နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ နိုင်ငံတော် ငြိမ်းချမ်း ရေး ဆွေး နွေး ရေးအဖွဲနှင့် သျှမ်းပြည်ပြန်လည်ထူ ထောင် ရေး ကောင်စီ(RCSS) ဥက္ကဋ္ဌ ဦး ဆောင် သော ကိုယ်စားလှယ်အဖွဲတို ယနေ့ (မေ ၂၂ ရက်)တွင် ဆက်လက်တွေ့ဆုံဆွေး နွေးခဲ့ပြီး ၃ ရက်တာအတွင်း ရရှိခဲ့သည့် ညှိနှိင်းသဘောတူညီချက်များကို လက်မှတ် ရေးထိုးခဲ့ ကြောင်း နိုင်ငံ တော်စီမံအုပ်ချုပ် ရေး ကောင်စီ သတင်းထုတ်ပြန် ရေးအဖွဲက ထုတ်ပြန်ထားသည်။

အဆိုပါ တွေ့ဆုံ ဆွေး နွေးပွဲတွင် ပြည် ထောင်စုသ ဘောတူစာချုပ်အစိတ်အပိုင်း (၁/၂/၃)ပါ သ ဘောတူညီချက်များ၊ အစိတ်အပိုင်း(၃)မှ ဆက်လက် ဆွေး နွေးရန် ကျန်ရှိသည့် ဇယား-၂ ပါ ဆွေး နွေးရန်အချက်များနှင့်ပတ်သက်၍ အမျိုးသားစည်းလုံးညီညွှတ် ရေးနှင့် ငြိမ်းချမ်း ရေး ဖော် ဆောင်မှုညှိနှိင်း ရေး ကော်မတီမှ လေ့လာဆန်းစစ် ဖော်ထုတ်စိစစ် ရေးအဖွဲ၏ တွေ့ရှိချက်များအား ညှိနှိင်း ရေး ကော်မတီဝင် ဒုတိယဗိုလ်ချုပ်ကြီးဝင်းဗိုလ်ရှိန်က ရှင်းလင်းတင်ပြခဲ့ ပြီး RCSS အဖွဲမှ သိရှိလိုသည်များကို မေးမြန်းခဲ့ ဆွေး နွေးခဲ့ကြကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

‌‌ထို နောက် ငြိမ်းချမ်း ရေးနှင့် ဖွံဖြိုး ရေးဆိုင်ရာ အ ထွေ ထွေကိစ္စရပ်များအား ဆွေး နွေးခဲ့ကြပြီး ၃ ရက်တာ ဆွေး နွေးညှိနှိင်းချက်များအရ သ ဘောတူညီချက်များကို အတည်ပြုလက်မှတ် ရေးထိုးခဲ့ကြ ခြင်းဖြစ်သည်။

‌‌ တွေ့ဆုံ ဆွေး နွေးပွဲသို နိုင်ငံ တော်စီမံအုပ်ချုပ် ရေး ကောင်စီအဖွဲဝင်၊ အမျိုးသားစည်းလုံးညီညွတ် ရေးနှင့် ငြိမ်းချမ်း ရေး ဖော် ဆောင်မှုညှိနှိင်း ရေး ကော်မတီ ဥက္ကဋ္ဌ ၊ ပြည် ထောင်စုအစိုးရအဖွဲရုံးဝန်ကြီးဌာန(၁) ပြည် ထောင်စုဝန်ကြီး၊ ငြိမ်းချမ်း ရေး ဆွေး နွေး ရေးအဖွဲ ခေါင်း ဆောင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ အဖွဲဝင်များဖြစ်သည် နိုင်ငံ တော်စီမံအုပ်ချုပ် ရေး ကောင်စီအဖွဲဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ အမျိုးသားစည်းလုံးညီညွတ် ရေးနှင့် ငြိမ်းချမ်း ရေး ဖော် ဆောင်မှုညှိနှိင်း ရေး ကော်မတီ အတွင်း ရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်း နောင်၊ သျှမ်းပြည်ပြန်လည်ထူ ထောင် ရေး ကောင်စီ(RCSS)ဥက္ကဌ ဗိုလ်ချုပ်ကြီးယွက်စစ်၊ RCSS အတွင်း ရေးမှူး-၁ ဗိုလ်မှူးကြီးစိုင်းငင်းနှင့် RCSS ဗဟိုအလုပ်အမှု ဆောင် ကော်မတီဝင် ဗိုလ်မှူးကြီး ဆောင်းဟန်တို တက် ရောက်ခဲ့ကြ ကြောင်း သိရသည်။
#mhtnews

(Zawgyi)
“နိုင်ငံတော် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) ဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ ဒုတိယနေ့အဖြစ် ဆက်လက်တွေ့ဆုံပြီး ၃ ရက်တာတွေ့ဆုံမှုအတွင်း ရရှိသည့်သဘောတူညီချက်များကို လက်မှတ်ရေးထိုး”

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ နိုင်ငံတော် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) ဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ ယနေ့ (မေ ၂၂ ရက်)တွင် ဆက်လက်တွေ့ဆုံဆွေးနွေးခဲ့ပြီး ၃ ရက်တာအတွင်း ရရှိခဲ့သည့် ညှိနှိင်းသဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်ထောင်စုသဘောတူစာချုပ်အစိတ်အပိုင်း (၁/၂/၃)ပါ သဘောတူညီချက်များ၊ အစိတ်အပိုင်း(၃)မှ ဆက်လက်ဆွေးနွေးရန် ကျန်ရှိသည့် ဇယား-၂ ပါ ဆွေးနွေးရန်အချက်များနှင့်ပတ်သက်၍ အမျိးသားစည်းလုံးညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိင်းရေးကော်မတီမှ လေ့လာဆန်းစစ်ဖော်ထုတ်စိစစ်ရေးအဖွဲ့၏ တွေ့ရှိချက်များအား ညှိနှိင်းရေးကော်မတီဝင် ဒုတိယဗိုလ်ချုပ်ကြီးဝင်းဗိုလ်ရှိန်က ရှင်းလင်းတင်ပြခဲ့ပြီး RCSS အဖွဲမှ သိရှိလိုသည်များကို မေးမြန်းခဲ့ဆွေးနွေးခဲ့ကြကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့နောက် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အထွေထွေကိစ္စရပ်များအားဆွေးနွေးခဲ့ကြပြီး ၃ ရက်တာဆွေးနွေးညှိနှိင်းချက်များအရ သဘောတူညီချက်များကို အတည်ပြုလက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။

တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ အမျိးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိင်းရေးကော်မတီ ဥက္ကဋ္ဌ ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး၊ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ အဖွဲ့ဝင်များဖြစ်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ အမျိးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနောင်၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ဥက္ကဌ ဗိုလ်ချုပ်ကြီးယွက်စစ်၊ RCSS အတွင်းရေးမှူး-၁ ဗိုလ်မှူးကြီးစိုင်းငင်းနှင့် RCSS ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဗိုလ်မှူးကြီးဆောင်းဟန်တို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
#mhtnews