တရုတ်-မြန်မာ နယ်စပ်ဒေသရှိ ဝမ်တိန်- မန်မိုင်လမ်းကြောင်းမှ ပျမ်းမျှကုန်သွယ်မှုပမာဏမှာ ၂၀၁၉ ခုနှစ်ကထက် နေ့စဉ် ၂၅၆ ရာခိုင်နှုန်း တိုးမြှင့်လာကြောင်း တရုတ်သတင်းဌာန ယူနန်ချန်နယ်က ဖော်ပြခဲ့သည်။

ဝမ်တိန်နယ်စပ်ဒေသစီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် စီမံခန့်ခွဲမှုကော်မတီမှ နောက်ဆုံးထုတ်ပြန်ထားသော စာရင်းဇယားများအရ ယခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ မန်မိုင်လမ်းကြောင်းမှ သွင်းကုန်ပို့ကုန် ပမာဏမှာ တန်ချိန် ၂၇၆,၄၀၀ ရှိပြီး နေ့စဉ် သွင်းကုန်ပို့ကုန် ပျမ်းမျှပမာဏမှာ တန်ချိန် ၂၆၀၈ ရှိကာ သွင်းကုန်ပို့ကုန်၏ ကုန်သွယ်မှုငွေပမာဏမှာ ယွမ် ၁.၇၉၂ ဘီလီယံရှိပြီး နေ့စဉ် ကုန်သွယ်မှုငွေပမာဏမှာ ယွမ် ၁၆.၉၁ သန်းရှိကြောင်းနှင့် ယင်းပမာဏသည် ၂၀၁၉ ခုနှစ်က နေ့စဉ် ကုန်သွယ်မှုငွေပမာဏထက် ၂၅၆ ရာခိုင်နှုန်း တိုးမြှင့်လာသည်ဟု သတင်းကဆိုသည်။

အဆိုပါ မန်မိုင်လမ်းကြောင်းမှတစ်ဆင့် တင်သွင်းခဲ့သည့် အဓိကကုန်စည်များမှာ ဖရဲ၊ မတ်ပဲ၊ ပဲနီ၊ ပြောင်း၊ ဆန်၊ နှမ်း၊ သရက်အစရှိသည့် လယ်ယာထွက်ကုန်များဖြစ်ကြောင်းနှင့် တရုတ်ဘက်မှ အဓိကပို့ကုန်များမှာ နေ့စဥ်သုံးပစ္စည်း၊ အိမ်သုံးလျှပ်စစ်ပစ္စည်း၊ မော်တော်ဆိုင်ကယ်၊ မော်တော်ယာဥ်ပစ္စည်းစသည့် တန်ဖိုးမြင့်ထုတ်ကုန်တွေဖြစ်ကြောင်း ဝမ်တိန်နယ်စပ်ဒေသစီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် စီမံခန့်ခွဲမှုကော်မတီမှ ဒုတိယညွှန်ကြားရေးမှူး တွမ်ရှင်းဟိုင်က ပြောကြားထားသည်ဟုဆိုသည်။

ပြီးခဲ့သည့် မေ ၁၇ ရက်တွင် မြန်မာဘက်မှ မတ်ပဲများတင်ဆောင်လာသော ကုန်တင်ကားတစ်စီး ဝမ်တိန်- မန်မိုင်လမ်းကြောင်းမှတစ်ဆင့် အကောက်ခွန်ရှင်းလင်း ဝင်ရောက်ခဲ့ရာ အဆိုပါလမ်းကြောင်းမှ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်း ပြန်လည် စတင်ချိန်မှစပြီး ပထမဆုံး ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#mhtnews

👇👇👇

(Zawgyi)

“တ႐ုတ္-ျမန္မာ နယ္စပ္ေဒသရွိ ဝမ္တိန္- မန္မိုင္လမ္းေၾကာင္းမွ ပ်မ္းမွ်ကုန္သြယ္မႈပမာဏမွာ ၂၀၁၉ ခုႏွစ္ကထက္ ေန႕စဥ္ ၂၅၆ ရာခိုင္ႏႈန္း တိုးျမႇင့္လာေၾကာင္း တ႐ုတ္သတင္းေဖာ္ျပ”

တ႐ုတ္-ျမန္မာ နယ္စပ္ေဒသရွိ ဝမ္တိန္- မန္မိုင္လမ္းေၾကာင္းမွ ပ်မ္းမွ်ကုန္သြယ္မႈပမာဏမွာ ၂၀၁၉ ခုႏွစ္ကထက္ ေန႕စဥ္ ၂၅၆ ရာခိုင္ႏႈန္း တိုးျမႇင့္လာေၾကာင္း တ႐ုတ္သတင္းဌာန ယူနန္ခ်န္နယ္က ေဖာ္ျပခဲ့သည္။

ဝမ္တိန္နယ္စပ္ေဒသစီးပြားေရးပူးေပါင္းေဆာင္႐ြက္မႈဇုန္ စီမံခန႔္ခြဲမႈေကာ္မတီမွ ေနာက္ဆုံးထုတ္ျပန္ထားေသာ စာရင္းဇယားမ်ားအရ ယခုႏွစ္ ဇန္နဝါရီလမွ ဧၿပီလအထိ မန္မိုင္လမ္းေၾကာင္းမွ သြင္းကုန္ပို႔ကုန္ ပမာဏမွာ တန္ခ်ိန္ ၂၇၆,၄၀၀ ရွိၿပီး ေန႕စဥ္ သြင္းကုန္ပို႔ကုန္ ပ်မ္းမွ်ပမာဏမွာ တန္ခ်ိန္ ၂၆၀၈ ရွိကာ သြင္းကုန္ပို႔ကုန္၏ ကုန္သြယ္မႈေငြပမာဏမွာ ယြမ္ ၁.၇၉၂ ဘီလီယံရွိၿပီး ေန႕စဥ္ ကုန္သြယ္မႈေငြပမာဏမွာ ယြမ္ ၁၆.၉၁ သန္းရွိေၾကာင္းႏွင့္ ယင္းပမာဏသည္ ၂၀၁၉ ခုႏွစ္က ေန႕စဥ္ ကုန္သြယ္မႈေငြပမာဏထက္ ၂၅၆ ရာခိုင္ႏႈန္း တိုးျမႇင့္လာသည္ဟု သတင္းကဆိုသည္။

အဆိုပါ မန္မိုင္လမ္းေၾကာင္းမွတစ္ဆင့္ တင္သြင္းခဲ့သည့္ အဓိကကုန္စည္မ်ားမွာ ဖရဲ၊ မတ္ပဲ၊ ပဲနီ၊ ေျပာင္း၊ ဆန္၊ ႏွမ္း၊ သရက္အစရွိသည့္ လယ္ယာထြက္ကုန္မ်ားျဖစ္ေၾကာင္းႏွင့္ တ႐ုတ္ဘက္မွ အဓိကပို႔ကုန္မ်ားမွာ ေန႕စဥ္သုံးပစၥည္း၊ အိမ္သုံးလွ်ပ္စစ္ပစၥည္း၊ ေမာ္ေတာ္ဆိုင္ကယ္၊ ေမာ္ေတာ္ယာဥ္ပစၥည္းစသည့္ တန္ဖိုးျမင့္ထုတ္ကုန္ေတြျဖစ္ေၾကာင္း ဝမ္တိန္နယ္စပ္ေဒသစီးပြားေရးပူးေပါင္းေဆာင္႐ြက္မႈဇုန္ စီမံခန႔္ခြဲမႈေကာ္မတီမွ ဒုတိယၫႊန္ၾကားေရးမႉး တြမ္ရွင္းဟိုင္က ေျပာၾကားထားသည္ဟုဆိုသည္။

ၿပီးခဲ့သည့္ ေမ ၁၇ ရက္တြင္ ျမန္မာဘက္မွ မတ္ပဲမ်ားတင္ေဆာင္လာေသာ ကုန္တင္ကားတစ္စီး ဝမ္တိန္- မန္မိုင္လမ္းေၾကာင္းမွတစ္ဆင့္ အေကာက္ခြန္ရွင္းလင္း ဝင္ေရာက္ခဲ့ရာ အဆိုပါလမ္းေၾကာင္းမွ ကုန္စည္ပို႔ေဆာင္ေရးလုပ္ငန္း ျပန္လည္ စတင္ခ်ိန္မွစၿပီး ပထမဆုံး ဝင္ေရာက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

#mhtnews