နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဟွန်ဆန်(Samdech Akka Moha Sena Padei Techo HUN SEN ) တို့ ယနေ့မေ (၂)ရက် နံနက်ပိုင်းက အွန်လိုင်း Video Conferencing ဖြင့် တွေ့ဆုံ  ဆွေးနွေးခဲ့ကြကြောင်း နစက၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

ထိုသို့တွေ့ဆုံရာတွင် လက်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်တိုင် ငြိမ်းချမ်းရေးဆွေးနွေးရန်ဖိတ်ခေါ်ထားမှုတွေကို ဗိုလ်ချုပ်မှူးကြီးက ပြောပြခဲ့ပြီး ဒေသအချို့တွင် ဖြစ်ပွားနေသည့် အကြမ်းဖက်မှုလုပ်ရပ်များမှာ NCA ကိုချိုးဖောက်လျက်ရှိပြီး ကျင့်ဝတ်များကိုလိုက်နာမှုမရှိသည့် EAO များထံမှအရင်းခံ၍ ဖြစ်ပေါ်လျက်ရှိနေခြင်းဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် လက်ရှိ ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများနှင့် အပြစ်မဲ့ပြည်သူများ သေဆုံးဒဏ်ရာရရှိမှုများကိုလည်း ပြောကြားခဲ့ကြောင်း သိရသည်။

ထိုနောက် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွေဆောင်ရွက်နေမှု၊ အာဆီယံမှပေးအပ်မည့် လူသားချင်းစာနာထောက်ထားမှု အကူအညီများကို ဖြန့်ဝေဆောင်ရွက်ပေးသွားမည့် အခြေအနေများ၊ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ၏အထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ ထပ်မံလာရောက်နိုင်ရေး ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေများ၊ အာဆီယံဘုံသဘော တူညီချက် ၅ ရပ် အကောင်အထည်ဖော် ဆောင်ရွက်နေသည်များကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါတွေ့ဆုံပွဲသို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း ယင်းသတင်းထုတ်ပြန်ချက်အရ သိရသည်။

#mhtnews

(Zawgyi)

“နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လွိုင္ႏွင့္ အာဆီယံအလွည့္က်ဥကၠ႒ ကေမၻာဒီးယားဝန္ႀကီးခ်ဳပ္ ဟြန္ဆန္တို႔ အြန္လိုင္းေတြ႕ဆုံေဆြးႏြေး”

နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ နိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္ႏွင့္ အာဆီယံအလွည့္က်ဥကၠ႒ ကေမၻာဒီးယားနိုင္ငံဝန္ႀကီးခ်ဳပ္ ဟြန္ဆန္(Samdech Akka Moha Sena Padei Techo HUN SEN)တို႔ ယေန႕ေမ (၂)ရက္ နံနက္ပိုင္းက အြန္လိုင္း Video Conferencing ျဖင့္ ေတြ႕ဆုံ ေဆြးႏြေးခဲ့ၾကေၾကာင္း နစက၏ သတင္းထုတ္ျပန္ခ်က္အရသိရသည္။

ထိုသို႔ေတြ႕ဆုံရာတြင္ လက္ရွိ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းမ်ားကို တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကိုယ္တိုင္ ၿငိမ္းခ်မ္းေရးေဆြးႏြေးရန္ဖိတ္ေခၚထားမႈေတြကို ဗိုလ္ခ်ဳပ္မႉးႀကီးက ေျပာျပခဲ့ၿပီး ေဒသအခ်ိဳ႕တြင္ ျဖစ္ပြားေနသည့္ အၾကမ္းဖက္မႈလုပ္ရပ္မ်ားမွာNCA ကိုခ်ိဳးေဖာက္လ်က္ရွိၿပီး က်င့္ဝတ္မ်ားကိုလိုက္နာမႈမရွိသည့္ EAO မ်ားထံမွအရင္းခံ၍ ျဖစ္ေပၚလ်က္ရွိေနျခင္းျဖစ္ေၾကာင္း ထည့္သြင္းေျပာၾကားခဲ့သည္ဟု သတင္းထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ထို႔အျပင္ လက္ရွိ ျဖစ္ပြားေနသည့္ အၾကမ္းဖက္မႈမ်ားႏွင့္ အျပစ္မဲ့ျပည္သူမ်ား ေသဆုံးဒဏ္ရာရရွိမႈမ်ားကိုလည္း ေျပာၾကားခဲ့ေၾကာင္း သိရသည္။

ထိုေနာက္ ကိုဗစ္-၁၉ ေရာဂါကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးလုပ္ငန္းေတြေဆာင္႐ြက္ေနမႈ၊ အာဆီယံမွေပးအပ္မည့္ လူသားခ်င္းစာနာေထာက္ထားမႈ အကူအညီမ်ားကို ျဖန႔္ေဝေဆာင္႐ြက္ေပးသြားမည့္ အေျခအေနမ်ား၊ အာဆီယံ အလွည့္က် ဥကၠ႒၏အထူးကိုယ္စားလွယ္ ျမန္မာနိုင္ငံသို႔ ထပ္မံလာေရာက္နိုင္ေရး ပူးေပါင္းေဆာင္႐ြက္ေနမႈအေျခအေနမ်ား၊ အာဆီယံဘုံသေဘာ တူညီခ်က္ ၅ ရပ္ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ေနသည္မ်ားကို ရင္းႏွီးပြင့္လင္းစြာေဆြးႏြေးခဲ့ေၾကာင္း သတင္းထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

အဆိုပါေတြ႕ဆုံပြဲသို႔ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လွိုင္ႏွင့္အတူ ေကာင္စီတြဲဖက္အတြင္းေရးမႉး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရဲဝင္းဦး၊ နိုင္ငံျခားေရးဝန္ႀကီးဌာနျပည္ေထာင္စုဝန္ႀကီး ဦးဝဏၰေမာင္လြင္၊ အျပည္ျပည္ဆိုင္ရာပူးေပါင္း ေဆာင္႐ြက္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးကိုကိုလွိုင္၊ ဒုတိယဝန္ႀကီးမ်ားႏွင့္ တာဝန္ရွိသူမ်ား တက္ေရာက္ခဲ့ၾကေၾကာင္း ယင္းသတင္းထုတ္ျပန္ခ်က္အရ သိရသည္။

#mhtnews