ထိုင်းနိုင်ငံ၊ ချချင်ဆောင်ခရိုင်က လျှပ်စစ်မီးကြိုးထုတ်လုပ်တဲ့စက်ရုံမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမား ၉ ဦးကို ထိုင်းလုပ်ငန်းရှင်က အကြောင်းမဲ့အလုပ်ထုတ်လိုက်တာကြောင့် အဲဒီစက်ရုံမှာ အလုပ်အတူလုပ်ကိုင်နေကြတဲ့ ရာနဲ့ချီတဲ့ မြန်မာအလုပ်သမားတွေဟာ ယနေ့ (မေ ၂၀ ရက်)နံနက်ပိုင်းက ဆန္ဒပြခဲ့ကြတယ်လို သိရပါတယ်။

အဲဒီစက်ရုံမှာ မြန်မာနိုင်ငံသား ၅၀၀ လောက် အလုပ်လုပ်နေတာဖြစ်ပြီး ယခုအလုပ်ထုတ်လိုက်တာနဲ့ပတ်သက်လို အလုပ်သမားတွေအနေနဲ့ ပြောစကားကို နားမထောင်တာကြောင့်လို ထိုင်းအလုပ်ရှင်တွေဘက်က ပြောဆိုထားကြောင်း ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအရေးကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ ပြေလည်မှုရသွားပြီး နောက်ပိုင်းမှာအလုပ်သမားတွေကိုအလုပ်ထုတ်မယ်ဆိုရင် အပြစ်မရှိဘဲအလုပ်မထုတ်ဖို အလုပ်ထုတ်မယ်ဆိုတာကိုကြိုပြီး သတိပေးစာပေးဖိုတွေကို နှစ်ဖက်ညှိနှိင်းပြီးသဘောတူခဲ့ကြတယ်လို သိရပါတယ်။
#mhtnews

(Zawgyi)
“ထိုင်းလုပ်ငန်းရှင်က မြန်မာလုပ်သား ၉ ဦးကို အကြောင်းမဲ့ အလုပ်ထုတ်ပယ်လိုက်တာကြောင့် မြန်မာလုပ်သားများ ဆန္ဒပြ”

ထိုင်းနိုင်ငံ၊ ချချင်ဆောင်ခရိုင်က လျှပ်စစ်မီးကြိုးထုတ်လုပ်တဲ့စက်ရုံမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမား ၉ ဦးကို ထိုင်းလုပ်ငန်းရှင်က အကြောင်းမဲ့အလုပ်ထုတ်လိုက်တာကြောင့် အဲဒီစက်ရုံမှာ အလုပ်အတူလုပ်ကိုင်နေကြတဲ့ ရာနဲ့ချီတဲ့ မြန်မာအလုပ်သမားတွေဟာ ယနေ့ (မေ ၂၀ ရက်)နံနက်ပိုင်းက ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီစက်ရုံမှာ မြန်မာနိုင်ငံသား ၅၀၀ လောက် အလုပ်လုပ်နေတာဖြစ်ပြီး ယခုအလုပ်ထုတ်လိုက်တာနဲ့ပတ်သက်လို့ အလုပ်သမားတွေအနေနဲ့ ပြောစကားကို နားမထောင်တာကြောင့်လို့ ထိုင်းအလုပ်ရှင်တွေဘက်က ပြောဆိုထားကြောင်း ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအရေးကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ ပြေလည်မှုရသွားပြီး နောက်ပိုင်းမှာအလုပ်သမားတွေကိုအလုပ်ထုတ်မယ်ဆိုရင် အပြစ်မရှိဘဲအလုပ်မထုတ်ဖို့ အလုပ်ထုတ်မယ်ဆိုတာကိုကြိုပြီး သတိပေးစာပေးဖို့တွေကို နှစ်ဖက်ညှိနှိင်းပြီးသဘောတူခဲ့ကြတယ်လို့ သိရပါတယ်။
#mhtnews