ကိုဗစ်အကြောင်းပြချက်နဲ့ မြန်မာဘက်ကကုန်တွေ တင်လာတဲ့ယာဉ်ကို တရုတ်နိုင်ငံထဲ တိုက်ရိုက်ဝင်ရောက်ခွင့်မပေးဘဲ တရုတ်ယာဉ်၊တရုတ်ယာဉ်မောင်းတွေနဲ့ သယ်ယူစေတဲ့ အစီအစဉ်ကို တရုတ်ဘက်က ရပ်ဆိုင်းလိုက်ပြီး မြန်မာယာဉ်တွေကို မေလ ၁၆ရက်ကစပြီး ဝင်ရောက်ခွင့်ပေးလိုက်တယ်လို မြန်မာကုန်သည်တွေထံက သိရပါတယ်။

လက်ရှိမှာတော့ ယာဥ်လဲလှယ်မှုကိုသာ ရပ်ဆိုင်းလိုက်တာဖြစ်ပြီး မြန်မာယာဉ်မောင်းတွေကိုတော့ မောင်းခွင့်မပေးသေးဘဲ တရုတ်ဘက်က မောင်းမှာဖြစ်တယ်လိုဆိုပါတယ်။

ယခင်က မူဆယ် -ကျင်စန်းကျော့ဂိတ်မှာ တရုတ်ယာဉ်တွေနဲ့ ကုန်ပစ္စည်းလွှပြောင်းရာမှာ အချိုကုန်ပစ္စည်းတွေဟာ တစ်ခေါက်ကို သိန်း ၁၀၀ နီးပါးကုန်ကျခဲ့တာကြောင့် ယခုလိုတိုက်ရိုက်ဝင်ခွင့်ပြုခြင်းအားဖြင့် မြန်မာကုန်သည်တွေဘက်က အကုန်အကျအများကြီးသက်သာသွားမှာဖြစ်တဲ့အပြင် တရုတ်ပစ္စည်းတွေလည်း ဈေးကျတာမျိုးရှိလာနိုင်သလို လျှော့ကျနေတဲ့ မြန်မာ-တရုတ်ကုန်သွယ်မှုလည်း ပြန်တက်လာနိုင်တယ်လို မြန်မာကုန်သည်တွေက ခန့်မှန်းထားကြောင်း သိရပါတယ်။
#mhtnews

(Zawgyi)
“တရုတ်ပြည်ထဲကိုဝင်မယ့် မြန်မာကုန်တင်ယာဉ်တွေကို တရုတ်ယာဉ်တွေနဲ့ အစားထိုးမောင်းနှင်မှုအစီအစဉ် တရုတ်ဘက်ကဖျက်သိမ်းပြီး မြန်မာယာဉ်တွေ တရုတ်နိုင်ငံဘက်သို့ တိုက်ရိုက် ဝင်ရောက်ခွင့်ပေး”

ကိုဗစ်အကြောင်းပြချက်နဲ့ မြန်မာဘက်ကကုန်တွေ တင်လာတဲ့ယာဉ်ကို တရုတ်နိုင်ငံထဲ တိုက်ရိုက်ဝင်ရောက်ခွင့်မပေးဘဲ တရုတ်ယာဉ်၊တရုတ်ယာဉ်မောင်းတွေနဲ့ သယ်ယူစေတဲ့ အစီအစဉ်ကို တရုတ်ဘက်က ရပ်ဆိုင်းလိုက်ပြီး မြန်မာယာဉ်တွေကို မေလ ၁၆ရက်ကစပြီး ဝင်ရောက်ခွင့်ပေးလိုက်တယ်လို့ မြန်မာကုန်သည်တွေထံက သိရပါတယ်။

လက်ရှိမှာတော့ ယာဉ်လဲလှယ်မှုကိုသာ ရပ်ဆိုင်းလိုက်တာဖြစ်ပြီး မြန်မာယာဉ်မောင်းတွေကိုတော့ မောင်းခွင့်မပေးသေးဘဲ တရုတ်ဘက်က မောင်းမှာဖြစ်တယ်လို့ဆိုပါတယ်။

ယခင်က မူဆယ် -ကျင်စန်းကျော့ဂိတ်မှာ တရုတ်ယာဉ်တွေနဲ့ ကုန်ပစ္စည်းလွှဲပြောင်းရာမှာ အချိ့ကုန်ပစ္စည်းတွေဟာ တစ်ခေါက်ကို သိန်း ၁၀၀ နီးပါးကုန်ကျခဲ့တာကြောင့် ယခုလိုတိုက်ရိုက်ဝင်ခွင့်ပြုခြင်းအားဖြင့် မြန်မာကုန်သည်တွေဘက်က အကုန်အကျအများကြီးသက်သာသွားမှာဖြစ်တဲ့အပြင် တရုတ်ပစ္စည်းတွေလည်း ဈေးကျတာမျိးရှိလာနိုင်သလို လျှော့ကျနေတဲ့ မြန်မာ-တရုတ်ကုန်သွယ်မှုလည်း ပြန်တက်လာနိုင်တယ်လို့ မြန်မာကုန်သည်တွေက ခန့်မှန်းထားကြောင်း သိရပါတယ်။
#mhtnews