နစက ဥက္ကဋ္ဌ၏ ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်နှင့်ပတ်သတ်၍ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST)အထူးအစည်းအဝေး(၀၁/၂၀၂၂) ကို ယနေ့ မေလ (၆)ရက်ကစပြီး ကျင်းပနေပြီဖြစ်ကြောင်း သိရသည်။

ယင်းအထူးအဝေးတွင် PPST ဦးဆောင်မှုကော်မတီ အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းက ““အထူးအစည်းအဝေး ခေါ် ယူကျင်းပရခြင်းရဲ့အကြောင်းအရာကတော့ SAC ဥက္ကဌ ဖိတ်ခေါ်မှုကိစ္စအပေါ် PPST အဖွဲ့ဝင်များ၊ PPST ပူးပေါင်းအဖွဲ့အစည်းတွေအကြား အမြင်သဘောထားများ ဖလှယ်ပြီးတော့ သဘောထားများကို စုစည်းပြီး လိုအပ်တဲ့ ပြင်ဆင်မှုများ ချမှတ်နိုင်ရန်နဲ့ အဲဒီကတဆင့် စုပေါင်းဆောင်ရွက်မှုများ အားကောင်းလာစေရန် ရည်မျှော်ပြီး ခေါ်ယူခဲ့ခြင်း ဖြစ်ပါတယ်။ ဒီဖိတ်ခေါ်မှုနဲ့ပတ်သက်ပြီး Stakeholder များအကြား မတူကွဲပြားတဲ့ အမြင်သဘောထားတွေ ရှိနေတာကို အားလုံးကြားသိရပြီး ဖြစ်ပါလိမ့်မယ်။ ဒီအတွက် PPST အနေနဲ့ ဒီဖိတ်ခေါ်မှုကို ချဉ်းကပ်တဲ့အခါမှာ ပြီးခဲ့တဲ့ Summit က ချမှတ်ပေးလိုက်တဲ့ NCA အနှစ်သာရ မူ (၃) ချက်၊ နိုင်ငံရေးရည်မှန်းချက် (၇) ချက်နဲ့ နိုင်ငံရေးလမ်းပြမြေပုံဆိုင်ရာ အဆိုပြုချက် (၈) ဆင့်တို့အပေါ် အခြေခံပြီး ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။

လက်ရှိ ရင်ဆိုင်နေရတဲ့ အထွေထွေနိုင်ငံရေးအကျပ်အတည်းကိုဖြေရှင်းရာမှာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရေးမူကို PPST က ခိုင်ခိုင်မာမာ ရပ်တည်ထားပါတယ်။ ဒါ့အပြင် မည်သည့် ဆွေးနွေးညှိနှိုင်းမှုများမှာမဆို သက်ဆိုင်သူ အားလုံးပါဝင်ရမှာဖြစ်ပြီး ပဋိပက္ခများ လျှော့ချနိုင်ရေးနဲ့ အတိဒုက္ခရောက်နေကြတဲ့ ပြည်သူများကို အကာအကွယ်ပေးနိုင်ရေးအတွက်လည်း အစဉ်တစိုက် ကြိုးပမ်းနေရမှာ ဖြစ်ပါတယ်။ မတူကွဲပြားတဲ့ အမြင်များကိုလည်း အလေးအနက်ထားပြီး နားလည်မှုများရရှိရေးကို အလေးထားဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။” ဟု ပြောသည်။

ယနေ့ကျင်းပသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST) အထူးအစည်းအဝေးသို့ PPSTခေါင်းဆောင်များ၊ ကိုယ်စားလှယ်များPPST ပူးပေါင်းအဖွဲ့များ၊ PPST အကြံပေးပုဂ္ဂိုလ်များ၊ အထောက်အကူပြု များအားလုံးတက်ရောက်လျှက်ရှိနေကြသည်ဟုသိရသည်။

PPST ဦးဆောင်မှုကော်မတီ အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းက ယနေ့ အထူးအစည်းအဝေးကြီးတွင် နစက ဥက္ကဌ၏ ဖိတ်ခေါ်မှုနှင့်ပတ်သက်၍

၁။ မိမိတို့အတွင်း အကျေအလည် ဆွေးနွေးပြီး သဘောထားများကို သတ်မှတ်ထားသော အချိန်အတွင်း စုစည်းသွားဖို့နဲ့ အခြား EAOs များနှင့်လည်း ဆက်လက် ညှိနှိုင်းသွားဖို့။

၂။ ၄င်းဖိတ်ကြားမှုအပေါ် ပြင်တွင်းပြည်ပမှ ဆန့်ကျင်သော၊ အမြင်မတူညီသော အင်အားစုများနဲ့လည်း နားလည်မှုရရှိရေး ကြိုးပမ်းသွားဖို့၊

၃။ နိုင်ငံတကာ အသိုင်းအဝိုင်းထံမှလည်း အကြံပြုချက်များ ရယူသွားဖို့၊

၄။ ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေများအတွက် အချက်အလက်အားဖြင့် ပြည့်စုံမှုရှိစေရေးအတွက် ပြင်ဆင်သွားကြဖို့တို့ အတွက် သဘောထားနဲ့ လုပ်ငန်းစဉ်များ ချမှတ်နိုင်ကြဖို့ကို အလေးအနက် တိုက်တွန်းလိုကြောင်းလည်း ပြောကြားသည်။

အဆိုပါ အထူးအစည်းအဝေးကို ယနေ့ မေ ၆ ရက်မှ ၇ ရက်အထိ ၂ရက်ကြာကျင်းပမည်ဖြစ်ကြောင်း သိရသည်။

#mhtnews

(Zawgyi)

“နစက၏ ၿငိမ္းခ်မ္းေရးဖိတ္ေခၚခ်က္ႏွင့္ပတ္သတ္၍ NCA လက္မွတ္ေရးထိုးထားေသာ တိုင္းရင္းသားလက္နက္ကိုင္ေတာ္လွန္ေရးအဖြဲ႕အစည္းမ်ား၏ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ဦးေဆာင္အဖြဲ႕ (PPST) အထူးအစည္းအေဝး ေခၚယူက်င္းပလွ်က္ရွိ”

နစက ဥကၠ႒၏ ၿငိမ္းခ်မ္းေရးဖိတ္ေခၚခ်က္ႏွင့္ပတ္သတ္၍ တစ္နိုင္ငံလုံးပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးသေဘာတူစာခ်ဳပ္ (NCA) လက္မွတ္ေရးထိုးထားေသာ တိုင္းရင္းသားလက္နက္ကိုင္ေတာ္လွန္ေရးအဖြဲ႕အစည္းမ်ား၏ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ဦးေဆာင္အဖြဲ႕ (PPST)အထူးအစည္းအေဝး(၀၁/၂၀၂၂) ကို ယေန႕ ေမလ (၆)ရက္ကစၿပီး က်င္းပေနၿပီျဖစ္ေၾကာင္း သိရသည္။

ယင္းအထူးအေဝးတြင္ PPST ဦးေဆာင္မႈေကာ္မတီ အဖြဲ႕ေခါင္းေဆာင္ နိုင္ေအာင္မင္းက အထူးအစည္းအေဝး ေခၚ ယူက်င္းပရျခင္းရဲ႕အေၾကာင္းအရာကေတာ့ SAC ဥကၠဌ ဖိတ္ေခၚမႈကိစၥအေပၚ PPST အဖြဲ႕ဝင္မ်ား၊ PPST ပူးေပါင္းအဖြဲ႕အစည္းေတြအၾကား အျမင္သေဘာထားမ်ား ဖလွယ္ၿပီးေတာ့ သေဘာထားမ်ားကို စုစည္းၿပီး လိုအပ္တဲ့ ျပင္ဆင္မႈမ်ား ခ်မွတ္နိုင္ရန္နဲ႕ အဲဒီကတဆင့္ စုေပါင္းေဆာင္႐ြက္မႈမ်ား အားေကာင္းလာေစရန္ ရည္ေမွ်ာ္ၿပီး ေခၚယူခဲ့ျခင္း ျဖစ္ပါတယ္။ ဒီဖိတ္ေခၚမႈနဲ႕ပတ္သက္ၿပီး Stakeholder မ်ားအၾကား မတူကြဲျပားတဲ့ အျမင္သေဘာထားေတြ ရွိေနတာကို အားလုံးၾကားသိရၿပီး ျဖစ္ပါလိမ့္မယ္။ ဒီအတြက္ PPST အေနနဲ႕ ဒီဖိတ္ေခၚမႈကို ခ်ဥ္းကပ္တဲ့အခါမွာ ၿပီးခဲ့တဲ့ Summit က ခ်မွတ္ေပးလိုက္တဲ့ NCA အႏွစ္သာရ မူ (၃) ခ်က္၊ နိုင္ငံေရးရည္မွန္းခ်က္ (၇) ခ်က္နဲ႕ နိုင္ငံေရးလမ္းျပေျမပုံဆိုင္ရာ အဆိုျပဳခ်က္ (၈) ဆင့္တို႔အေပၚ အေျခခံၿပီး ေဆာင္႐ြက္သြားရမွာျဖစ္ပါတယ္။

လက္ရွိ ရင္ဆိုင္ေနရတဲ့ အေထြေထြနိုင္ငံေရးအက်ပ္အတည္းကိုေျဖရွင္းရာမွာ နိုင္ငံေရးျပႆနာကို နိုင္ငံေရးနည္းျဖင့္ ေျဖရွင္းေရးမူကို PPST က ခိုင္ခိုင္မာမာ ရပ္တည္ထားပါတယ္။ ဒါ့အျပင္ မည္သည့္ ေဆြးႏြေးညွိႏွိုင္းမႈမ်ားမွာမဆို သက္ဆိုင္သူ အားလုံးပါဝင္ရမွာျဖစ္ၿပီး ပဋိပကၡမ်ား ေလွ်ာ့ခ်နိဳင္ေရးနဲ႕ အတိဒုကၡေရာက္ေနၾကတဲ့ ျပည္သူမ်ားကို အကာအကြယ္ေပးနိုင္ေရးအတြက္လည္း အစဥ္တစိုက္ ႀကိဳးပမ္းေနရမွာ ျဖစ္ပါတယ္။ မတူကြဲျပားတဲ့ အျမင္မ်ားကိုလည္း အေလးအနက္ထားၿပီး နားလည္မႈမ်ားရရွိေရးကို အေလးထားေဆာင္႐ြက္သြားၾကရမွာ ျဖစ္ပါတယ္။” ဟု ေျပာသည္။

ယေန႕က်င္းပသည့္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ဦးေဆာင္အဖြဲ႕(PPST) အထူးအစည္းအေဝးသို႔ PPSTေခါင္းေဆာင္မ်ား၊ ကိုယ္စားလွယ္မ်ားPPST ပူးေပါင္းအဖြဲ႕မ်ား၊ PPST အႀကံေပးပုဂၢိုလ္မ်ား၊ အေထာက္အကူျပဳ မ်ားအားလုံးတက္ေရာက္လွ်က္ရွိေနၾကသည္ဟုသိရသည္။

PPST ဦးေဆာင္မႈေကာ္မတီ အဖြဲ႕ေခါင္းေဆာင္ နိုင္ေအာင္မင္းက ယေန႕ အထူးအစည္းအေဝးႀကီးတြင္ နစက ဥကၠဌ၏ ဖိတ္ေခၚမႈႏွင့္ပတ္သက္၍

၁။ မိမိတို႔အတြင္း အေက်အလည္ ေဆြးႏြေးၿပီး သေဘာထားမ်ားကို သတ္မွတ္ထားေသာ အခ်ိန္အတြင္း စုစည္းသြားဖို႔နဲ႕ အျခား EAOs မ်ားႏွင့္လည္း ဆက္လက္ ညွိႏွိုင္းသြားဖို႔။

၂။ ၄င္းဖိတ္ၾကားမႈအေပၚ ျပင္တြင္းျပည္ပမွ ဆန႔္က်င္ေသာ၊ အျမင္မတူညီေသာ အင္အားစုမ်ားနဲ႕လည္း နားလည္မႈရရွိေရး ႀကိဳးပမ္းသြားဖို႔၊

၃။ နိုင္ငံတကာ အသိုင္းအဝိုင္းထံမွလည္း အႀကံျပဳခ်က္မ်ား ရယူသြားဖို႔၊

၄။ ျဖစ္ေပၚလာနိုင္တဲ့ အေျခအေနမ်ားအတြက္ အခ်က္အလက္အားျဖင့္ ျပည့္စုံမႈရွိေစေရးအတြက္ ျပင္ဆင္သြားၾကဖို႔တို႔ အတြက္ သေဘာထားနဲ႕ လုပ္ငန္းစဥ္မ်ား ခ်မွတ္နိုင္ၾကဖို႔ကို အေလးအနက္ တိုက္တြန္းလိုေၾကာင္းလည္း ေျပာၾကားသည္။

အဆိုပါ အထူးအစည္းအေဝးကို ယေန႕ ေမ ၆ ရက္မွ ၇ ရက္အထိ ၂ရက္ၾကာက်င္းပမည္ျဖစ္ေၾကာင္း သိရသည္။

#mhtnews