စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြိုနယ်၊ နန်းသီတာကျေးရွာရှိ ပေလန်းကျောင်းတိုက်အတွင်းသို မေ ၁၉ ရက် ညနေပိုင်းတွင် PDF အမည်ခံ အကြမ်းဖက်အဖွဲက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သဖြင့် ကျောင်းဝင်းအတွင်းသို လက်နက်ကြီး ကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး ကျောင်းတိုက်ရှိ ရှင်သာမဏေ ၂ ပါးဖြစ်သော ရှင်ဝါသဝ(ခ) မောင်ငွေဇင်အောင် (၁၄) နှစ် (ဘ) ဦးမြင့်အောင်နှင့် ရှင်သီလိန္ဒ (ခ) မောင်ဟိန်းထက်အောင် (၈)နှစ် (ဘ)ဦးတိုးတိုတွင် လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာများ အသီးသီးရရှိခဲ့ရာ ရွှေကူမြိုနယ်ပြည်သူ့ဆေးရုံသို ပိုဆောင် ဆေးဝါးကုသမှုခံယူစေလျက်ရှိကြောင်း သိရသည်။

ဗုဒ္ဓဘာသာဝင်တို၏ အထွဋ်အမြတ်ထားရာ ဘုန်းတော်ကြီးကျောင်းအား လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး ရှင်သာမဏေငယ်များအား ဒဏ်ရာရရှိစေခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲဝင်များက နယ်မြေခံ တပ်မတော်စစ်ကြောင်းများနှင့်ပူးပေါင်း၍ လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
#mhtnews

(Zawgyi)
“ထီးချိင့်မြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းသို့ အကြမ်းဖက်သမားများက လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ရှင်သာမဏေ ၂ ပါးဒဏ်ရာရရှိ”

စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိင့်မြို့နယ်၊ နန်းသီတာကျေးရွာရှိ ပေလန်းကျောင်းတိုက်အတွင်းသို့ မေ ၁၉ ရက် ညနေပိုင်းတွင် PDF အမည်ခံ အကြမ်းဖက်အဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သဖြင့် ကျောင်းဝင်းအတွင်းသို့ လက်နက်ကြီး ကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး ကျောင်းတိုက်ရှိ ရှင်သာမဏေ ၂ ပါးဖြစ်သော ရှင်ဝါသဝ(ခ) မောင်ငွေဇင်အောင် (၁၄) နှစ် (ဘ) ဦးမြင့်အောင်နှင့် ရှင်သီလိန္ဒ (ခ) မောင်ဟိန်းထက်အောင် (၈)နှစ် (ဘ)ဦးတိုးတို့တွင် လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာများ အသီးသီးရရှိခဲ့ရာ ရွှေကူမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ဆေးဝါးကုသမှုခံယူစေလျက်ရှိကြောင်း သိရသည်။

ဗုဒ္ဓဘာသာဝင်တို့၏ အထွဋ်အမြတ်ထားရာ ဘုန်းတော်ကြီးကျောင်းအား လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး ရှင်သာမဏေငယ်များအား ဒဏ်ရာရရှိစေခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေခံ တပ်မတော်စစ်ကြောင်းများနှင့်ပူးပေါင်း၍ လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
#mhtnews