
နိုင်ငံ၏စီးပွားရေးနှင့် ပတ်သက်၍ လယ်ယာစိုက်ပျိုးရေးကဏ္ဍ၊ စက်မှုကဏ္ဍ နှင့် ဝန်ဆောင်မှုကဏ္ဍ ၃ ရပ် တိုးတက်ရန်လိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားသည်။
ယမန်နေ့နံနက်ပိုင်းတွင် ကော့သောင်းမြို့ရှိ မဉ္ဇူသကခန်းမ၌ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများအား တွေ့ဆုံအမှာစကား ပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ဆက်လက်၍လည်း ဒုတိယဗိုလ်ချုပ်မှူးကြီးက နိုင်ငံတွင် ကျေးလက်နေလူဦးရေ ၇၀ ရာခိုင်နှုန်းခန့် ရှိပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုနေကြောင်း၊ တနင်္သာရီတိုင်းဒေသ ကြီးအနေဖြင့် ဆီအုန်း အဓိကစိုက်ပျိုး လျက်ရှိသည့်အပြင် ကိုကိုးကဲ့သို့သော အပိုဝင်ငွေရရှိနိုင်သည့် သီးညှပ်စိုက်ပျိုးနိုင်ရေး၊ မျိုး၊ နည်းပညာနှင့်သွင်းအားစု များရရှိရေး သက်ဆိုင်ရာဌာနဆိုင်ရာနှင့် တိုင်းဒေသ ကြီးအစိုးရအဖွဲ့မှ စီမံဆောင်ရွက်ပေးရန်လိုကြောင်း၊ ဆီထုတ်လုပ်ရာတွင်လည်း ဆီကြမ်းမှ ဆီချောအထိ ဒေသတွင်း၌ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ အလားတူ ကော့သောင်းဒေသသည် ရေလုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ ထူးခြားဆန်းပြားသော ငါးသယံဇာတများနှင့် တန်ဖိုးမဖြတ်နိုင်သည့် သန္တာကျောက်တန်း စသည်ဖြင့် စီးပွားရေးကဏ္ဍအတွက် အခြေခံကောင်းများရှိကြောင်း၊ ထွက်ကုန်များအား ပြည်ပပို့ရာတွင် ရရှိသည့်ကုန်ကြမ်းအတိုင်း ရောင်းချသည်ထက် တန်ဖိုးမြင့်ထုတ်ကုန် (Value added) ပြုလုပ်ရောင်းချရန် လိုကြောင်း၊ သို့မှသာ တစ်ဦးချင်းဝင်ငွေတိုးတက်မှုမှတစ်ဆင့် ဒေသစီးပွားရေး ကောင်းမွန်ပြီး နိုင်ငံတော် အတွက်လည်း အခွန်အခများ ပိုမိုရရှိကာ ၎င်းဝင်ငွေများမှ နိုင်ငံဝန်ထမ်းများအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များအလိုက်၏ လိုအပ်ချက်ကို ဖြည့်ဆည်းပြီး ဒေသဖွံ့ဖြိုးရေးဆောင်ရွက်မည့် လုပ်ငန်းများကို ပိုမိုခွဲဝေပေးနိုင်မှာဖြစ်သည့်အပြင် နိုင်ငံတော်၏ အရန်ငွေကြေးမှာလည်း တိုးတက်လာမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် စက်သုံးဆီနှင့်ပတ်သက်၍ နိုင်ငံတကာ အရေးအရာများကြောင့် ကမ္ဘာတွင် ဆီဈေးများ တည်ငြိမ်မှုမရှိဘဲ ဈေးနှုန်းမြင့်တက်မှုများရှိကြောင်း၊ ပြည်တွင်းဆီထုတ်လုပ်မှုမှ လောက်ငှမှုမရှိ၍ ပြည်ပမှ အရန်နိုင်ငံခြားငွေဖြင့် မှာယူတင်သွင်းရသဖြင့် တတ်နိုင်သရွေ့ ခြိုးခြံချွေတာရန် လိုကြောင်း၊ အလားတူ စားသုံးဆီနှင့်ပတ်သက်၍ ပြည်တွင်းဖူလုံမှု မရှိသဖြင့် ပြည်ပမှ ဝယ်ယူတင်သွင်းနေရကြောင်း၊ တနင်္သာရီ တိုင်းဒေသကြီးအနေဖြင့် အဓိကစိုက်ပျိုးနေသော ဆီအုန်းစိုက်ပျိုးရေးလုပ်ငန်းမှ တိုင်းဒေသကြီး အတွင်း လုံလောက်အောင် စိုက်ပျိုးထုတ်လုပ်နိုင်ရေးမှ တစ်နိုင်ငံလုံး ဆီဖူလုံရေး စီမံကြိုးပမ်းဆောင်ရွက် ရန်လိုကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
#mhtnews

(Zawgyi)
“နိုင္ငံ၏စီးပြားေရးႏွင့္ ပတ္သက္၍ လယ္ယာစိုက္ပ်ိဳးေရးက႑၊ စက္မႈက႑ ႏွင့္ ဝန္ေဆာင္မႈက႑ ၃ ရပ္ တိုးတက္ရန္လိုေၾကာင္း ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္း ေျပာၾကား”
နိုင္ငံ၏စီးပြားေရးႏွင့္ ပတ္သက္၍ လယ္ယာစိုက္ပ်ိဳးေရးက႑၊ စက္မႈက႑ ႏွင့္ ဝန္ေဆာင္မႈက႑ ၃ ရပ္ တိုးတက္ရန္လိုေၾကာင္း နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဒုတိယဥကၠ႒၊ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္းက ေျပာၾကားသည္။
ယမန္ေန႕နံနက္ပိုင္းတြင္ ေကာ့ေသာင္းၿမိဳ႕ရွိ မၪၨဴသကခန္းမ၌ ခရိုင္အဆင့္၊ ၿမိဳ႕နယ္အဆင့္ ဌာနဆိုင္ရာမ်ားအား ေတြ႕ဆုံအမွာစကား ေျပာၾကားရာ၌ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။
ဆက္လက္၍လည္း ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးက နိုင္ငံတြင္ ေက်းလက္ေနလူဦးေရ ၇၀ ရာခိုင္ႏႈန္းခန႔္ ရွိၿပီး စိုက္ပ်ိဳးေရးႏွင့္ ေမြးျမဴေရးလုပ္ငန္းျဖင့္ အသက္ေမြးဝမ္းေက်ာင္းျပဳေနေၾကာင္း၊ တနသၤာရီတိုင္းေဒသ ႀကီးအေနျဖင့္ ဆီအုန္း အဓိကစိုက္ပ်ိဳး လ်က္ရွိသည့္အျပင္ ကိုကိုးကဲ့သို႔ေသာ အပိုဝင္ေငြရရွိနိုင္သည့္ သီးညွပ္စိုက္ပ်ိဳးနိုင္ေရး၊ မ်ိဳး၊ နည္းပညာႏွင့္သြင္းအားစု မ်ားရရွိေရး သက္ဆိုင္ရာဌာနဆိုင္ရာႏွင့္ တိုင္းေဒသ ႀကီးအစိုးရအဖြဲ႕မွ စီမံေဆာင္႐ြက္ေပးရန္လိုေၾကာင္း၊ ဆီထုတ္လုပ္ရာတြင္လည္း ဆီၾကမ္းမွ ဆီေခ်ာအထိ ေဒသတြင္း၌ ထုတ္လုပ္နိုင္ေရး ေဆာင္႐ြက္ရန္လိုေၾကာင္း၊ အလားတူ ေကာ့ေသာင္းေဒသသည္ ေရလုပ္ငန္း၊ ခရီးသြားလုပ္ငန္း၊ ထူးျခားဆန္းျပားေသာ ငါးသယံဇာတမ်ားႏွင့္ တန္ဖိုးမျဖတ္နိုင္သည့္ သႏၱာေက်ာက္တန္း စသည္ျဖင့္ စီးပြားေရးက႑အတြက္ အေျခခံေကာင္းမ်ားရွိေၾကာင္း၊ ထြက္ကုန္မ်ားအား ျပည္ပပို႔ရာတြင္ ရရွိသည့္ကုန္ၾကမ္းအတိုင္း ေရာင္းခ်သည္ထက္ တန္ဖိုးျမင့္ထုတ္ကုန္ (Value added) ျပဳလုပ္ေရာင္းခ်ရန္ လိုေၾကာင္း၊ သို႔မွသာ တစ္ဦးခ်င္းဝင္ေငြတိုးတက္မႈမွတစ္ဆင့္ ေဒသစီးပြားေရး ေကာင္းမြန္ၿပီး နိုင္ငံေတာ္ အတြက္လည္း အခြန္အခမ်ား ပိုမိုရရွိကာ ၎ဝင္ေငြမ်ားမွ နိုင္ငံဝန္ထမ္းမ်ားအပါအဝင္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ အစိုးရအဖြဲ႕မ်ားအလိုက္၏ လိုအပ္ခ်က္ကို ျဖည့္ဆည္းၿပီး ေဒသဖြံ႕ၿဖိဳးေရးေဆာင္႐ြက္မည့္ လုပ္ငန္းမ်ားကို ပိုမိုခြဲေဝေပးနိုင္မွာျဖစ္သည့္အျပင္ နိုင္ငံေတာ္၏ အရန္ေငြေၾကးမွာလည္း တိုးတက္လာမည္ ျဖစ္ေၾကာင္း ေျပာၾကားသည္။
ထို႔ေနာက္ စက္သုံးဆီႏွင့္ပတ္သက္၍ နိုင္ငံတကာ အေရးအရာမ်ားေၾကာင့္ ကမၻာတြင္ ဆီေဈးမ်ား တည္ၿငိမ္မႈမရွိဘဲ ေဈးႏႈန္းျမင့္တက္မႈမ်ားရွိေၾကာင္း၊ ျပည္တြင္းဆီထုတ္လုပ္မႈမွ ေလာက္ငွမႈမရွိ၍ ျပည္ပမွ အရန္နိုင္ငံျခားေငြျဖင့္ မွာယူတင္သြင္းရသျဖင့္ တတ္နိုင္သေ႐ြ႕ ၿခိဳးၿခံေခြၽတာရန္ လိုေၾကာင္း၊ အလားတူ စားသုံးဆီႏွင့္ပတ္သက္၍ ျပည္တြင္းဖူလုံမႈ မရွိသျဖင့္ ျပည္ပမွ ဝယ္ယူတင္သြင္းေနရေၾကာင္း၊ တနသၤာရီ တိုင္းေဒသႀကီးအေနျဖင့္ အဓိကစိုက္ပ်ိဳးေနေသာ ဆီအုန္းစိုက္ပ်ိဳးေရးလုပ္ငန္းမွ တိုင္းေဒသႀကီး အတြင္း လုံေလာက္ေအာင္ စိုက္ပ်ိဳးထုတ္လုပ္နိုင္ေရးမွ တစ္နိုင္ငံလုံး ဆီဖူလုံေရး စီမံႀကိဳးပမ္းေဆာင္႐ြက္ ရန္လိုေၾကာင္း ေျပာၾကားခဲ့သည္ဟု သိရွိရပါသည္။
#mhtnews
Recent Comments