ထိုင်းနိုင်ငံတွင် တရားမဝင်မြန်မာနိုင်ငံသားများ တင်ဆောင်လာသည်ကားတစ်စီး သေနတ်ဖြင့်အချက် ပေါင်းများစွာပစ်ခတ်ခံရပြီး မြန်မာနိုင်ငံသား အမျိုးသားတစ်ဦး တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းဌာနက ဖော်ပြသည်။

ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာအလုပ်သမားများ တင်ဆောင်လာသော ပစ်ကပ်ကားသည် ပရာကျွတ်ခီရီခမ်းခရိုင် စစ်ဆေးရေးဂိတ်အရောက် ယာဉ်မောင်းဖြစ်သူမှာ အစစ်ဆေးမခံပဲ မောင်းနှင်ထွက်ပြေးလာပြီးနောက် စစ်ဆေးရေးဂိတ်အလွန်တွင် ကားကို သေနတ်ဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်ခံခဲ့ရခြင်းဖြစ်သည်။

စစ်ဆေးရေးဂိတ်တာဝန်ရှိသူများမှ အဆိုပါကားကို လိုက်လံဖမ်းဆီးခဲ့ကြရာ ပစ်ကပ်ကားကို လမ်းဘေးတွင် စွန့်ပစ်ထားခဲ့သည်ကို တွေ့ရှိခဲ့ရပြီး သေဆုံးနေသည့် အမျိုးသားတစ်ဦးနှင့် အခြားသုံးဦးကို တွေ့ရှိခဲ့ရသည်ဟု သတင်းက ဖော်ပြထားသည်။

သေဆုံးသွားခဲ့သူ မြန်မာနိုင်ငံသား အမျိုးသားသည် အသက် ၃၅ နှစ်အရွယ်ခန့် ရှိပြီဖြစ်ပြီး နောက်ကျောနှင့် ဦးခေါင်းတို့တွင် သေနတ်ကျည်ထိမှန်ကာ သေဆုံးခဲ့ခြင်းဖြစ်ပြီး သေနတ်ဒဏ်ရာရရှိထားသည့် မြန်မာနိုင်ငံသား အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးကိုလည်း တွေ့ရှိခဲ့ရကာ ဆက်လက်၍ အခင်းဖြစ်ပွားနေရာ အနီးတစ်ဝိုက်ကို ဆက်လက်စစ်ဆေးရာ တောအုပ်အတွင်း၌ ပုန်းခိုနေသည့် မြန်မာနိုင်ငံသား ၄ ဦးနှင့် အမျိုးသမီး ၆ ဦးကို ထပ်မံတွေ့ရှိခဲ့ရသည်ဟု ဆိုသည်။

ထို့နောက် ဒဏ်ရာရရှိထားသည့် မြန်မာနိုင်ငံသား ၃ ဦးကို ပရာကျွတ်ခီရီခမ် ဆေးရုံးကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး ထိုင်းနိုင်ငံ အထူးစုံစမ်း စစ်ဆေးရေးအဖွဲ့က အခင်းဖြစ်ပွားမှုနှင့် ပတ်သက်၍ ကားလမ်းကြောင်း တစ်လျှောက်တွင်တပ်ဆင်ထားသော CCTV ကင်မရာများကို စစ်ဆေးကာ ပစ်ခတ်မှုလုပ်ဆောင်ခဲ့သည့် သေနတ်သမားကို အမြန်ဆုံး ဖော်ထုတ်ဖမ်းဆီးသွားမည်ဟု ပြောဆိုထားကြောင်း ၎င်းသတင်းဖော်ပြမှုအရ သိရသည်။

#mhtnews

(Zawgyi)

“ထိုင္းနိုင္ငံတြင္ တရားမဝင္ျမန္မာနိုင္ငံသားမ်ားတင္ေဆာင္လာသည့္ ကားတစ္စီး ေသနတ္ျဖင့္ အပစ္ခံရၿပီး ျမန္မာနိုင္ငံသား အမ်ိဳးသားတစ္ဦးေသဆုံးကာ သုံးဦးဒဏ္ရာရရွိ”

ထိုင္းနိုင္ငံတြင္ တရားမဝင္ျမန္မာနိုင္ငံသားမ်ား တင္ေဆာင္လာသည္ကားတစ္စီး ေသနတ္ျဖင့္အခ်က္ ေပါင္းမ်ားစြာပစ္ခတ္ခံရၿပီး ျမန္မာနိုင္ငံသား အမ်ိဳးသားတစ္ဦး တစ္ဦးေသဆုံးကာ သုံးဦးဒဏ္ရာရရွိခဲ့ေၾကာင္း ဘန္ေကာက္ပို႔စ္သတင္းဌာနက ေဖာ္ျပသည္။

ထိုင္းနိုင္ငံအတြင္းသို႔ တရားမဝင္ ဝင္ေရာက္လာသည့္ ျမန္မာအလုပ္သမားမ်ား တင္ေဆာင္လာေသာ ပစ္ကပ္ကားသည္ ပရာကြၽတ္ခီရီခမ္းခရိုင္ စစ္ေဆးေရးဂိတ္အေရာက္ ယာဥ္ေမာင္းျဖစ္သူမွာ အစစ္ေဆးမခံပဲ ေမာင္းႏွင္ထြက္ေျပးလာၿပီးေနာက္ စစ္ေဆးေရးဂိတ္အလြန္တြင္ ကားကို ေသနတ္ျဖင့္ အခ်က္ေပါင္းမ်ားစြာ ပစ္ခတ္ခံခဲ့ရျခင္းျဖစ္သည္။

စစ္ေဆးေရးဂိတ္တာဝန္ရွိသူမ်ားမွ အဆိုပါကားကို လိုက္လံဖမ္းဆီးခဲ့ၾကရာ ပစ္ကပ္ကားကို လမ္းေဘးတြင္ စြန႔္ပစ္ထားခဲ့သည္ကို ေတြ႕ရွိခဲ့ရၿပီး ေသဆုံးေနသည့္ အမ်ိဳးသားတစ္ဦးႏွင့္ အျခားသုံးဦးကို ေတြ႕ရွိခဲ့ရသည္ဟု သတင္းက ေဖာ္ျပထားသည္။

ေသဆုံးသြားခဲ့သူ ျမန္မာနိုင္ငံသား အမ်ိဳးသားသည္ အသက္ ၃၅ ႏွစ္အ႐ြယ္ခန့္ ရွိၿပီျဖစ္ၿပီး ေနာက္ေက်ာႏွင့္ ဦးေခါင္းတို႔တြင္ ေသနတ္က်ည္ထိမွန္ကာ ေသဆုံးခဲ့ျခင္းျဖစ္ၿပီး ေသနတ္ဒဏ္ရာရရွိထားသည့္ ျမန္မာနိုင္ငံသား အမ်ိဳးသားႏွစ္ဦးႏွင့္ အမ်ိဳးသမီးတစ္ဦးကိုလည္း ေတြ႕ရွိခဲ့ရကာ ဆက္လက္၍ အခင္းျဖစ္ပြားေနရာ အနီးတစ္ဝိုက္ကို ဆက္လက္စစ္ေဆးရာ ေတာအုပ္အတြင္း၌ ပုန္းခိုေနသည့္ ျမန္မာနိုင္ငံသား ၄ ဦးႏွင့္ အမ်ိဳးသမီး ၆ ဦးကို ထပ္မံေတြ႕ရွိခဲ့ရသည္ဟု ဆိုသည္။

ထို႔ေနာက္ ဒဏ္ရာရရွိထားသည့္ ျမန္မာနိုင္ငံသား ၃ ဦးကို ပရာကြၽတ္ခီရီခမ္ ေဆး႐ုံးႀကီးသို႔ ပို႔ေဆာင္ေပးခဲ့ၿပီး ထိုင္းနိုင္ငံ အထူးစုံစမ္း စစ္ေဆးေရးအဖြဲ႕က အခင္းျဖစ္ပြားမႈႏွင့္ ပတ္သက္၍ ကားလမ္းေၾကာင္း တစ္ေလွ်ာက္တြင္တပ္ဆင္ထားေသာ CCTV ကင္မရာမ်ားကို စစ္ေဆးကာ ပစ္ခတ္မႈလုပ္ေဆာင္ခဲ့သည့္ ေသနတ္သမားကို အျမန္ဆုံး ေဖာ္ထုတ္ဖမ္းဆီးသြားမည္ဟု ေျပာဆိုထားေၾကာင္း ၎သတင္းေဖာ္ျပမႈအရ သိရသည္။

#mhtnews