နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို တက်ရောက်ရန်အတွက် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ယွက်ဆစ်ဦးဆောင်သည့် အဖွဲသည် ယနေ့ (မေလ ၁၉)ရက်နေ့တွင် မြန်မာ- ထိုင်း နယ်စပ် အမှတ် (၂)ချစ်ကြည်ရေး၊တံတားမှတစ်ဆင့် ဝင်ရောက်ခဲ့ကြသည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီဥက္ကဋ္ဌ (RCSS) ဗိုလ်ချုပ်ကြီး ယွက်ဆစ်ဦးဆောင်သည့်အဖွဲအား တာချီလိတ် အခြေချ ဗျူဟာမှူး ဗိုလ်မှုးကြီး မင်းမင်းထွန်း ဦးဆောင်သော အဖွဲများ၊ခရိုင်စီမံအုပ်ချုပ်ရေး ဥက္ကဌ ဦးမြင့်နိုင်နှင့် စီမံအုပ်ချုပ်ရေး အဖွဲဝင်များ၊မြိုနယ် စီမံအုပ်ချုပ်ရေး ဥက္ကဌ ဦးတင်ဦးကျော်နှင့် အဖွဲဝင်များ၊ ရှမ်း၊အခါ ၊လားဟူ ၊ဗမာ စသည့်တိုင်းရင်းသားရိုးရာယဉ်ကျေးမှုဝင်များမှ ရင်နှီးနွေးထွေးစွာ ကြိုဆိုခဲ့ကြကြောင်း သိရှိရသည်။

RCSS သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)လက်မှတ်ထိုးထားသည့် ရှမ်းလက်နက်ကိုင်အဖွဲဖြစ်ပြီး တွေ့ဆုံဆွေးနွေး ညှိနှိင်းခြင်းဖြင့် လက်ရှိ နိုင်ငံရေး အကျပ်အတည်းများအား ဖြေရှင်းခြင်းသည် အကောင်းဆုံးနည်းလမ်းဖြင့်ပြီး တွေ့ဆုံဆွေးနွေးရေးအတွက် အပြန်အလှန်ယုံကြည်မှု တည်ဆောက်ခြင်းသည်လည်း မရှိမဖြစ် လိုအပ်ပါသည်”ဟု ဆွေးနွေးပွဲ တက်ရောက်ရန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တွေ့ဆုံဆွေးပွဲကို မနက်ဖြန် မေ ၂၀ ရက်တွင် စတင်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ရေးအဖွဲခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယခုပြုလုပ်လျှက်ရှိသည့် (၁၄) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။
#mhtnews

(Zawgyi)
“နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို RCSS ဥက္ကဋ္ဌ ယွက်ဆစ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တက်ရောက်ရန် တာချီလိတ်မြို့သို့ ရောက်ရှိ”

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ တက်ရောက်ရန်အတွက် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ယွက်ဆစ်ဦးဆောင်သည့် အဖွဲ့သည် ယနေ့ (မေလ ၁၉)ရက်နေ့တွင် မြန်မာ- ထိုင်း နယ်စပ် အမှတ် (၂)ချစ်ကြည်ရေး၊တံတားမှတစ်ဆင့် ဝင်ရောက်ခဲ့ကြသည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီဥက္ကဋ္ဌ (RCSS) ဗိုလ်ချုပ်ကြီး ယွက်ဆစ်ဦးဆောင်သည့်အဖွဲ့အား တာချီလိတ် အခြေချ ဗျူဟာမှူး ဗိုလ်မှုးကြီး မင်းမင်းထွန်း ဦးဆောင်သော အဖွဲ့များ၊ခရိုင်စီမံအုပ်ချုပ်ရေး ဥက္ကဌ ဦးမြင့်နိုင်နှင့် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊မြို့နယ် စီမံအုပ်ချုပ်ရေး ဥက္ကဌ ဦးတင်ဦးကျော်နှင့် အဖွဲ့ဝင်များ၊ ရှမ်း၊အခါ ၊လားဟူ ၊ဗမာ စသည့်တိုင်းရင်းသားရိုးရာယဉ်ကျေးမှုဝင်များမှ ရင်နှီးနွေးထွေးစွာ ကြိုဆိုခဲ့ကြကြောင်း သိရှိရသည်။

RCSS သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)လက်မှတ်ထိုးထားသည့် ရှမ်းလက်နက်ကိုင်အဖွဲ့ဖြစ်ပြီး တွေ့ဆုံဆွေးနွေး ညှိနှိင်းခြင်းဖြင့် လက်ရှိ နိုင်ငံရေး အကျပ်အတည်းများအား ဖြေရှင်းခြင်းသည် အကောင်းဆုံးနည်းလမ်းဖြင့်ပြီး တွေ့ဆုံဆွေးနွေးရေးအတွက် အပြန်အလှန်ယုံကြည်မှု တည်ဆောက်ခြင်းသည်လည်း မရှိမဖြစ် လိုအပ်ပါသည်”ဟု ဆွေးနွေးပွဲ တက်ရောက်ရန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တွေ့ဆုံဆွေးပွဲကို မနက်ဖြန် မေ ၂၀ ရက်တွင် စတင်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယခုပြုလုပ်လျှက်ရှိသည့် (၁၄) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။
#mhtnews