မြန်မာ့မီးရထားမှ နောင်ကား-ပင်းပက် သံမဏိစက်ရုံ ရထားလမ်းဖောက်လုပ်ရာတွင် ပါဝင်သွားသည့် မြေဧရိယာ (၂၁၇.၂၇)ဧကအတွက် တောင်သူ(၁၈၇)ဦးအား မြေယာလျော်ကြေးငွေ သိန်းနှစ်ထောင်ကျော်ကို ယနေ့ (မေ ၁၀ ရက်) မွန်းလွဲ(၂)နာရီအချိန်တွင် တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ပေးအပ်ခဲ့ကြောင်း သိရသည်။

မြန်မာ့မီးရထားနေဖြင့် လက်ရှိ တောင်ကြီး- ဆိုက်ခေါင် ရထားလမ်းမှ တဆင့်ခွဲထွက်ပြီး နောင်ကား-ပင်းပက် သံမဏိစက်ရုံသို့ ရထားလမ်းသစ် ဖောက်လုပ်နိုင်ရန်အတွက် မြေဧရိယာဧကစုစုပေါင်း (၂၈၁.၈၂) ဧကကို အသုံးပြုခဲ့ရသဖြင့် ၎င်းအတွင်းမှ တောင်သူများ စိုက်ပျိုးမြေအဖြစ် အသုံးပြုလျက်ရှိသည့် (၂၁၇.၂၇)ဧကအတွက် မြေယာနှင့် သီးနှံလျော်ကြေးအဖြစ် ငွေကျပ် (၂၀၀,၂၁၃,၂၈၅,၈)ကို တောင်သူ (၁၈၇) ဦးထံသို့ ပေးအပ်ခဲ့ခြင်းဖြစ်သည်။

မြန်မာ့မီးရထားဦးဆောင်ညွှန်ကြားရေးမှူး သူရဦးအောင်မျိုးမြင့်မှ မြေယာလျော်ကြေး ပေးအပ်မှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး မြေယာလျော်ကြေးငွေများပေးအပ်ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ မြန်မာ့မီးရထားဦးဆောင်ညွှန်ကြားရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ အတွင်းရေးမှူး ၊မြန်မာ့မီးရထား အထွေထွေမန်နေဂျာ(မြိုပြ)တိုမှ တောင်သူများအား မြေယာလျော်ကြေးများကို အသီးသီးပေးအပ်ကြရာ တောင်သူများမှ လက်ခံရယူပြီး မြေယာလျော်ကြေး ငွေပေးအပ်ခြင်းနှင့်ပတ်သက်၍ တောင်သူများကိုယ်စား တောင်သူဒေါ်နန်းချိုချိုဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြောင်း သိရှိရသည်။

#mhtnews

(Zawgyi)

“တောင်ကြီး၌ မြန်မာ့မီးရထားမှ နောင်ကား- ပင်းပက် သံမဏိစက်ရုံ ရထားလမ်းဖောက်လုပ်ရာတွင် ပါဝင်သွားသည့် မြေဧရိယာ (၂၁၇.၂၇) ဧကအတွက် တောင်သူ(၁၈၇)ဦးအား မြေယာလျော်ကြေးငွေ သိန်းနှစ်ထောင်ကျော်ပေးအပ်”




#mhtnews