ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ခွင့်ပြုချက်မဲ့တည်ဆောက်လာသော လူနေအိမ်နှင့်ခြံဝင်းများ ဖယ်ရှားရေးအတွက် လိုအပ်သည့် စီစဉ်ဆွေးနွေးမှုများကိုလုပ်ဆောင်နေကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)မှ သိရသည်။

“ဘယ်နေရာကနေ စပြီးတော့ ဖယ်ရှားလုပ်ဆောင်ကြမယ်ဆိုတာတော့ ပြောမရသေးဘူး၊ လောလောဆယ်မှာက ညှိနှိင်း အစည်းအဝေးတွေလုပ်ပြီးတော့ ဆွေးနွေးနေကြတာ၊ ဒီပုဂံမှာ ခွင့်ပြုချက်မဲ့နေအိမ်တွေ၊ ကျူးကျော်တွေက ဘယ်နားတွေမှာ အများဆုံးရှိတယ်ဆိုတဲ့ အချက်အလက် ကောက်ယူမှုတွေတော့ စတင်လုပ်ဆောင်နေပါတယ်”ဟု ယင်းဦးစီးဌာနမှတာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

အဆိုပါ ခွင့်ပြုချက်မဲ့ လူနေအိမ်နှင့် ခြံဝင်းများဖယ်ရှားရေးနှင့်ပတ်သက်၍လည်း ညှိနှိင်းအစည်း အဝေးတစ်ရပ်ကို မေလ ၁၈ ရက်က ပုဂံဒေသရှိ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)၌ ပြုလုပ်ခဲ့ကြသည်ဟုဆိုသည်။

လက်ရှိတွင် အဆိုပါ ခွင့်ပြုချက်မဲ့လူနေအိမ်နှင့် ခြံဝင်းများမှာ သမီးလှဂူမြောက်ဘက်၊ သံတော်ကုန်း၊ ရွှေသာလျောင်းအရှေ့တောင်ဘက်၊ ကူနီဘုရားအနောက်မြောက်ဘက်၊ ရွှေစည်းခုံဘုရားအနီးက နန်းကြည့်ကုန်း၊ မင်္ဂလာ မဟာစည်အနောက်ဘက်၊ သိကြားပုန်းဘုရားမြောက်ဘက်၊ ကျန်စစ်သားဥမင်ကျောင်း အနောက်ဘက်နှင့် အရှေ့တောင်ဘက်၊ မွန်ဂူဘုရားအရှေ့ဘက်၊ ဗူးဘုရား အရှေ့ဘက်၊ ဝက်ကြီးအင်းရှိ ဂူပြောက်ငယ်ဘုရားမြောက်ဘက်၊ ကန်တော့ပုလ္လင်ဘုရားအနောက်ဘက်၊ ဇာမဏီဘုန်းကြီးကျောင်းတောင်ဘက်၊ ပုဂံမြိုသစ်တောင်ဘက်နှင့် ပုဂံ ဘူတာအနောက်ဘက်တိုအပါအဝင် စုစုပေါင်းနေရာ ၂၃ ခုတွင် တွေ့ရှိထားကြောင်း သိရသည်။
#mhtnews

(Zawgyi)
“ပုဂံယဉ်ကျေးမှုနယ်မြေအတွင်း ခွင့်ပြုချက်မဲ့တည်ဆောက်ထားသော လူနေအိမ်နှင့်ခြံဝင်းများဖယ်ရှားရေးအတွက် စီစဉ်နေဟုဆို”

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ခွင့်ပြုချက်မဲ့တည်ဆောက်လာသော လူနေအိမ်နှင့်ခြံဝင်းများ ဖယ်ရှားရေးအတွက် လိုအပ်သည့် စီစဉ်ဆွေးနွေးမှုများကိုလုပ်ဆောင်နေကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)မှ သိရသည်။


အဆိုပါ ခွင့်ပြုချက်မဲ့ လူနေအိမ်နှင့် ခြံဝင်းများဖယ်ရှားရေးနှင့်ပတ်သက်၍လည်း ညှိနှိင်းအစည်း အဝေးတစ်ရပ်ကို မေလ ၁၈ ရက်က ပုဂံဒေသရှိ ရှေးဟောင်းသုတေသနနှင့် အမျိးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)၌ ပြုလုပ်ခဲ့ကြသည်ဟုဆိုသည်။

လက်ရှိတွင် အဆိုပါ ခွင့်ပြုချက်မဲ့လူနေအိမ်နှင့် ခြံဝင်းများမှာ သမီးလှဂူမြောက်ဘက်၊ သံတော်ကုန်း၊ ရွှေသာလျောင်းအရှေ့တောင်ဘက်၊ ကူနီဘုရားအနောက်မြောက်ဘက်၊ ရွှေစည်းခုံဘုရားအနီးက နန်းကြည့်ကုန်း၊ မင်္ဂလာ မဟာစည်အနောက်ဘက်၊ သိကြားပုန်းဘုရားမြောက်ဘက်၊ ကျန်စစ်သားဥမင်ကျောင်း အနောက်ဘက်နှင့် အရှေ့တောင်ဘက်၊ မွန်ဂူဘုရားအရှေ့ဘက်၊ ဗူးဘုရား အရှေ့ဘက်၊ ဝက်ကြီးအင်းရှိ ဂူပြောက်ငယ်ဘုရားမြောက်ဘက်၊ ကန်တော့ပုလ္လင်ဘုရားအနောက်ဘက်၊ ဇာမဏီဘုန်းကြီးကျောင်းတောင်ဘက်၊ ပုဂံမြို့သစ်တောင်ဘက်နှင့် ပုဂံ ဘူတာအနောက်ဘက်တို့အပါအဝင် စုစုပေါင်းနေရာ ၂၃ ခုတွင် တွေ့ရှိထားကြောင်း သိရသည်။
#mhtnews