ထိုင်းနိုင်ငံသားလမ်းပြ ၁၂ ဦး က လမ်းပြအဖြစ် လိုက်ပါခေါ်ဆောင်လာသော တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၂၃၀ ကျော်ကို ထိုင်နိုင်ငံ၏ နေရာ ၁၁ ခုတို့တွင် ကား ၇ စီးဖြင့် သွားလာနေသည်ကို ထိုင်းလုံခြုံရေးတပ်ဖွဲ့များက တွေ့ရှိဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းတပ်မတော်ပြည်သူ့ဆက်ဆံရေးဌာနမှ သတင်း ထုတ်ပြန်ထားချက်အရ သိရှိရသည်။

မေလ ၁၀ ရက်နှင့် ၁၁ ရက်များတွင် ထိုင်းနိုင်ငံ၊ ပရာကျွတ်ခီရီခံခရိုင်နှင့် ကန်ချနာ ဘူရီခရိုင်များအတွင်းသို့ နယ်စပ်ဖြတ်ကျော် တရားမဝင် ဝင်ရောက်လာသည့်မြန်မာနိုင်ငံ သားများကို နေရာအနှံ့အပြားတွင် ဖမ်းဆီး ရမိခဲ့ကြောင်း ထိုင်းနိုင်ငံရှိ မီဒီယာများ၏ ဖော်ပြမှုအရ သိရသည်။

ပရာကျွတ် ခီရီခံခရိုင်၊ ဟွေးစိုင်ခရိုင်ခွဲ နှင့် အောင်နွဲခရိုင်ခွဲများအတွင်း မြန်မာနိုင် ငံသားအမျိုးသား ၈၉ ဦး၊ အမျိုးသမီး ၆၉ ဦး စုစုပေါင်း ၁၅၈ ဦးကို နေရာ လေးနေရာတွင် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းနိုင်ငံသားလမ်းပြ နှစ်ဦးက ကားနှစ်စီးဖြင့် ခေါ်ဆောင်လာစဉ် ဖမ်းဆီးခဲ့ရကြောင်း ထိုင်းတပ်မတော်ပြည်သူ့ဆက်ဆံရေးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။

မေလ ၁၀ ရက်နှင့် ၁၁ ရက်နေ့များတွင် လည်းကန်ချနာဘူရီခရိုင်၊ဗန်းကောင်ခရိုင်ခွဲ၊ ဗောင်းတီးခရိုင်ခွဲ၊ ဆိုင်ယို့ ခရိုင်ခွဲ၊ ထောင် ဖာဖွန်ခရိုင်ခွဲနှင့် ဆလယ်ခရိုင်ခွဲများတွင် မြန်မာနိုင်ငံသားအမျိုးသား ၃၉ ဦး၊အမျိုးသမီး ၃၆ ဦး စုစုပေါင်း ၇၅ ဦးကို ထိုင်း နိုင်ငံသား လမ်းပြပွဲစား ၁၀ ဦးက ကားငါးစီးဖြင့် ခေါ် ဆောင်လာစဥ် ဖမ်းဆီးခဲ့ရခြင်းဖြစ်ကာ ဖမ်းဆီးခံရသည့်မြန်မာနိုင်ငံသားများကို စစ်ဆေးမေးမြန်းရာ ထိုင်းနိုင်ငံတွင် အလုပ်အကိုင်ရရှိရန် လိုက်ပါလာကြောင်း ပွဲစားများကို လူတစ်ဦးလျှင် ထိုင်းဘတ်ငွေ ၂၀၀၀၀ မှ ၂၅၀၀၀ (မြန်မာကျပ်ငွေ ၁၂ သိန်းမှ ၁၅ သိန်း )အထိ ပေးဆောင်ခဲ့ရကြောင်းမြန်မာနိုင်ငံရှိ ရန်ကုန်၊ပဲခူး၊ မန္တလေး၊မကွေး၊ပခုက္ကူ၊ မော်လမြိုင်၊ ထားဝယ်နှင့် မြိတ်မြို့နယ်များ မှဖြစ်သည်ဟု ထွက်ဆိုခဲ့ကြောင်းသိရသည်။

#mhtnews

(Zawgyi)

“ထိုင္းနိုင္ငံသားလမ္းျပ ၁၂ ဦး ေခၚေဆာင္လာေသာ တရားမဝင္ ျမန္မာနိုင္ငံသား ၂၃၀ ေက်ာ္ကို ထိုင္းနိုင္ငံ ေနရာ ၁၁ ခုတြင္ ဖမ္းဆီးရမိ”

ထိုင္းနိုင္ငံသားလမ္းျပ ၁၂ ဦး က လမ္းျပအျဖစ္ လိုက္ပါေခၚေဆာင္လာေသာ တရားမဝင္ နယ္စပ္ျဖတ္ေက်ာ္ ဝင္ေရာက္လာသည့္ ျမန္မာနိုင္ငံသား ၂၃၀ ေက်ာ္ကို ထိုင္နိုင္ငံ၏ ေနရာ ၁၁ ခုတို႔တြင္ ကား ၇ စီးျဖင့္ သြားလာေနသည္ကို ထိုင္းလုံၿခဳံေရးတပ္ဖြဲ႕မ်ားက ေတြ႕ရွိဖမ္းဆီးရမိခဲ့ေၾကာင္း ထိုင္းတပ္မေတာ္ျပည္သူ႕ဆက္ဆံေရးဌာနမွ သတင္း ထုတ္ျပန္ထားခ်က္အရ သိရွိရသည္။

ေမလ ၁၀ ရက္ႏွင့္ ၁၁ ရက္မ်ားတြင္ ထိုင္းနိုင္ငံ၊ ပရာကြၽတ္ခီရီခံခရိုင္ႏွင့္ ကန္ခ်နာ ဘူရီခရိုင္မ်ားအတြင္းသို႔ နယ္စပ္ျဖတ္ေက်ာ္ တရားမဝင္ ဝင္ေရာက္လာသည့္ျမန္မာနိုင္ငံ သားမ်ားကို ေနရာအႏွံ႕အျပားတြင္ ဖမ္းဆီး ရမိခဲ့ေၾကာင္း ထိုင္းနိုင္ငံရွိ မီဒီယာမ်ား၏ ေဖာ္ျပမႈအရ သိရသည္။

ပရာကြၽတ္ ခီရီခံခရိုင္၊ ေဟြးစိုင္ခရိုင္ခြဲ ႏွင့္ ေအာင္ႏြဲခရိုင္ခြဲမ်ားအတြင္း ျမန္မာနိုင္ ငံသားအမ်ိဳးသား ၈၉ ဦး၊ အမ်ိဳးသမီး ၆၉ ဦး စုစုေပါင္း ၁၅၈ ဦးကို ေနရာ ေလးေနရာတြင္ ဖမ္းဆီးရမိခဲ့ေၾကာင္း ထိုင္းနိုင္ငံသားလမ္းျပ ႏွစ္ဦးက ကားႏွစ္စီးျဖင့္ ေခၚေဆာင္လာစဥ္ ဖမ္းဆီးခဲ့ရေၾကာင္း ထိုင္းတပ္မေတာ္ျပည္သူ႕ဆက္ဆံေရးဌာနမွ သတင္းထုတ္ျပန္ခဲ့သည္။

ေမလ ၁၀ ရက္ႏွင့္ ၁၁ ရက္ေန႕မ်ားတြင္ လည္းကန္ခ်နာဘူရီခရိုင္၊ဗန္းေကာင္ခရိုင္ခြဲ၊ ေဗာင္းတီးခရိုင္ခြဲ၊ ဆိုင္ယို႔ ခရိုင္ခြဲ၊ ေထာင္ ဖာဖြန္ခရိုင္ခြဲႏွင့္ ဆလယ္ခရိုင္ခြဲမ်ားတြင္ ျမန္မာနိုင္ငံသားအမ်ိဳးသား ၃၉ ဦး၊အမ်ိဳးသမီး ၃၆ ဦး စုစုေပါင္း ၇၅ ဦးကို ထိုင္း နိုင္ငံသား လမ္းျပပြဲစား ၁၀ ဦးက ကားငါးစီးျဖင့္ ေခၚ ေဆာင္လာစဥ္ ဖမ္းဆီးခဲ့ရျခင္းျဖစ္ကာ ဖမ္းဆီးခံရသည့္ျမန္မာနိုင္ငံသားမ်ားကို စစ္ေဆးေမးျမန္းရာ ထိုင္းနိုင္ငံတြင္ အလုပ္အကိုင္ရရွိရန္ လိုက္ပါလာေၾကာင္း ပြဲစားမ်ားကို လူတစ္ဦးလွ်င္ ထိုင္းဘတ္ေငြ ၂၀၀၀၀ မွ ၂၅၀၀၀ (ျမန္မာက်ပ္ေငြ ၁၂ သိန္းမွ ၁၅ သိန္း )အထိ ေပးေဆာင္ခဲ့ရေၾကာင္းျမန္မာနိုင္ငံရွိ ရန္ကုန္၊ပဲခူး၊ မႏၱေလး၊မေကြး၊ပခုကၠဴ၊ ေမာ္လၿမိဳင္၊ ထားဝယ္ႏွင့္ ၿမိတ္ၿမိဳ႕နယ္မ်ား မွျဖစ္သည္ဟု ထြက္ဆိုခဲ့ေၾကာင္းသိရသည္။

#mhtnews