ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ကမ်းရိုးတန်းဒေသများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသည့် နယ်လှည့်အထူးကုဆေးအဖွဲ့များ ပါဝင်သည့် တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်)သည် ယမန်နေ့တွင် ကိုကိုးကျွန်းမြို့ရှိ ပြည်သူ့ဆေးရုံ၌ ဒေသခံပြည်သူ၂၈၅ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၆၅ ဦး၊ ခွဲစိတ်ရောဂါ ၁၈ ဦး၊ သားဖွား/ မီးယပ်ရောဂါ၂၈ ဦး၊ကလေး ရောဂါ ၃၂ ဦး၊ အရိုးရောဂါ ၄၃ ဦး၊ နား/နှာခေါင်း/လည်ချောင်း ရောဂါ ၁၉ ဦး၊ မျက်စိရောဂါ ၅၃ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၂၇ ဦးစုစုပေါင်း ၂၈၅ဦး တို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ခွဲစိတ်ကုသရန် လိုအပ်သူ အထွေထွေခွဲစိတ်လူနာ ၄ ဦးကို ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေး ပြီး ဓာတ်မှန်ရိုက် လူနာ ၁၇ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၂၀၊ ECG ဖြင့် နှလုံး စမ်းသပ်လူနာ ၂၂ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၇၆ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ် ကုသပေးခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

#mhtnews

(Zawgyi)

“နယ္လွည့္ အထူးကုေဆးအဖြဲ႕မ်ားပါဝင္သည့္ တပ္မေတာ္ပင္လယ္သြားေဆး႐ုံ ေရယာဥ္(သံလြင္)မွ ကိုကိုးကြၽန္းၿမိဳ႕နယ္ႏွင့္ တနသၤာရီတိုင္းေဒသႀကီးအတြင္းရွိ ကမ္းရိုးတန္းေဒသမ်ားမွ ေဒသခံျပည္သူမ်ား ၂၈၀ ေက်ာ္ကို က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ား ဆက္လက္ေဆာင္႐ြက္ေပး”

ရန္ကုန္တိုင္းေဒသႀကီး ကိုကိုးကြၽန္းၿမိဳ႕နယ္ႏွင့္ တနသၤာရီတိုင္းေဒသႀကီးအတြင္းရွိ ကမ္းရိုးတန္းေဒသမ်ားမွ ေဒသခံျပည္သူမ်ားအား က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္႐ြက္ေပးရန္ ေရာက္ရွိေနသည့္ နယ္လွည့္အထူးကုေဆးအဖြဲ႕မ်ား ပါဝင္သည့္ တပ္မေတာ္ပင္လယ္သြားေဆး႐ုံ ေရယာဥ္(သံလြင္)သည္ ယမန္ေန႕တြင္ ကိုကိုးကြၽန္းၿမိဳ႕ရွိ ျပည္သူ႕ေဆး႐ုံ၌ ေဒသခံျပည္သူ၂၈၅ဦးအား က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ား ဆက္လက္ေဆာင္႐ြက္ေပးခဲ့ေၾကာင္း သိရသည္။

ထိုသို႔ ေဆာင္႐ြက္ေပးရာတြင္ ေဆးကုသမႈဆိုင္ရာေရာဂါ ၆၅ ဦး၊ ခြဲစိတ္ေရာဂါ ၁၈ ဦး၊ သားဖြား/ မီးယပ္ေရာဂါ၂၈ ဦး၊ကေလး ေရာဂါ ၃၂ ဦး၊ အရိုးေရာဂါ ၄၃ ဦး၊ နား/ႏွာေခါင္း/လည္ေခ်ာင္း ေရာဂါ ၁၉ ဦး၊ မ်က္စိေရာဂါ ၅၃ ဦးႏွင့္ သြားႏွင့္ခံတြင္းေရာဂါ ၂၇ ဦးစုစုေပါင္း ၂၈၅ဦး တို႔ကို လိုအပ္သည့္ ေဆးဝါးကုသမႈမ်ားေဆာင္႐ြက္ေပးခဲ့ျခင္းျဖစ္သည္။

ထို႔အျပင္ ခြဲစိတ္ကုသရန္ လိုအပ္သူ အေထြေထြခြဲစိတ္လူနာ ၄ ဦးကို ခြဲစိတ္ကုသမႈမ်ား ေဆာင္႐ြက္ေပး ၿပီး ဓာတ္မွန္ရိုက္ လူနာ ၁၇ ဦး၊ အာထရာေဆာင္းျဖင့္ စမ္းသပ္စစ္ေဆးလူနာ ၂၀၊ ECG ျဖင့္ ႏွလုံး စမ္းသပ္လူနာ ၂၂ ဦးႏွင့္ ဓာတ္ခြဲစမ္းသပ္လူနာ ၇၆ ဦးတို႔ကို ေရာဂါရွာေဖြစမ္းသပ္ ကုသေပးျခင္းမ်ား ေဆာင္႐ြက္ေပးနိုင္ခဲ့ေၾကာင္း သတင္းရရွိသည္။

#mhtnews