ထိုင်းနိုင်ငံတောင်ပိုင်း၊ ရနောင်းခရိုင်ရှိ အချုပ်ခန်းတစ်ခုမှာ တရားမဝင်နယ်စပ်ဖြတ်ကျော်မှုနဲ့ အဖမ်းခံထားရတဲ့ မြန်မာအလုပ်သမား ၁၆ ဦးမှာ အစားအသောက်ကို ပုံမှန်စားသုံးခွင့်မရရှိတဲ့အတွက် အခက်အခဲဖြစ်နေတယ်လို Migrant Times သတင်းဌာနက ရေးသားဖော်ပြထားပါတယ်။

အဲဒီမြန်မာနိုင်ငံသားတွေဟာ မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြိုနယ်ထဲက ၁၄ ဦးနဲ့ ရန်ကုန်တိုင်းဒေသကြီးက ၂ ဦးဖြစ်ကြပြီး ရနောင်းမြိုနယ်က အချုပ်ခန်းတစ်ခုမှာ ထိန်းသိမ်းခဲ့ထားရတာ ၂၃ ရက်ကြာမြင့်နေပြီဖြစ်ကာ တစ်ခါတရံမှာ သုံးရက်ခန့်ကြာမြင့်မှ ထမင်းစားရကြောင်း၊ အလှူရှင်ရှိမှသာစားရကြောင်း၊ အချုပ်ခန်းအတွင်း ဖမ်းဆီးခံထားရသည့် အမျိုးသမီးတစ်ဦး၏ပြောဆိုချက်ကိုကိုးကားပြီး Migrant Times သတင်းက ရေးသားဖော်ပြခဲ့တာပါ။

ထိုင်းနိုင်ငံကို တရားမဝင်သွားရောက်ခဲ့တဲ့ အဲဒီမြန်မာနိုင်ငံသားတွေအနေနဲ့ ပွဲစားခအဖြစ် လူတစ်ဦးကို ၃၇ ပေးခဲ့တယ်လိုလည်း သတင်းဖော်ပြမှုအရ သိရပါတယ်။
#mhtnews

(Zawgyi)
“ထိုင်းနိုင်ငံ ရနောင်း၌ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ မြန်မာအလုပ်သမား ၁၆ ဦး အချုပ်ခန်းအတွင်း အစားအသောက်ပုံမှန်မစားဘဲ အခက်အခဲဖြစ်နေဟုဆို”

ထိုင်းနိုင်ငံတောင်ပိုင်း၊ ရနောင်းခရိုင်ရှိ အချုပ်ခန်းတစ်ခုမှာ တရားမဝင်နယ်စပ်ဖြတ်ကျော်မှုနဲ့ အဖမ်းခံထားရတဲ့ မြန်မာအလုပ်သမား ၁၆ ဦးမှာ အစားအသောက်ကို ပုံမှန်စားသုံးခွင့်မရရှိတဲ့အတွက် အခက်အခဲဖြစ်နေတယ်လို့ Migrant Times သတင်းဌာနက ရေးသားဖော်ပြထားပါတယ်။

အဲဒီမြန်မာနိုင်ငံသားတွေဟာ မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်ထဲက ၁၄ ဦးနဲ့ ရန်ကုန်တိုင်းဒေသကြီးက ၂ ဦးဖြစ်ကြပြီး ရနောင်းမြို့နယ်က အချုပ်ခန်းတစ်ခုမှာ ထိန်းသိမ်းခဲ့ထားရတာ ၂၃ ရက်ကြာမြင့်နေပြီဖြစ်ကာ တစ်ခါတရံမှာ သုံးရက်ခန့်ကြာမြင့်မှ ထမင်းစားရကြောင်း၊ အလှူရှင်ရှိမှသာစားရကြောင်း၊ အချုပ်ခန်းအတွင်း ဖမ်းဆီးခံထားရသည့် အမျိးသမီးတစ်ဦး၏ပြောဆိုချက်ကိုကိုးကားပြီး Migrant Times သတင်းက ရေးသားဖော်ပြခဲ့တာပါ။

ထိုင်းနိုင်ငံကို တရားမဝင်သွားရောက်ခဲ့တဲ့ အဲဒီမြန်မာနိုင်ငံသားတွေအနေနဲ့ ပွဲစားခအဖြစ် လူတစ်ဦးကို ၃၇ ပေးခဲ့တယ်လို့လည်း သတင်းဖော်ပြမှုအရ သိရပါတယ်။
#mhtnews