နိုင်ငံသားများကို နိုင်ငံသားကတ်ထုတ်ပေးခြင်းသည် လုပ်ငန်းသဘော သဘာဝအရ စဉ်ဆက်မပြတ်ဆောင်ရွက်ရသည့် လုပ်ငန်းတစ်ခုဖြစ်သဖြင့် အားလုံးကဆက်လက်ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြစေလိုကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက တိုက်တွန်းလိုက်သည်။

ယမန်နေ့ကပြုလုပ်သည့် ရခိုင်ပြည်နယ် ပန်းခင်းစီမံချက် ပြည်နယ်လုံးကျွတ်လျာထားချက် ရာနှုန်းပြည့်မြောက်အောင်မြင်ပွဲအခမ်းအနားသို့ တက်ရောက်စဥ် ထို့သို့ တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ပန်းခင်းစီမံချက်သည်၂၀၂၁ ခုနှစ်မေ၃ ရက်မှ ၂၀၂၂ ခုနှစ်နိုဝင်ဘာ ၃ ရက်အထိ ၁၈ လကြာသတ်မှတ်၍ တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဆောင်ရွက်ရန်ရှိသည့် လျာထားချက်များအတိုင်း ပြည့်မီပြီးစီးအောင်ဆောင်ရွက်ကြရမည့် စီမံချက်တစ်ရပ်ဖြစ်ပါကြောင်း၊ ယင်းစီမံချက်သည် ယခုအခါ စီမံချက်ကာလတစ်နှစ်ပြည့်မြောက် ခဲ့ပြီဖြစ်ပြီး ယင်းကာလအတွင်း ပဲခူး၊ ဧရာဝတီ၊ နေပြည်တော်၊ မန္တလေး၊ တနင်္သာရီနှင့် မကွေး စသည့်တိုင်းဒေသကြီးခြောက်ခုသည် တိုင်းလုံးကျွတ်လျာထားချက်ပြည့်မီ အောင်ဆောင်ရွက်ပြီး ဖြစ်ပါကြောင်း၊ယခု ရခိုင်ပြည်နယ်သည်လည်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးရန် ၁၅၇၈၀၆ ကတ်လျာထားရာ ယခုအထိ ၁၈၃၃၉၉ ကတ် (၁၁၆ ဒသမ ၂၂) ရာခိုင်နှုန်းထုတ်ပေးပြီးစီးပြီဖြစ်သည့်အတွက် ခုနစ်ခုမြောက် ပြည်နယ်လုံးကျွတ် ပြီးမြောက် အောင်ဆောင်ရွက်နိုင်ခဲ့သည့် ပြည်နယ်တစ်ခုဖြစ်ပါကြောင်း၊ ယခုကဲ့သို့ပန်းခင်းစီမံချက်ကို သတ်မှတ်ကာလအတွင်း လျာထားချက်ရာနှုန်းပြည့်ပြီးမြောက် အောင်မြင်အောင်ဆောင်ရွက်ပြီးဖြစ်သော်လည်း မှတ်တမ်းများစနစ်တကျဖြစ်စေရေးနှင့် မှန်ကန်စေရေးအတွက် မြို့နယ်အချင်းချင်း၊ ခရိုင်အချင်းချင်း၊ အပြန်အလှန်စစ်ဆေးဆောင်ရွက်ခြင်းကိုလည်း ဆက်လက်ဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံသားများကို နိုင်ငံသားကတ်ထုတ်ပေးခြင်းသည် လုပ်ငန်းသဘော သဘာဝအရ စဉ်ဆက်မပြတ်ဆောင်ရွက်ရသည့် လုပ်ငန်းတစ်ခုဖြစ်ရာ အားလုံးကဆက်လက်ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြစေလိုကြောင်း ရှင်းလင်းပြောကြားခဲ့သည်ဟု သိရှိရပါသည်။

#mhtnews

👇👇👇

(Zawgyi)

“နိုင္ငံသားမ်ားကို နိုင္ငံသားကတ္ထုတ္ေပးျခင္းသည္ လုပ္ငန္းသေဘာ သဘာဝအရ စဥ္ဆက္မျပတ္ေဆာင္႐ြက္ရသည့္ လုပ္ငန္းတစ္ခုျဖစ္သျဖင့္ အားလုံးကဆက္လက္ဝိုင္းဝန္းကူညီေဆာင္႐ြက္ေပးၾကေစလိုေၾကာင္း ျပည္ေထာင္စုဝန္ႀကီး ဦးခင္ရီတိုက္တြန္း”

နိုင္ငံသားမ်ားကို နိုင္ငံသားကတ္ထုတ္ေပးျခင္းသည္ လုပ္ငန္းသေဘာ သဘာဝအရ စဥ္ဆက္မျပတ္ေဆာင္႐ြက္ရသည့္ လုပ္ငန္းတစ္ခုျဖစ္သျဖင့္ အားလုံးကဆက္လက္ဝိုင္းဝန္းကူညီေဆာင္႐ြက္ေပးၾကေစလိုေၾကာင္း လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႕အင္အားဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးခင္ရီက တိုက္တြန္းလိုက္သည္။

ယမန္ေန႕ကျပဳလုပ္သည့္ ရခိုင္ျပည္နယ္ ပန္းခင္းစီမံခ်က္ ျပည္နယ္လုံးကြၽတ္လ်ာထားခ်က္ ရာႏႈန္းျပည့္ေျမာက္ေအာင္ျမင္ပြဲအခမ္းအနားသို႔ တက္ေရာက္စဥ္ ထို႔သို႔ တိုက္တြန္းေျပာၾကားခဲ့ျခင္းျဖစ္သည္။

အခမ္းအနားတြင္ ျပည္ေထာင္စုဝန္ႀကီးက ပန္းခင္းစီမံခ်က္သည္၂၀၂၁ ခုႏွစ္ေမ၃ ရက္မွ ၂၀၂၂ ခုႏွစ္နိုဝင္ဘာ ၃ ရက္အထိ ၁၈ လၾကာသတ္မွတ္၍ တိုင္းေဒသႀကီး/ျပည္နယ္အလိုက္ ေဆာင္႐ြက္ရန္ရွိသည့္ လ်ာထားခ်က္မ်ားအတိုင္း ျပည့္မီၿပီးစီးေအာင္ေဆာင္႐ြက္ၾကရမည့္ စီမံခ်က္တစ္ရပ္ျဖစ္ပါေၾကာင္း၊ ယင္းစီမံခ်က္သည္ ယခုအခါ စီမံခ်က္ကာလတစ္ႏွစ္ျပည့္ေျမာက္ ခဲ့ၿပီျဖစ္ၿပီး ယင္းကာလအတြင္း ပဲခူး၊ ဧရာဝတီ၊ ေနျပည္ေတာ္၊ မႏၱေလး၊ တနသၤာရီႏွင့္ မေကြး စသည့္တိုင္းေဒသႀကီးေျခာက္ခုသည္ တိုင္းလုံးကြၽတ္လ်ာထားခ်က္ျပည့္မီ ေအာင္ေဆာင္႐ြက္ၿပီး ျဖစ္ပါေၾကာင္း၊ယခု ရခိုင္ျပည္နယ္သည္လည္း ပန္းခင္းစီမံခ်က္ျဖင့္ နိုင္ငံသားစိစစ္ေရး ကတ္ျပားထုတ္ေပးရန္ ၁၅၇၈၀၆ ကတ္လ်ာထားရာ ယခုအထိ ၁၈၃၃၉၉ ကတ္ (၁၁၆ ဒသမ ၂၂) ရာခိုင္ႏႈန္းထုတ္ေပးၿပီးစီးၿပီျဖစ္သည့္အတြက္ ခုနစ္ခုေျမာက္ ျပည္နယ္လုံးကြၽတ္ ၿပီးေျမာက္ ေအာင္ေဆာင္႐ြက္နိုင္ခဲ့သည့္ ျပည္နယ္တစ္ခုျဖစ္ပါေၾကာင္း၊ ယခုကဲ့သို႔ပန္းခင္းစီမံခ်က္ကို သတ္မွတ္ကာလအတြင္း လ်ာထားခ်က္ရာႏႈန္းျပည့္ၿပီးေျမာက္ ေအာင္ျမင္ေအာင္ေဆာင္႐ြက္ၿပီးျဖစ္ေသာ္လည္း မွတ္တမ္းမ်ားစနစ္တက်ျဖစ္ေစေရးႏွင့္ မွန္ကန္ေစေရးအတြက္ ၿမိဳ႕နယ္အခ်င္းခ်င္း၊ ခရိုင္အခ်င္းခ်င္း၊ အျပန္အလွန္စစ္ေဆးေဆာင္႐ြက္ျခင္းကိုလည္း ဆက္လက္ေဆာင္႐ြက္ ၾကရမည္ျဖစ္ပါေၾကာင္း၊ နိုင္ငံသားမ်ားကို နိုင္ငံသားကတ္ထုတ္ေပးျခင္းသည္ လုပ္ငန္းသေဘာ သဘာဝအရ စဥ္ဆက္မျပတ္ေဆာင္႐ြက္ရသည့္ လုပ္ငန္းတစ္ခုျဖစ္ရာ အားလုံးကဆက္လက္ဝိုင္းဝန္းကူညီေဆာင္႐ြက္ေပးၾကေစလိုေၾကာင္း ရွင္းလင္းေျပာၾကားခဲ့သည္ဟု သိရွိရပါသည္။

#mhtnews