တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ကျီလင်ပြည်နယ် မြို့တော် ချန်ချွမ်းမြို့ရှိ ဆေးရုံတစ်ရုံမှ ဧပြီ ၃၀ ရက်တွင် အသက် ၁၀၆ နှစ်အရွယ်ရှိ COVID-19 လူနာ အဖွားအိုတစ်ဦးသည် ရောဂါသက်သာပျောက်ကင်းကာ ဆေးရုံမှ ဆင်းသွားခဲ့ကြောင်း ဒေသတွင်းတာဝန်ရှိသူများက ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းက ဖော်ပြသည်။

Li ဟုအမည်ရသော အဖွားအိုသည် ကျီလင်ပြည်နယ်၌ နောက်ဆုံးရောဂါဖြစ်ပွါးချိန်တွင် ဆေးရုံသို့ တက်ရောက်ခဲ့ရပြီး ၎င်းတွင် COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကာ ဧပြီ ၁၄ ရက်တွင် ကျီလင်တက္ကသိုလ်၏ First Bethune ဆေးရုံသို့ တက်ရောက်ကုသမှု ခံယူခဲ့ရသည်ဟုဆိုသည်။

 ကျယ်ကျယ်ပြန့်ပြန့် စမ်းသပ်စစ်ဆေးပြီးနောက် ဆေးရုံက ၎င်းလူနာထံတွင် ဦးဏှောက်သွေးကြောကျဉ်းခြင်း အပါအဝင် ပြင်းထန်သည့်ရောဂါအခံများ ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပြီး ဧပြီ ၁၃ ရက်မှစတင်ကာ ဆေးရုံသည် မသန်စွမ်းသူများ ၊ သက်ကြီးရွယ်အိုများနှင့် ၎င်းတို့ကိုယ်တိုင် ဂရုစိုက်နိုင်စွမ်းမရှိသော အခြားလူနာများအား ကုသရာတွင် အထူးပြုသည့် ကုသရေးနေရာတစ်နေရာအား သတ်မှတ်ထူထောင်ထားခဲ့သည်။

ယင်းကုသရေးနေရာသည် လူနာ ၁၃၀ ကျော် လက်ခံကုသခဲ့ပြီး ၎င်းတို့အနက် ၂၀ ဦးမှာ ဆေးရုံမှ ဆင်းသွားခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

ယင်းဆေးရုံတွင် COVID-19 လူနာပေါင်း ၂,၀၇၆ ဦး တက်ရောက်ကုသမှု ခံယူခဲ့ပြီး ယင်းလူနာများအနက် ၁,၇၃၇ ဦး မှာ ရောဂါသက်သာပျောက်ကင်းကာ ဆေးရုံမှဆင်းသွားခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

#mhtnews

(Zawgyi)

“တ႐ုတ္နိုင္ငံ က်ီလင္ျပည္နယ္၌ အသက္ ၁၀၆ ႏွစ္အ႐ြယ္ COVID-19 လူနာ အဖြားအို ေရာဂါသက္သာေပ်ာက္ကင္း၍ ေဆး႐ုံမွ ဆင္းခြင့္ရ”

တ႐ုတ္နိုင္ငံ အေရွ႕ေျမာက္ပိုင္း က်ီလင္ျပည္နယ္ ၿမိဳ႕ေတာ္ ခ်န္ခြၽမ္းၿမိဳ႕ရွိ ေဆး႐ုံတစ္႐ုံမွ ဧၿပီ ၃၀ ရက္တြင္ အသက္ ၁၀၆ ႏွစ္အ႐ြယ္ရွိ COVID-19 လူနာ အဖြားအိုတစ္ဦးသည္ ေရာဂါသက္သာေပ်ာက္ကင္းကာ ေဆး႐ုံမွ ဆင္းသြားခဲ့ေၾကာင္း ေဒသတြင္းတာဝန္ရွိသူမ်ားက ေျပာၾကားခဲ့သည္ဟု ဆင္ဟြာသတင္းက ေဖာ္ျပသည္။

Li ဟုအမည္ရေသာ အဖြားအိုသည္ က်ီလင္ျပည္နယ္၌ ေနာက္ဆုံးေရာဂါျဖစ္ပြါးခ်ိန္တြင္ ေဆး႐ုံသို႔ တက္ေရာက္ခဲ့ရၿပီး ၎တြင္ COVID-19 ေရာဂါပိုး စစ္ေဆးေတြ႕ရွိခဲ့ကာ ဧၿပီ ၁၄ ရက္တြင္ က်ီလင္တကၠသိုလ္၏ First Bethune ေဆး႐ုံသို႔ တက္ေရာက္ကုသမႈ ခံယူခဲ့ရသည္ဟုဆိုသည္။

 က်ယ္က်ယ္ျပန႔္ျပန႔္ စမ္းသပ္စစ္ေဆးၿပီးေနာက္ ေဆး႐ုံက ၎လူနာထံတြင္ ဦးေဏွာက္ေသြးေၾကာက်ဥ္းျခင္း အပါအဝင္ ျပင္းထန္သည့္ေရာဂါအခံမ်ား ရွိေၾကာင္း စစ္ေဆးေတြ႕ရွိခဲ့ရၿပီး ဧၿပီ ၁၃ ရက္မွစတင္ကာ ေဆး႐ုံသည္ မသန္စြမ္းသူမ်ား ၊ သက္ႀကီး႐ြယ္အိုမ်ားႏွင့္ ၎တို႔ကိုယ္တိုင္ ဂ႐ုစိုက္နိုင္စြမ္းမရွိေသာ အျခားလူနာမ်ားအား ကုသရာတြင္ အထူးျပဳသည့္ ကုသေရးေနရာတစ္ေနရာအား သတ္မွတ္ထူေထာင္ထားခဲ့သည္။

ယင္းကုသေရးေနရာသည္ လူနာ ၁၃၀ ေက်ာ္ လက္ခံကုသခဲ့ၿပီး ၎တို႔အနက္ ၂၀ ဦးမွာ ေဆး႐ုံမွ ဆင္းသြားခဲ့ၿပီ ျဖစ္ေၾကာင္း သိရသည္။

ယင္းေဆး႐ုံတြင္ COVID-19 လူနာေပါင္း ၂,၀၇၆ ဦး တက္ေရာက္ကုသမႈ ခံယူခဲ့ၿပီး ယင္းလူနာမ်ားအနက္ ၁,၇၃၇ ဦး မွာ ေရာဂါသက္သာေပ်ာက္ကင္းကာ ေဆး႐ုံမွဆင္းသြားခဲ့ၿပီ ျဖစ္ေၾကာင္း သိရသည္။

#mhtnews