နိုင်ငံတော်သမ္မတ(ငြိမ်း)ဦးသိန်းစိန် မိသားစုမှ မတည်လှူဒါန်းသည့် မဟာဝဇိရမုနိစေတီတော် အထက်ဌာပနာတော်သွင်း၊ ရွှေထီးတော်တင်နှင့် သုံးထပ်သံဃာတော်ဆောင်ကျောင်းလွှတ်ပူဇာ မင်္ဂလာအခမ်းအနားများကို နေပြည်တော်၊ဥတ္တရသီရိမြိုနယ်၊ဇဝနသိဒ္ဓိရပ် ကွက်၊ဝဇီရာနန္ဒဓမ္မစင်တာ “သုဗောဓာရုံကျောင်းတိုက်” ၌ ယနေ့ ကဆုန်လပြည့် (ဗုဒ္ဓနေ့) နံနက် ၇ နာရီမှစတင်ကာ ကျင်းပခဲ့သည်ဟု ဖော်ပြလာသောသတင်းများအရ သိရသည်။

အခမ်းအနားသို ကြွရောက်တော်မူလာကြသည့် ဆရာတော်၊သံဃာတော်များအား သမ္မတ(ငြိမ်း) ဦးသိန်းစိန်နှင့်အလှူရှင်များက ရတနာစိန်ဖူးတော်၊ဌက်မြတ်နားတော်၊ဌာပနာရုပ်ပွားတော်၊ရွှေထီးတော်ဘံဆင့်များနှင့်ပရိယတ္တိ သာသနပဥ္ဇရီ သုံးထပ်သံဃာတော်ဆောင်တိုအား ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထိုနောက် မဟာဝဇိရမုနိစေတီတော်မြတ်ကြီးအား အထက်ဌာပနာတော်သွင်းကာ ရွှေထီးတော်တင်လှူပူဇော်၍ ဆရာတော်၊သံဃာတော်များမှ စေတီတော်မြတ်ကြီးအား အနေကဇာတင်တော်မူခဲ့ကြသည်ဟု သိရသည်။

အလားတူ ဆရာတော်၊သံဃာတော်များနှင့်မတည်အလှူရှင် သမ္မတ(ငြိမ်း)ဦးသိန်းစိန်+ဒေါ်ခင်ခင်ဝင်းနှင့်အလှူရှင်များ၊ဧည့်ပရိသတ်များက မဟာဗောဓိပင်အား ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ခဲ့ကြသည်။

မဟာဝဇိရမုနိစေတီတော်မြတ်ကြီးနှင့်သုံးထပ်သံ ဃာတော်ဆောင်တိုအား ရွှေကျင်နိကာယ ဥပဥက္ကဋ္ဌ တွဲဖက်ရွှေကျင်သာသနာပိုင်၊မဟာသုဗောဓာရုံကျောင်းတိုက်များ၏ မဟာနာယက ပါမော က္ခချုပ်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဒေါက် တာဘဒ္ဒန္တနန္ဒမာလာဘိဝံသအားအမှူးထား၍ နိုင်ငံ တော်သမ္မတ(ငြိမ်း)ဦးသိန်းစိန်+ဒေါ်ခင်ခင်ဝင်း မိ သားစုမှ ဦးဆောင်မတည်၍ အလှူရှင်များမှ စု ပေါင်းတည်ထားလှူဒါန်းခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
#mhtnews

<<< Zawgyi >>>

“နိုင်ငံတော်သမ္မတ(ငြိမ်း)ဦးသိန်းစိန် မိသားစုမှ မတည်လှူဒါန်းသည့် မဟာဝဇိရမုနိစေတီတော် အထက်ဌာပနာတော်သွင်း၊ရွှေထီးတော်တင်နှင့် သုံးထပ်သံဃာတော်ဆောင်ကျောင်းလွှတ်ပူဇာ မင်္ဂလာအခမ်းအနားများကျင်းပ”

နိုင်ငံတော်သမ္မတ(ငြိမ်း)ဦးသိန်းစိန် မိသားစုမှ မတည်လှူဒါန်းသည့် မဟာဝဇိရမုနိစေတီတော် အထက်ဌာပနာတော်သွင်း၊ ရွှေထီးတော်တင်နှင့် သုံးထပ်သံဃာတော်ဆောင်ကျောင်းလွှတ်ပူဇာ မင်္ဂလာအခမ်းအနားများကို နေပြည်တော်၊ဥတ္တရသီရိမြို့နယ်၊ဇဝနသိဒ္ဓိရပ် ကွက်၊ဝဇီရာနန္ဒဓမ္မစင်တာ “သုဗောဓာရုံကျောင်းတိုက်” ၌ ယနေ့ ကဆုန်လပြည့် (ဗုဒ္ဓနေ့) နံနက် ၇ နာရီမှစတင်ကာ ကျင်းပခဲ့သည်ဟု ဖော်ပြလာသောသတင်းများအရ သိရသည်။

အခမ်းအနားသို့ ကြွရောက်တော်မူလာကြသည့် ဆရာတော်၊သံဃာတော်များအား သမ္မတ(ငြိမ်း) ဦးသိန်းစိန်နှင့်အလှူရှင်များက ရတနာစိန်ဖူးတော်၊ဌက်မြတ်နားတော်၊ဌာပနာရုပ်ပွားတော်၊ရွှေထီးတော်ဘံဆင့်များနှင့်ပရိယတ္တိ သာသနပဉ်ဇရီ သုံးထပ်သံဃာတော်ဆောင်တို့အား ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် မဟာဝဇိရမုနိစေတီတော်မြတ်ကြီးအား အထက်ဌာပနာတော်သွင်းကာ ရွှေထီးတော်တင်လှူပူဇော်၍ ဆရာတော်၊သံဃာတော်များမှ စေတီတော်မြတ်ကြီးအား အနေကဇာတင်တော်မူခဲ့ကြသည်ဟု သိရသည်။


မဟာဝဇိရမုနိစေတီတော်မြတ်ကြီးနှင့်သုံးထပ်သံ ဃာတော်ဆောင်တို့အား ရွှေကျင်နိကာယ ဥပဥက္ကဋ္ဌ တွဲဖက်ရွှေကျင်သာသနာပိုင်၊မဟာသုဗောဓာရုံကျောင်းတိုက်များ၏ မဟာနာယက ပါမော က္ခချုပ်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဒေါက် တာဘဒ္ဒန္တနန္ဒမာလာဘိဝံသအားအမှူးထား၍ နိုင်ငံ တော်သမ္မတ(ငြိမ်း)ဦးသိန်းစိန်+ဒေါ်ခင်ခင်ဝင်း မိ သားစုမှ ဦးဆောင်မတည်၍ အလှူရှင်များမှ စု ပေါင်းတည်ထားလှူဒါန်းခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
#mhtnews