နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းတွင် ကျွန်းစုမြို့နယ်ရှိ ပြည့်ဖြိုးထွန်း အင်တာနေရှင်နယ် ကုမ္ပဏီလီမိတက် ငါး၊ ပုစွန် တန်(၁၀၀၀) အအေးခန်း စက်ရုံသို့ သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီး ချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် စက်ရုံ သို့ရောက်ရှိကြပြီး ခင်းကျင်း ပြထားသည့် GAqP (Good Aquaculture Practices) လုပ်ငန်းစဉ်အတိုင်း ထုတ်လုပ်ထားသည့် ငါး၊ ပုစွန်များ ထုပ်ပိုးထားမှုအဆင့်ဆင့် ကို ကြည့်ရှုကြသည်။

ထို့နောက် စက်ရုံဧည့်ခန်းမဆောင်၌ စက်ရုံအုပ်ချုပ်မှု ဒါရိုက်တာဦးလှသန်း က ကုမ္ပဏီမှ လုပ်ကိုင်ဆောင်ရွက်လျက် ရှိသော လုပ်ငန်းများ၊ ခေတ်မီရေငန် ပုစွန်များ မွေးမြူထားရှိမှု၊ အအေးခန်း စက်ရုံကုန်ပစ္စည်းများထုတ်လုပ်မှု အဆင့် ဆင့်များကိုလည်းကောင်း၊ မြိတ်ကော် ပိုရေးရှင်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်မှ မန်နေးဂျင်းဒါရိုက်တာ ဦးစိုးဝင်းက နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ မြိတ်မြို့ နိုင်ငံတကာ အဆင့်မီ ပထမဆုံးသော အပြည်ပြည်ဆိုင် ရာ ငါးလေလံဈေးနှင့် စက်မှုဇုန်စီမံကိန်း ကိုလည်းကောင်း ပါဝါပွိုင့်များဖြင့် ရှင်းလင်းတင်ပြကြရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က သိရှိလို သည်များကို မေးမြန်းပြီး လုပ်ငန်းလိုချက် များနှင့်ပတ်သက်၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီး ချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် ကုမ္ပဏီမှ ဆောင်ရွက်လျက်ရှိသော ကိုယ်ထူကိုယ်ထ သင်္ဘောလွန်းကျင်း လုပ်ငန်းခွင်၊ ငါး၊ ပုစွန်များ မွေးမြူထားရှိ သည့် ကန်များကို မော်တော်ယာဉ်များ ဖြင့် လိုက်လံကြည့်ရှုကြသည်။

အဆိုပါ (တန် ၁၀၀၀) အအေးခန်း စက်ရုံသည် မြိတ်မြို့အနီး ပထော်-ပထက် ကျွန်း၌ ရေထွက်ပစ္စည်းများအား တန်ဖိုး မြှင့်ထုတ်ကုန်အဖြစ် ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချရန်၊ ရရှိလာသည့် ရေထွက် ကုန်ကြမ်းပစ္စည်းများ လေလွင့်ဆုံးရှုံးမှု နည်းပါးစေရန်၊ နိုင်ငံတော်၏ နိုင်ငံခြား ဝင်ငွေရရှိမှု ပိုမိုတိုးတက်လာစေရန်၊ ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုတိုးတက်ရရှိလာစေရန်၊ လူသားအရင်းအမြစ်များ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်၊ နိုင်ငံတော်သို့ အခွန်ငွေများကို တစ်နှစ်ထက်တစ်နှစ် ပိုမိုပေးသွင်းထမ်းဆောင် နိုင်စေရန်၊ ဒေသခံတိုင်းရင်းသား များ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကဏ္ဍများ ပိုမိုတိုးတက်ကောင်းမွန်လာစေပြီး လုံခြုံစိတ်ချသော လူမှုဘဝကို ပိုင်ဆိုင်နိုင် စေရန် စသည့်ရည်ရွယ်ချက်များနှင့်အညီ ၁၉၉၈ ခုနှစ်မှ စတင်ဆောက်လုပ်ခဲ့ရာ ၂၀၀၀ ပြည့်နှစ်တွင် ဆောက်လုပ်ပြီးစီး ခဲ့ကြောင်း၊ ရေထွက်ပစ္စည်းများကို အရည် အသွေး၊ အရွယ်အစား ရွေးချယ်စစ်ဆေး ခြင်း၊ ဝယ်ယူပြီး ဆေးကြောသန့်စင်ခြင်း၊ စနစ်တကျထုပ်ပိုးခြင်း၊ အေးခဲတုံးများ ပြုလုပ်ခြင်း၊ အအေးခန်းများအတွင်း သိုလှောင်ခြင်းများကို အဆင့်ဆင့်ပြုလုပ် ရောင်းချလျက်ရှိသည့်အပြင် မြိတ်ဒေသ တစ်ခုလုံးရှိ ငါးဖမ်းစက်လှေ ၁၈၀၀ နီးပါးတို့၏ ဖမ်းဆီးရမိ ငါး/ပုစွန်များကို လည်း ဝယ်ယူပေးလျက်ရှိကြောင်း၊ ဂျပန်၊ အမေရိကန်၊ ဟောင်ကောင်၊ တရုတ်၊ မလေးရှား၊ ဗီယက်နမ်၊ ထိုင်း စသော ပြည်ပနိုင်ငံများသို့လည်း အမှာစာများ အတိုင်း GAqP လုပ်ငန်းစဉ်နှင့်အညီ သတ်မှတ်စံချိန်စံညွှန်းအတိုင်း တင်ပို့ ရောင်းချလျက်ရှိကြောင်း၊ နှစ်စဉ် ရေငန် ငါးမျိုးစုံ တန် ၁၀၀၀ ခန့်၊ ပုစွန် တန် ၆၀၀ ခန့်၊ ကဏန်းပျော့တန် ၂၉၀ ခန့်ကို ပြည်ပ နိုင်ငံများသို့ တင်ပို့ရောင်းချလျက် ရှိပြီး နိုင်ငံတော်အတွက် တာဝန် ကျေပွန်စွာ သတ်မှတ်အခွန်နှုန်း ထားများအတိုင်း ပေးသွင်းလျက်ရှိသည့် နိုင်ငံ့အခွန် ထမ်း ကုမ္ပဏီတစ်ခုဖြစ်ကြောင်းလည်း သိရှိရသည်။

#mhtnews

(Zawgyi)

“ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္း ကြၽန္းစုၿမိဳ႕နယ္ရွိ ျပည့္ၿဖိဳးထြန္း အင္တာေနရွင္နယ္ ကုမၸဏီလီမိတက္ ငါး၊ ပုစြန္ တန္(၁၀၀၀) အေအးခန္း စက္႐ုံသို့ သြားေရာက္ၾကည့္ရႈ”

နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဒုတိယဥကၠ႒ ဒုတိယတပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရး ဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းႏွင့္ တာဝန္ရွိသူမ်ားသည္ ယမန္ေန႕နံနက္ပိုင္းတြင္ ကြၽန္းစုၿမိဳ႕နယ္ရွိ ျပည့္ၿဖိဳးထြန္း အင္တာေနရွင္နယ္ ကုမၸဏီလီမိတက္ ငါး၊ ပုစြန္ တန္(၁၀၀၀) အေအးခန္း စက္႐ုံသို့ သြားေရာက္ၾကည့္ရႈခဲ့ေၾကာင္း သိရသည္။

ဦးစြာ နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဒုတိယဥကၠ႒ ဒုတိယတပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီး ခ်ဳပ္(ၾကည္း)ႏွင့္ အဖြဲ႕ဝင္မ်ားသည္ စက္႐ုံ သို႔ေရာက္ရွိၾကၿပီး ခင္းက်င္း ျပထားသည့္ GAqP (Good Aquaculture Practices) လုပ္ငန္းစဥ္အတိုင္း ထုတ္လုပ္ထားသည့္ ငါး၊ ပုစြန္မ်ား ထုပ္ပိုးထားမႈအဆင့္ဆင့္ ကို ၾကည့္ရႈၾကသည္။

ထို႔ေနာက္ စက္႐ုံဧည့္ခန္းမေဆာင္၌ စက္႐ုံအုပ္ခ်ဳပ္မႈ ဒါရိုက္တာဦးလွသန္း က ကုမၸဏီမွ လုပ္ကိုင္ေဆာင္႐ြက္လ်က္ ရွိေသာ လုပ္ငန္းမ်ား၊ ေခတ္မီေရငန္ ပုစြန္မ်ား ေမြးျမဴထားရွိမႈ၊ အေအးခန္း စက္႐ုံကုန္ပစၥည္းမ်ားထုတ္လုပ္မႈ အဆင့္ ဆင့္မ်ားကိုလည္းေကာင္း၊ ၿမိတ္ေကာ္ ပိုေရးရွင္း အမ်ားႏွင့္သက္ဆိုင္ေသာ ကုမၸဏီလီမိတက္မွ မန္ေနးဂ်င္းဒါရိုက္တာ ဦးစိုးဝင္းက နိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္၏ လမ္းၫႊန္ခ်က္ႏွင့္အညီ ၿမိတ္ၿမိဳ႕ နိုင္ငံတကာ အဆင့္မီ ပထမဆုံးေသာ အျပည္ျပည္ဆိုင္ ရာ ငါးေလလံေဈးႏွင့္ စက္မႈဇုန္စီမံကိန္း ကိုလည္းေကာင္း ပါဝါပြိုင့္မ်ားျဖင့္ ရွင္းလင္းတင္ျပၾကရာ နိုင္ငံေတာ္စီမံ အုပ္ခ်ဳပ္ေရးေကာင္စီဒုတိယဥကၠ႒ ဒုတိယ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း)က သိရွိလို သည္မ်ားကို ေမးျမန္းၿပီး လုပ္ငန္းလိုခ်က္ မ်ားႏွင့္ပတ္သက္၍ လိုအပ္သည္မ်ား ေပါင္းစပ္ညွိႏွိုင္း ေဆာင္႐ြက္ေပးသည္။

ထို႔ေနာက္ နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဒုတိယဥကၠ႒ ဒုတိယတပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီး ခ်ဳပ္(ၾကည္း)ႏွင့္ အဖြဲ႕ဝင္မ်ားသည္ ကုမၸဏီမွ ေဆာင္႐ြက္လ်က္ရွိေသာ ကိုယ္ထူကိုယ္ထ သေဘၤာလြန္းက်င္း လုပ္ငန္းခြင္၊ ငါး၊ ပုစြန္မ်ား ေမြးျမဴထားရွိ သည့္ ကန္မ်ားကို ေမာ္ေတာ္ယာဥ္မ်ား ျဖင့္ လိုက္လံၾကည့္ရႈၾကသည္။

အဆိုပါ (တန္ ၁၀၀၀) အေအးခန္း စက္႐ုံသည္ ၿမိတ္ၿမိဳ႕အနီး ပေထာ္-ပထက္ ကြၽန္း၌ ေရထြက္ပစၥည္းမ်ားအား တန္ဖိုး ျမႇင့္ထုတ္ကုန္အျဖစ္ ျပည္ပနိုင္ငံမ်ားသို႔ တင္ပို႔ေရာင္းခ်ရန္၊ ရရွိလာသည့္ ေရထြက္ ကုန္ၾကမ္းပစၥည္းမ်ား ေလလြင့္ဆုံးရႈံးမႈ နည္းပါးေစရန္၊ နိုင္ငံေတာ္၏ နိုင္ငံျခား ဝင္ေငြရရွိမႈ ပိုမိုတိုးတက္လာေစရန္၊ ေဒသတြင္း အလုပ္အကိုင္ အခြင့္အလမ္းမ်ား ပိုမိုတိုးတက္ရရွိလာေစရန္၊ လူသားအရင္းအျမစ္မ်ား ပိုမိုဖြံ႕ၿဖိဳးတိုးတက္လာေစရန္၊ နိုင္ငံေတာ္သို႔ အခြန္ေငြမ်ားကို တစ္ႏွစ္ထက္တစ္ႏွစ္ ပိုမိုေပးသြင္းထမ္းေဆာင္ နိုင္ေစရန္၊ ေဒသခံတိုင္းရင္းသား မ်ား၏ ပညာေရး၊ က်န္းမာေရး၊ လူမႈေရးက႑မ်ား ပိုမိုတိုးတက္ေကာင္းမြန္လာေစၿပီး လုံၿခဳံစိတ္ခ်ေသာ လူမႈဘဝကို ပိုင္ဆိုင္နိုင္ ေစရန္ စသည့္ရည္႐ြယ္ခ်က္မ်ားႏွင့္အညီ ၁၉၉၈ ခုႏွစ္မွ စတင္ေဆာက္လုပ္ခဲ့ရာ ၂၀၀၀ ျပည့္ႏွစ္တြင္ ေဆာက္လုပ္ၿပီးစီး ခဲ့ေၾကာင္း၊ ေရထြက္ပစၥည္းမ်ားကို အရည္ အေသြး၊ အ႐ြယ္အစား ေ႐ြးခ်ယ္စစ္ေဆး ျခင္း၊ ဝယ္ယူၿပီး ေဆးေၾကာသန႔္စင္ျခင္း၊ စနစ္တက်ထဳပ္ပိုးျခင္း၊ ေအးခဲတုံးမ်ား ျပဳလုပ္ျခင္း၊ အေအးခန္းမ်ားအတြင္း သိုေလွာင္ျခင္းမ်ားကို အဆင့္ဆင့္ျပဳလုပ္ ေရာင္းခ်လ်က္ရွိသည့္အျပင္ ၿမိတ္ေဒသ တစ္ခုလုံးရွိ ငါးဖမ္းစက္ေလွ ၁၈၀၀ နီးပါးတို႔၏ ဖမ္းဆီးရမိ ငါး/ပုစြန္မ်ားကို လည္း ဝယ္ယူေပးလ်က္ရွိေၾကာင္း၊ ဂ်ပန္၊ အေမရိကန္၊ ေဟာင္ေကာင္၊ တ႐ုတ္၊ မေလးရွား၊ ဗီယက္နမ္၊ ထိုင္း စေသာ ျပည္ပနိုင္ငံမ်ားသို႔လည္း အမွာစာမ်ား အတိုင္း GAqP လုပ္ငန္းစဥ္ႏွင့္အညီ သတ္မွတ္စံခ်ိန္စံၫႊန္းအတိုင္း တင္ပို႔ ေရာင္းခ်လ်က္ရွိေၾကာင္း၊ ႏွစ္စဥ္ ေရငန္ ငါးမ်ိဳးစုံ တန္ ၁၀၀၀ ခန႔္၊ ပုစြန္ တန္ ၆၀၀ ခန႔္၊ ကဏန္းေပ်ာ့တန္ ၂၉၀ ခန႔္ကို ျပည္ပ နိုင္ငံမ်ားသို႔ တင္ပို႔ေရာင္းခ်လ်က္ ရွိၿပီး နိုင္ငံေတာ္အတြက္ တာဝန္ ေက်ပြန္စြာ သတ္မွတ္အခြန္ႏႈန္း ထားမ်ားအတိုင္း ေပးသြင္းလ်က္ရွိသည့္ နိုင္ငံ့အခြန္ ထမ္း ကုမၸဏီတစ္ခုျဖစ္ေၾကာင္းလည္း သိရွိရသည္။

#mhtnews