
နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး (၁၄)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဏ္ဍပ်များဆောက်လုပ်ရေးနှင့် အခမ်းအနား ပြင်ဆင်ရေးဆပ်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ(၃) နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး (၁၄)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် မိမိတို့ဆောင်ရွက်ရမည့် ကဏ္ဍများအလိုက် စနစ်တကျဆောင်ရွက်စေလိုကြောင်း၊ မဏ္ဍပ်များ ဆောက်လုပ်ရေးနှင့် အခမ်းအနားပြင်ဆင်ရေးဆပ်ကော်မတီမှ ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးပေးစေလိုကြောင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍများအလိုက် လုပ်ငန်းဆောင်ရွက်မည့် အခြေအနေ များကို ဆွေးနွေးတင်ပြကြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်းသိရသည်။
#mhtnews

(Zawgyi)
“ေနျပည္ေတာ္ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး (၁၄)ႀကိမ္ေျမာက္ ကဆုန္ေညာင္ေရသြန္းေလာင္းပူေဇာ္ပြဲ မဟာမဂၤလာအခမ္းအနား ေအာင္ျမင္စြာက်င္းပနိုင္ေရးအတြက္ လုပ္ငန္းညွိႏွိုင္းအစည္းအေဝးက်င္းပ”
ေနျပည္ေတာ္ရွိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး (၁၄)ႀကိမ္ေျမာက္ ကဆုန္ေညာင္ေရသြန္းေလာင္းပူေဇာ္ပြဲ မဟာမဂၤလာအခမ္းအနား ေအာင္ျမင္စြာက်င္းပနိုင္ေရးအတြက္ မ႑ပ္မ်ားေဆာက္လုပ္ေရးႏွင့္ အခမ္းအနား ျပင္ဆင္ေရးဆပ္ေကာ္မတီ လုပ္ငန္းညွိႏွိုင္းအစည္းအေဝးကို ယေန႕မြန္းလြဲ(၃) နာရီတြင္ ေနျပည္ေတာ္ေကာင္စီ႐ုံး အစည္းအေဝးခန္းမ၌ က်င္းပခဲ့ေၾကာင္း သိရသည္။
ေရွးဦးစြာ ေနျပည္ေတာ္ေကာင္စီအဖြဲ႕ဝင္ ဦးျမင့္စိုးက ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး (၁၄)ႀကိမ္ေျမာက္ ကဆုန္ေညာင္ေရသြန္းေလာင္းပူေဇာ္ပြဲ မဟာမဂၤလာအခမ္းအနား ေအာင္ျမင္စြာ က်င္းပနိုင္ေရး အတြက္ မိမိတို႔ေဆာင္႐ြက္ရမည့္ က႑မ်ားအလိုက္ စနစ္တက်ေဆာင္႐ြက္ေစလိုေၾကာင္း၊ မ႑ပ္မ်ား ေဆာက္လုပ္ေရးႏွင့္ အခမ္းအနားျပင္ဆင္ေရးဆပ္ေကာ္မတီမွ ေဆာင္႐ြက္ရမည့္ လုပ္ငန္းတာဝန္မ်ားကို သက္ဆိုင္ရာက႑မ်ားအလိုက္ ေဆြးႏြေးေပးေစလိုေၾကာင္းေျပာၾကားသည္။
ထို႔ေနာက္ တက္ေရာက္လာၾကသည့္ ေကာ္မတီအဖြဲ႕ဝင္မ်ားက သက္ဆိုင္ရာက႑မ်ားအလိုက္ လုပ္ငန္းေဆာင္႐ြက္မည့္ အေျခအေန မ်ားကို ေဆြးႏြေးတင္ျပၾကရာ ေနျပည္ေတာ္ေကာင္စီအဖြဲ႕ဝင္ ဦးျမင့္စိုးက လိုအပ္သည္မ်ားကို ျဖည့္စြက္ေဆြးႏြေးေပးခဲ့ေၾကာင္းသိရသည္။
#mhtnews
Recent Comments