တရုတ်နိုင်ငံအတွင်း အကျဉ်းထောင်များ၌ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံနေရသူ မြန်မာနိုင်ငံသား ၁၇၀ ကို မြန်မာနိုင်ငံသို့ ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ တရုတ်အစိုးရက လွှဲပြောင်း ပြည်နှင်ခဲ့သည်ဟု GMG သတင်းက ဖော်ပြခဲ့သည်။

အဆိုပါ မြန်မာနိုင်ငံသားများကို ယမန်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့၊ တရုတ်- မြန်မာ နှစ်နိုင်ငံ ပြည်ဝင် ပြည်ထွက် စစ်ဆေးရေး ကိတ် နန်းတော်ဂိတ်သို့ လွှဲပြောင်းပြည်နှင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့လွှဲပြောင်းလာရာတွင် ယခင် နှစ်နိုင်ငံ နယ်ခြားကော်မတီ အစည်းအဝေးများ သဘောတူညီချက်၊နှစ်နိုင်ငံ နယ်ခြားသဘောတူစာချုပ်များကို အလေးမထားဘဲ မြန်မာ ဘက်ကို ကြိုတင်အကြောင်းကြား ညှိနှိုင်းခြင်းမရှိဘဲ လွှဲပြောင်းလာခြင်းဖြစ်ကြောင်း မြန်မာရွှေ့ပြောင်းလုပ်သားများ မိမိဆန္ဒအလျောက် ပြန်ဝင်လာသူများနင့် ပြစ်ဒဏ်ကျ မြန်မာနိုင်ငံသားများကိုကြိုဆိုရေးအကူအညီပေးအပ်နေသော မူဆယ်ခရိုင် သဘာဝဘေး အန္တရာယ် နှင့် COVID-19 ရောဂါ ကာကွယ် ကုသ ထိန်း ချုပ်ရေးကော်မတီဝင် ဦးမန်းမျိုးမြင့်က ပြောကြားထားသည်ဟုဆိုသည်။

ယခုလွှဲပြောင်းလာသူများမှာ တရုတ်နိုင်ငံ အကျဉ်းထောင်အသီးသီး၌ နှစ်နှစ်မှစ၍ ခြောက်လကျော်ကြာထိန်းသိမ်းခံရသူ အမျိုးသား ၁၁၆ ဦး အမျိုးသမီး ၅၄ စုစုပေါင်း ၁၇၀ ဖြစ်ကြောင်းသိရပြီး ၎င်းတို့အထဲမှ အချို့မှာ ဖမ်းဆီးခံရစဉ်က ပါရှိသွားသော ရွှေဆွဲကြိုး လက်စွပ်ငွေနှင့် မြန် မာနိုင်ငံသား မှတ်ပုံတင်ကတ်များ ပြန်လည် ပေးအပ်ခံရခြင်းမရှိကြောင်း အကျဉ်းထောင်မှ ပြန်လည်လွှဲပြောင်းခံရသူများက ပြောဆိုကြောင်း သိရသည်။

#mhtnews

(Zawgyi)

“တ႐ုတ္နိုင္ငံအတြင္း အက်ဥ္းေထာင္မ်ား၌ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ျပစ္ဒဏ္က်ခံေနရသူ ျမန္မာနိုင္ငံသား ၁၇၀ ကို ျမန္မာနိုင္ငံသို႔ ႀကိဳတင္အေၾကာင္းၾကားျခင္းမရွိဘဲ တ႐ုတ္အစိုးရက လႊဲေျပာင္း ျပည္ႏွင္ခဲ့ဟုဆို”

တ႐ုတ္နိုင္ငံအတြင္း အက်ဥ္းေထာင္မ်ား၌ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ျပစ္ဒဏ္က်ခံေနရသူ ျမန္မာနိုင္ငံသား ၁၇၀ ကို ျမန္မာနိုင္ငံသို႔ ႀကိဳတင္အေၾကာင္းၾကားျခင္းမရွိဘဲ တ႐ုတ္အစိုးရက လႊဲေျပာင္း ျပည္ႏွင္ခဲ့သည္ဟု GMG သတင္းက ေဖာ္ျပခဲ့သည္။

အဆိုပါ ျမန္မာနိုင္ငံသားမ်ားကို ယမန္ေန႕ နံနက္ပိုင္းက ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ မူဆယ္ၿမိဳ႕၊ တ႐ုတ္- ျမန္မာ ႏွစ္နိုင္ငံ ျပည္ဝင္ ျပည္ထြက္ စစ္ေဆးေရး ကိတ္ နန္းေတာ္ဂိတ္သို႔ လႊဲေျပာင္းျပည္ႏွင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ထိုသို႔လႊဲေျပာင္းလာရာတြင္ ယခင္ ႏွစ္နိုင္ငံ နယ္ျခားေကာ္မတီ အစည္းအေဝးမ်ား သေဘာတူညီခ်က္၊ႏွစ္နိုင္ငံ နယ္ျခားသေဘာတူစာခ်ဳပ္မ်ားကို အေလးမထားဘဲ ျမန္မာ ဘက္ကို ႀကိဳတင္အေၾကာင္းၾကား ညွိႏွိုင္းျခင္းမရွိဘဲ လႊဲေျပာင္းလာျခင္းျဖစ္ေၾကာင္း ျမန္မာေ႐ႊ႕ေျပာင္းလုပ္သားမ်ား မိမိဆႏၵအေလ်ာက္ ျပန္ဝင္လာသူမ်ားနင့္ ျပစ္ဒဏ္က် ျမန္မာနိုင္ငံသားမ်ားကိုႀကိဳဆိုေရးအကူအညီေပးအပ္ေနေသာ မူဆယ္ခရိုင္ သဘာဝေဘး အႏၱရာယ္ ႏွင့္ COVID-19 ေရာဂါ ကာကြယ္ ကုသ ထိန္း ခ်ဳပ္ေရးေကာ္မတီဝင္ ဦးမန္းမ်ိဳးျမင့္က ေျပာၾကားထားသည္ဟုဆိုသည္။

ယခုလႊဲေျပာင္းလာသူမ်ားမွာ တ႐ုတ္နိုင္ငံ အက်ဥ္းေထာင္အသီးသီး၌ ႏွစ္ႏွစ္မွစ၍ ေျခာက္လေက်ာ္ၾကာထိန္းသိမ္းခံရသူ အမ်ိဳးသား ၁၁၆ ဦး အမ်ိဳးသမီး ၅၄ စုစုေပါင္း ၁၇၀ ျဖစ္ေၾကာင္းသိရၿပီး ၎တို႔အထဲမွ အခ်ိဳ႕မွာ ဖမ္းဆီးခံရစဥ္က ပါရွိသြားေသာ ေ႐ႊဆြဲႀကိဳး လက္စြပ္ေငြႏွင့္ ျမန္ မာနိုင္ငံသား မွတ္ပုံတင္ကတ္မ်ား ျပန္လည္ ေပးအပ္ခံရျခင္းမရွိေၾကာင္း အက်ဥ္းေထာင္မွ ျပန္လည္လႊဲေျပာင္းခံရသူမ်ားက ေျပာဆိုေၾကာင္း သိရသည္။

#mhtnews