ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြိုနယ်၊ကွမ်းခြံရပ်ကွက်၊ ရိပ်သာလမ်းသွယ် (၃) တွင် ယနေ့ (မေ ၁၆ ရက်) ညနေ ၄ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် သေနတ်ဖြင့် အပစ်ခံရပြီး ဒဏ်ရာရရှိထားသော်လည်း အကြမ်းဖက်လူသတ်သမားထံမှ သေနတ်ကိုပြန်လည်လုယူနိုင်ခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ ဦးဝင်းဆန်းသည် နေအိမ်ရှေ့လမ်းဘေးတွင်ရှိနေစဉ် ဆိုင်ကယ်တစ်စီးဖြင့် လူနှစ်ဦးရောက်လာပြီး ဦးဝင်းဆန်းကိုသေနတ်ဖြင့်ပစ်ရာ ကျောကုန်းထိမှန်ဒဏ်ရာရခဲ့သည်။

ဦးဝင်းဆန်းသည် ဒဏ်ရာရရှိထားသည့်ကြားကပင် သေနတ်သမားကိုပြန်လည်လုံးထွေးသတ်ပုတ်ရာ အကြမ်းဖက်သမားနှစ်ဦးထံမှ သေနတ်ကိုရရှိလိုက်ကာ ၎င်းအကြမ်းဖက်သမားနှစ်ဦးမှာ ဆိုင်ကယ်ဖြင့်ပြန်လည်ထွက်ပြေးသွားကြသည်ဟုဆိုသည်။

အကြမ်းဖက်လူသတ်သမားများထံမှ SIG SAUER ပစ္စတိုသေနတ်တစ်လက်၊ ကျည်အိမ်တစ်ခုနှင့် ကျည် ၁၆ တောင့်ကိုလုယူရရှိခဲ့ပြီး ဒဏ်ရာရသွားသော ဦးဝင်းဆန်းကိုဆေးရုံသိုပိုဆောင်ကုသပေးထားကြောင်းသိရသည်။
#mhtnews

 

(Zawgyi)
“တွံတေးတွင် သေနတ်ဖြင့် အပစ်ခံရပြီး ဒဏ်ရာရရှိထားသော်လည်း အကြမ်းဖက်သမားကို လုံးထွေးသတ်ပုတ်ပြီး သေနတ်ကိုလုယူနိုင်ခဲ့”

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ကွမ်းခြံရပ်ကွက်၊ ရိပ်သာလမ်းသွယ် (၃) တွင် ယနေ့ (မေ ၁၆ ရက်) ညနေ ၄ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် သေနတ်ဖြင့် အပစ်ခံရပြီး ဒဏ်ရာရရှိထားသော်လည်း အကြမ်းဖက်လူသတ်သမားထံမှ သေနတ်ကိုပြန်လည်လုယူနိုင်ခဲ့ကြောင်း သိရသည်။



အကြမ်းဖက်လူသတ်သမားများထံမှ SIG SAUER ပစ္စတိုသေနတ်တစ်လက်၊ ကျည်အိမ်တစ်ခုနှင့် ကျည် ၁၆ တောင့်ကိုလုယူရရှိခဲ့ပြီး ဒဏ်ရာရသွားသော ဦးဝင်းဆန်းကိုဆေးရုံသို့ပို့ဆောင်ကုသပေးထားကြောင်းသိရသည်။
#mhtnews