မြန်မာနိုင်ငံမှ ရွှေ့ပြောင်းလုပ်သားများအနေဖြင့် ထိုင်းနိုင်ငံသို့ တရားမဝင်သွားလာခြင်းမပြုရန် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ သတိပေး ထုတ်ပြန်ထားသည်။

ထိုင်းနိုင်ငံသို့ တရားဝင်သတ်မှတ်ထားသည့် ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများမှမဟုတ်ဘဲ တရားမဝင် ပို့ဆောင်သူ/ ပွဲစားများမှတစ်ဆင့် သွားရောက်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများအနေဖြင့် ငွေကြေးများ အဆမတန်ပေးနေရသည့်အပြင် ထိုင်းနိုင်ငံသို့ ရောက်ရှိချိန်၌လည်း တရားမဝင်နေထိုင် လုပ်ကိုင်ရခြင်း၊ အလုပ်သမားအကျိုးခံစားခွင့် အပြည့်အဝမရရှိခြင်း၊ သက်ဆိုင်ရာဌာနများမှ ဝင်ရောက်စစ်ဆေးချိန်တွင် တရားမဝင် လုပ်ကိုင်နေရခြင်းကြောင့် ဖမ်းဆီးခံရခြင်းများ ဖြစ်ပေါ်လျက်ရှိသဖြင့် ယင်းကဲ့သို့ ထုတ်ပြန်ရခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ထိုင်းနိုင်ငံသို့တရားမဝင်သွားရောက်ခြင်းကြောင့် မြန်မာလုပ်သားများဖမ်းဆီးခံရခြင်း အကြိမ်များစွာဖြစ်ပွားလျက်ရှိပြီး တရားမဝင်မောင်ခိုယာဉ်လိုင်းများဖြင့်သွားလာခဲ့ရာ ၎င်းယာဉ်များပေါ်တွင် လိုက်ပါလာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၉ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ၁၉ ဦး သေဆုံးခဲ့ပြီးဖြစ်သည်။

အဆိုပါဖြစ်စဉ်များကြောင့် ထိုင်းနိုင်ငံသို့ သွားရောက်အလုပ် လုပ်ကိုင်လိုသည့် မြန်မာနိုင်ငံသားများအနေဖြင့် တရားမဝင်သွားရောက်ခြင်းကြောင့် လူကုန်ကူးခံရခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်း၊ ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်မှုများ အပြည့်အဝမရရှိခြင်းနှင့် အခြားသော လူ့အခွင့်အရေးဆုံးရှုံးမှုများ ဖြစ်ပေါ်နိုင်သည့်အပြင် အခက်အခဲမျိုးစုံ ကြုံတွေ့လာနိုင်သဖြင့် တရားမဝင်သွားရောက်ခြင်းများ လုံးဝမပြုလုပ်ကြရန်နှင့် ပြည်ပသို့ တရားဝင်သွားရောက် လုပ်ကိုင်ခြင်းဖြင့် ဥပဒေနှင့်အညီ အလုပ်သမားအခွင့်အရေး ကာကွယ်စောင့်ရှောက်မှုများ အပြည့်အဝရရှိနိုင်ခြင်း၊ လူကုန်ကူးခံရမှု မဖြစ်ပွားနိုင်ခြင်း၊ ဆိုက်ရောက်နိုင်ငံများ၌ လွတ်လပ်စွာ သွားလာနိုင်ခြင်းနှင့် လုပ်ငန်းခွင်၌ စိတ်ချလုံခြုံစွာ လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာ-ထိုင်း နှစ်နိုင်ငံ အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှု စာချွန်လွှာကို ၂၀၀၃ ခုနှစ် ဇွန် ၂၁ ရက်တွင် လည်းကောင်း၊ အလုပ်သမားများ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ကို ၂၀၁၆ ခုနှစ် ဇွန် ၂၄ ရက်တွင် လည်းကောင်း လက်မှတ်ရေးထိုးခဲ့ပြီး MoU စနစ်ဖြင့် တရားဝင် အလုပ်သမားစေလွှတ်ရေး လုပ်ငန်းစဉ်ကို ဆောင်ရွက်ခဲ့ရာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စေလွှတ်ရေးလုပ်ငန်းစဉ်များ ရပ်ဆိုင်းခဲ့သည့် ၂၀၂၀ ပြည့်နှစ် မတ် ၁၈ ရက်မတိုင်မီအထိ မြန်မာအလုပ်သမား ၉၁၅၉၈၀ စေလွှတ်ခဲ့ပြီး ဖြစ်ကြောင်းလည်း သတင်းအချက်အလက်များအရ သိရသည်။

#mhtnews

(Zawgyi)

“ထိုင္းနိုင္ငံသို႔ တရားမဝင္ သြားလာျခင္းမျပဳရန္ အလုပ္သမားၫႊန္ၾကားေရးဦးစီးဌာနမွ သတိေပးထုတ္ျပန္”

ျမန္မာနိုင္ငံမွ ေ႐ႊ႕ေျပာင္းလုပ္သားမ်ားအေနျဖင့္ ထိုင္းနိုင္ငံသို႔ တရားမဝင္သြားလာျခင္းမျပဳရန္ အလုပ္သမားၫႊန္ၾကားေရးဦးစီးဌာနမွ သတိေပး ထုတ္ျပန္ထားသည္။

ထိုင္းနိုင္ငံသို႔ တရားဝင္သတ္မွတ္ထားသည့္ ျပည္ပအလုပ္အကိုင္ အက်ိဳးေဆာင္လိုင္စင္ရ ေအဂ်င္စီမ်ားမွမဟုတ္ဘဲ တရားမဝင္ ပို႔ေဆာင္သူ/ ပြဲစားမ်ားမွတစ္ဆင့္ သြားေရာက္လုပ္ကိုင္ေနသည့္ ျမန္မာအလုပ္သမားမ်ားအေနျဖင့္ ေငြေၾကးမ်ား အဆမတန္ေပးေနရသည့္အျပင္ ထိုင္းနိုင္ငံသို႔ ေရာက္ရွိခ်ိန္၌လည္း တရားမဝင္ေနထိုင္ လုပ္ကိုင္ရျခင္း၊ အလုပ္သမားအက်ိဳးခံစားခြင့္ အျပည့္အဝမရရွိျခင္း၊ သက္ဆိုင္ရာဌာနမ်ားမွ ဝင္ေရာက္စစ္ေဆးခ်ိန္တြင္ တရားမဝင္ လုပ္ကိုင္ေနရျခင္းေၾကာင့္ ဖမ္းဆီးခံရျခင္းမ်ား ျဖစ္ေပၚလ်က္ရွိသျဖင့္ ယင္းကဲ့သို႔ ထုတ္ျပန္ရျခင္းျဖစ္ေၾကာင္း ေဖာ္ျပထားသည္။

ထိုင္းနိုင္ငံသို႔တရားမဝင္သြားေရာက္ျခင္းေၾကာင့္ ျမန္မာလုပ္သားမ်ားဖမ္းဆီးခံရျခင္း အႀကိမ္မ်ားစြာျဖစ္ပြားလ်က္ရွိၿပီး တရားမဝင္ေမာင္ခိုယာဥ္လိုင္းမ်ားျဖင့္သြားလာခဲ့ရာ ၎ယာဥ္မ်ားေပၚတြင္ လိုက္ပါလာသည့္ ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမား ၁၉ ဦး ထိခိုက္ဒဏ္ရာရရွိၿပီး ၁၉ ဦး ေသဆုံးခဲ့ၿပီးျဖစ္သည္။

အဆိုပါျဖစ္စဥ္မ်ားေၾကာင့္ ထိုင္းနိုင္ငံသို႔ သြားေရာက္အလုပ္ လုပ္ကိုင္လိုသည့္ ျမန္မာနိုင္ငံသားမ်ားအေနျဖင့္ တရားမဝင္သြားေရာက္ျခင္းေၾကာင့္ လူကုန္ကူးခံရျခင္း၊ လူ႕အခြင့္အေရး ခ်ိဳးေဖာက္ခံရျခင္း၊ ဥပေဒႏွင့္အညီ ကာကြယ္ေစာင့္ေရွာက္မႈမ်ား အျပည့္အဝမရရွိျခင္းႏွင့္ အျခားေသာ လူ႕အခြင့္အေရးဆုံးရႈံးမႈမ်ား ျဖစ္ေပၚနိုင္သည့္အျပင္ အခက္အခဲမ်ိဳးစုံ ႀကဳံေတြ႕လာနိုင္သျဖင့္ တရားမဝင္သြားေရာက္ျခင္းမ်ား လုံးဝမျပဳလုပ္ၾကရန္ႏွင့္ ျပည္ပသို႔ တရားဝင္သြားေရာက္ လုပ္ကိုင္ျခင္းျဖင့္ ဥပေဒႏွင့္အညီ အလုပ္သမားအခြင့္အေရး ကာကြယ္ေစာင့္ေရွာက္မႈမ်ား အျပည့္အဝရရွိနိုင္ျခင္း၊ လူကုန္ကူးခံရမႈ မျဖစ္ပြားနိုင္ျခင္း၊ ဆိုက္ေရာက္နိုင္ငံမ်ား၌ လြတ္လပ္စြာ သြားလာနိုင္ျခင္းႏွင့္ လုပ္ငန္းခြင္၌ စိတ္ခ်လဳံၿခဳံစြာ လုပ္ကိုင္နိုင္မည္ျဖစ္ေၾကာင္း သိရသည္။

ျမန္မာ-ထိုင္း ႏွစ္နိုင္ငံ အလုပ္သမားေရးရာ ပူးေပါင္းေဆာင္႐ြက္ျခင္းဆိုင္ရာ နားလည္မႈ စာခြၽန္လႊာကို ၂၀၀၃ ခုႏွစ္ ဇြန္ ၂၁ ရက္တြင္ လည္းေကာင္း၊ အလုပ္သမားမ်ား အလုပ္ခန႔္ထားမႈဆိုင္ရာ သေဘာတူစာခ်ဳပ္ကို ၂၀၁၆ ခုႏွစ္ ဇြန္ ၂၄ ရက္တြင္ လည္းေကာင္း လက္မွတ္ေရးထိုးခဲ့ၿပီး MoU စနစ္ျဖင့္ တရားဝင္ အလုပ္သမားေစလႊတ္ေရး လုပ္ငန္းစဥ္ကို ေဆာင္႐ြက္ခဲ့ရာ ကိုဗစ္-၁၉ ကပ္ေရာဂါေၾကာင့္ ေစလႊတ္ေရးလုပ္ငန္းစဥ္မ်ား ရပ္ဆိုင္းခဲ့သည့္ ၂၀၂၀ ျပည့္ႏွစ္ မတ္ ၁၈ ရက္မတိုင္မီအထိ ျမန္မာအလုပ္သမား ၉၁၅၉၈၀ ေစလႊတ္ခဲ့ၿပီး ျဖစ္ေၾကာင္းလည္း သတင္းအခ်က္အလက္မ်ားအရ သိရသည္။

#mhtnews