နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ပရိဝုဏ်တော်မြောက်ဘက်အရပ်ရှိ မဟာဗောဓိညောင်ပင်တော်များအား (၁၄)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ဗုဒ္ဓနေ့ (မေ ၁၄ ရက်) ညနေပိုင်းတွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ဇနီးများက မဟာဗောဓိညောင်ပင်တော်များကို ညောင်ရေသွန်းလောင်းပူဇော်ခဲ့ကြကြောင်း သိရသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီအဖွဲ့ဝင်များနှင့်ဇနီးများ၊ အတွင်းရေးမှူးနှင့်ဇနီး၊ တွဲဖက်အတွင်းရေးမှူးနှင့်ဇနီး၊ ပြည်ထောင်စုတရားသူကြီးချုပ်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့်ဇနီး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့်ဇနီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) နှင့်ဇနီး၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီးနှင့် တာဝန်ရှိသူများ၊ ဝတ်အသင်းအဖွဲ့များ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်ဇနီး၊ ကောင်စီအဖွဲ့ဝင်များနှင့် ဇနီးများ၊ အခမ်းအနားတက်ရောက်လာကြသူများသည် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ပရိဝုဏ်တော်အတွင်းရှိ မဟာဗောဓိညောင်ပင်များအား ညောင်ရေသွန်းလောင်းပူဇော်ရန် နေရာယူကြရာ အခမ်းအနားမှူးက မဟာဗောဓိရုက္ခသိဉ္စန ပူဇာဂါထာတော်ကို ရွတ်ဖတ်ပူဇော်၍ သာဓုသုံးကြိမ်ခေါ်ဆိုပြီးသည့်အခါ သတ်မှတ်ထားသည့်နေရာများအလိုက် မဟာဗောဓိ ညောင်ပင်တော်များအား ညောင်ရေသွန်းလောင်းပူဇော်ပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပူဇော်ကြကာ မဟာဗောဓိညောင်ပင်များအား လက်ယာရစ်လှည့်လည်ပူဇော်ကြသည်။

အလားတူ ဇေယျာသီရိမြို့နယ်၊ လောကချမ်းသာဆုတောင်းပြည့်အသင်းဘုရားကြီးရှိ မဟာဗောဓိညောင်ပင်တော်များကိုလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ကောင်စီဝင်များ၊ ဇနီးများက မဟာဗောဓိညောင်ရေ သွန်းလောင်းပူဇော်ခဲ့ကြသည်ဟု သတင်းရရှိသည်။

#mhtnews

(Zawgyi)

“နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ နိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္ႏွင့္ ေကာင္စီဝင္မ်ား၊ ဇနီးမ်ားက ကဆုန္ေညာင္ေရ သြန္းေလာင္းပူေဇာ္”

ေနျပည္ေတာ္၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ပရိဝုဏ္ေတာ္ေျမာက္ဘက္အရပ္ရွိ မဟာေဗာဓိေညာင္ပင္ေတာ္မ်ားအား (၁၄)ႀကိမ္ေျမာက္ ကဆုန္ေညာင္ေရသြန္းေလာင္းပူေဇာ္ျခင္း မဟာမဂၤလာအခမ္းအနားကို ျမန္မာသကၠရာဇ္ ၁၃၈၄ ခုႏွစ္၊ ကဆုန္လျပည့္ဗုဒၶေန႕ (ေမ ၁၄ ရက္) ညေနပိုင္းတြင္ က်င္းပျပဳလုပ္ရာ နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ နိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္ႏွင့္ နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဝင္မ်ား၊ ဇနီးမ်ားက မဟာေဗာဓိေညာင္ပင္ေတာ္မ်ားကို ေညာင္ေရသြန္းေလာင္းပူေဇာ္ခဲ့ၾကေၾကာင္း သိရသည္။

အခမ္းအနားသို႔ နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ နိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္၊ နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဒုတိယဥကၠ႒ ဒုတိယဝန္ႀကီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္ (ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းႏွင့္ဇနီး ေဒၚသန္းသန္းႏြယ္၊ ေကာင္စီအဖြဲ႕ဝင္မ်ားႏွင့္ဇနီးမ်ား၊ အတြင္းေရးမႉးႏွင့္ဇနီး၊ တြဲဖက္အတြင္းေရးမႉးႏွင့္ဇနီး၊ ျပည္ေထာင္စုတရားသူႀကီးခ်ဳပ္၊ နိုင္ငံေတာ္ဖြဲ႕စည္းပုံအေျခခံဥပေဒဆိုင္ရာ ခုံ႐ုံးဥကၠ႒ႏွင့္ဇနီး၊ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ဥကၠ႒၊ ျပည္ေထာင္စုဝန္ႀကီးမ်ားႏွင့္ဇနီးမ်ား၊ ျပည္ေထာင္စုစာရင္းစစ္ခ်ဳပ္ႏွင့္ဇနီး၊ ေနျပည္ေတာ္ေကာင္စီဥကၠ႒၊ ျမန္မာနိုင္ငံ အမ်ိဳးသားလူ႕အခြင့္အေရးေကာ္မရွင္ဥကၠ႒၊ ညွိႏွိုင္းကြပ္ကဲေရးမႉး(ၾကည္း၊ ေရ၊ ေလ) ႏွင့္ဇနီး၊ ေနျပည္ေတာ္တိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉးႏွင့္ဇနီးႏွင့္ တာဝန္ရွိသူမ်ား၊ ဝတ္အသင္းအဖြဲ႕မ်ား တက္ေရာက္ၾကသည္။

ဦးစြာ နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ နိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္၊ ေကာင္စီဒုတိယဥကၠ႒ ဒုတိယဝန္ႀကီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း)ႏွင့္ဇနီး၊ ေကာင္စီအဖြဲ႕ဝင္မ်ားႏွင့္ ဇနီးမ်ား၊ အခမ္းအနားတက္ေရာက္လာၾကသူမ်ားသည္ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ပရိဝုဏ္ေတာ္အတြင္းရွိ မဟာေဗာဓိေညာင္ပင္မ်ားအား ေညာင္ေရသြန္းေလာင္းပူေဇာ္ရန္ ေနရာယူၾကရာ အခမ္းအနားမႉးက မဟာေဗာဓိ႐ုကၡသိၪၥန ပူဇာဂါထာေတာ္ကို ႐ြတ္ဖတ္ပူေဇာ္၍ သာဓုသုံးႀကိမ္ေခၚဆိုၿပီးသည့္အခါ သတ္မွတ္ထားသည့္ေနရာမ်ားအလိုက္ မဟာေဗာဓိ ေညာင္ပင္ေတာ္မ်ားအား ေညာင္ေရသြန္းေလာင္းပူေဇာ္ၿပီး အေမႊးနံ႕သာရည္မ်ား ပက္ဖ်န္းပူေဇာ္ၾကကာ မဟာေဗာဓိေညာင္ပင္မ်ားအား လက္ယာရစ္လွည့္လည္ပူေဇာ္ၾကသည္။

အလားတူ ေဇယ်ာသီရိၿမိဳ႕နယ္၊ ေလာကခ်မ္းသာဆုေတာင္းျပည့္အသင္းဘုရားႀကီးရွိ မဟာေဗာဓိေညာင္ပင္ေတာ္မ်ားကိုလည္း နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္ႏွင့္အတူ ေကာင္စီဝင္မ်ား၊ ဇနီးမ်ားက မဟာေဗာဓိေညာင္ေရ သြန္းေလာင္းပူေဇာ္ခဲ့ၾကသည္ဟု သတင္းရရွိသည္။

#mhtnews