင်နေခြင်း၊ လယ်ယာမြေကို အခြားသုံးခွင့်လျှောက်ထားပြီး ခွင့်ပြုချက်မရရှိဘဲ အကွက်ရိုက်ခြင်း၊ အဆောက်အဦးများ ဆောက်လုပ်ခြင်း၊ အခြားနည်းအသုံးပြုခွင့် ရရှိထားသော်လည်း လျှောက်ထားသည့်နည်းလမ်းအတိုင်း လုပ်ကိုင်ဆောင်ရွက်မှုမရှိဘဲ ကျော်လွန်ဆောင်ရွက်နေခြင်း၊ မြို့မြေများပေါ်ရှိ မြေငှားဂရမ်အငှားချထားခြင်းခံရသူများမှလည်း မြေငှားဂရမ်စာချုပ်ပါ စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ ကွက်စိတ်ရိုက်ရောင်းချနေခြင်း၊ မြို့ပေါ်ရပ်ကွက်ကြီး (၂၁) ရပ်ကွက်သည် စည်ပင်သာယာရေးနယ်နိမိတ်အတွင်း ပါဝင်သည်ဟုဆိုကာ အဆိုပါရပ်ကွက်ကြီးများမှ စိုက်ပျိုးမြေများ၊ လယ်ယာမြေများတွင် နေအိမ်များ တရားဝင်ဆောက်လုပ်ခွင့်ရှိကြောင်း လူမှုကွန်ရက်တွင်ကြေညာ၍ မြေကွက်များ ရောင်းချနေသည်ကို စိစစ်တွေ့ရှိရသည်ဟု အဆိုပါကြေညာချက်တွင် ဖော်ပြထားသည်။

ဖော်ပြပါ မြေကွက်များကို မက်လုံးပေးရောင်းချမှုများအပေါ် ယုံကြည်ပြီး ဝယ်ယူမိပါက နောင်တစ်ချိန်တွင် နစ်နာဆုံးရှုံးမှုရှိနိုင်သဖြင့် အထူးသတိပြုစေလိုပြီး မြေယာစည်းကမ်းချက်များကို မလိုက်နာလျှင် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

#mhtnews

(Zawgyi)

“ျပင္ဦးလြင္ၿမိဳ႕နယ္အတြင္းရွိ အစိုးရစီမံခန့္ခြဲပိုင္ခြင့္ရွိသည့္ ေျမမ်ားကို အကြက္ရိုက္ၿပီး အြန္လိုင္းမွ ေၾကာ္ျငာေရာင္းခ်ေနသည္မ်ားကို အေရးယူသြားမည္”

ျပင္ဦးလြင္ၿမိဳ႕ရွိ အစိုးရစီမံခန့္ခြဲပိုင္ခြင့္ရွိေသာ ေျမ၊ ေျမလြတ္၊ ေျမလပ္ႏွင့္ ေျမရိုင္းေျမ၊ လယ္ယာေျမ၊ သစ္ေတာေျမ၊ ေက်း႐ြာဘုံေျမ၊ ႐ြာေျမမ်ားတြင္ နိုင္ငံေတာ္အစိုးရမွ ခြင့္ျပဳခ်ထားေပးသည့္နည္းလမ္းအတိုင္း လုပ္ကိုင္ေဆာင္႐ြက္ျခင္းမရွိဘဲ ကြက္စိတ္ရိုက္၍ ေဈးႏႈန္းသက္သာစြာျဖင့္ အိမ္ၿခံေျမအက်ိဳးေဆာင္မ်ား ပြဲစားမ်ားက လူမႈကြန္ရက္စာမ်က္ႏွာမ်ားမွတစ္ဆင့္ ေရာင္းခ်ေနမႈမ်ားကို အေရးယူေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ျပင္ဦးလြင္ခရိုင္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီက အသိေပးေၾကညာခ်က္ ထုတ္ျပန္ထားသည္။

ထို႔အျပင္ ပုံစံ (၇) ရရွိထားေသာ္လည္း ပုံစံ (၇) ပါ စည္းကမ္းခ်က္မ်ားနဲ႕အညီ လုပ္ကိုင္ေဆာင္႐ြက္ျခင္းမရွိဘဲ ေက်ာ္လြန္လုပ္ေဆာင္ေနျခင္း၊ လယ္ယာေျမကို အျခားသုံးခြင့္ေလွ်ာက္ထားၿပီး ခြင့္ျပဳခ်က္မရရွိဘဲ အကြက္ရိုက္ျခင္း၊ အေဆာက္အဦးမ်ား ေဆာက္လုပ္ျခင္း၊ အျခားနည္းအသုံးျပဳခြင့္ ရရွိထားေသာ္လည္း ေလွ်ာက္ထားသည့္နည္းလမ္းအတိုင္း လုပ္ကိုင္ေဆာင္႐ြက္မႈမရွိဘဲ ေက်ာ္လြန္ေဆာင္႐ြက္ေနျခင္း၊ ၿမိဳ႕ေျမမ်ားေပၚရွိ ေျမငွားဂရမ္အငွားခ်ထားျခင္းခံရသူမ်ားမွလည္း ေျမငွားဂရမ္စာခ်ဳပ္ပါ စည္းကမ္းခ်က္မ်ားႏွင့္အညီ လိုက္နာေဆာင္႐ြက္ျခင္းမရွိဘဲ ကြက္စိတ္ရိုက္ေရာင္းခ်ေနျခင္း၊ ၿမိဳ႕ေပၚရပ္ကြက္ႀကီး (၂၁) ရပ္ကြက္သည္ စည္ပင္သာယာေရးနယ္နိမိတ္အတြင္း ပါဝင္သည္ဟုဆိုကာ အဆိုပါရပ္ကြက္ႀကီးမ်ားမွ စိုက္ပ်ိဳးေျမမ်ား၊ လယ္ယာေျမမ်ားတြင္ ေနအိမ္မ်ား တရားဝင္ေဆာက္လုပ္ခြင့္ရွိေၾကာင္း လူမႈကြန္ရက္တြင္ေၾကညာ၍ ေျမကြက္မ်ား ေရာင္းခ်ေနသည္ကို စိစစ္ေတြ႕ရွိရသည္ဟု အဆိုပါေၾကညာခ်က္တြင္ ေဖာ္ျပထားသည္။

ေဖာ္ျပပါ ေျမကြက္မ်ားကို မက္လုံးေပးေရာင္းခ်မႈမ်ားအေပၚ ယုံၾကည္ၿပီး ဝယ္ယူမိပါက ေနာင္တစ္ခ်ိန္တြင္ နစ္နာဆုံးရႈံးမႈရွိနိုင္သျဖင့္ အထူးသတိျပဳေစလိုၿပီး ေျမယာစည္းကမ္းခ်က္မ်ားကို မလိုက္နာလွ်င္ အေရးယူေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း အသိေပးထုတ္ျပန္ထားသည္။

#mhtnews